ဆို - ကြည်ကြည်ဝင်း
မိုးဦးကျ ဝသန်ခါမှီ ရောက်ပြီဆိုမှဖြင့် လယ်တောဆင်းကြသည်
တသင်းအဖေါ်များနဲ့သည် တေးတကြော်ကြော် ကျူးကာသီ သံပြိုင်ဆိုညီ ကောက်စိုက်ဆင်းကြပြီ
ရှစ်ခွင်တိုင်းဆီ မှိုင်းမှုန်လို့ရည် မိုးတွေတဖွဲဖွဲ စီးကျခဲ့ပြီ
ပျိုလေးမေဖေါ်တသင်းတို့ ချမ်းအေားလှပေါ့အတည်
စိုရွှဲလို့ တနေကုန်သာပင် ကောက်စိုက်ပါရသည်
ညိုနွဲ့တို့ ပြန်ချိန်တန် အရောက်လိုက်လာခဲ့မည်
ကြိုထားတဲ့ရက်နဲ့ ဘာကြောင့်သူမလာသည်
စိတ်ဘဝင်မအေးပြီ သူတော့သာ အိမ်ပြန်ရောက်မှ အတိုးချ ချစ်ပြမည်။
"မတစ်" သော လယ်တောသူ။ ပုံပို့ပေးသူ ကျေးဇူး။
ခုခေတ် စာအုပ်တိုက်တွေ အယ်ဒီတာတွေက -
တသင်းအဖေါ်များလို့ရေးသော် ထုတ်ဝေခွင့်မပြု။
တေးတကြော်ကြော်လို့ရေးသော် ထုတ်ဝေခွင့်မပြု။
မိုးတွေတဖွဲဖွဲလို့ရေးသော် ထုတ်ဝေခွင့်မပြု။
ပျိုလေးမေဖေါ်တသင်းလို့ရေးသော် ထုတ်ဝေခွင့်မပြု။
တနေကုန်သာပင်လို့ရေးသော် ထုတ်ဝေခွင့်မပြု။
ခုခေတ် မြန်မာစာအာဏာပိုင်တွေအဆိုအရ အထက်ကစာတွေအပြင်အဖေါ် လို့ရေးတာကိုလည်း ဖော် မဟုတ်လို့ မှားတယ်ပြောကြမယ်။
မြန်မာစာအတွက် စိတ်ဘဝင်မအေးပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment