Skip to main content

ဘောလယ်

ဘောလယ်ဟူသောသီချင်းနှင့်ပတ်သက်၍ ပညာရှင်တို့ အယူအဆအမျိုးမျိုး ရှိနေကြပါသည်။

(၁) မိမိ၏အဖြစ်အပျက်အခြေအနေတို့ကို ရေရေလည်လည်ဖော်ပြသဖြင့် "ဘောလယ်"။

(၂) ဘောလယ်မြို့စားမင်းသမီးရေး၍ "ဘောလယ်"။

(၃) ကနောင်မင်းသား၏သဘောထား လှိုင်ထိပ်ခေါင်တင်အပေါ် ပြန်၍လည်လာစေသောကြောင့် "ဘောလယ်"။

(၄) ဘောလယ်မြို့တွင် စတင်၍ လှိုင်မင်းသမီးရေးဖွဲ့သောကြောင့် "ဘောလယ်"။

(၅) ဘဝ၏တက်သက်စုန်ဆန် ပြန်လှန်လှည့်ပတ်မှုကို ဖွဲ့ဆို၍ "ဘောလယ်"။

(၆) တင့်တယ်သောသဘောရှိ၍ "ဘောလယ်"။

ယခု 'ဘောလယ်' ဟူသောဝေါဟာရနှင့်စပ်လျဉ်း၍ ကျွန်တော်၏ထင်မြင်ယူဆချက်ကို တင်ပြပါမည်။ သီချင်းများသည်အများအားဖြင့် တောနယ်ကျေးရွာများတွင် စတင်မြစ်ဖျားခံလေ့ရှိပါသည်။ သို့ဖြစ်ရာ ဘောလယ်ကဗျာသည်လည်း ဘောလယ်တောနယ်မှ သီဆိုပေါ်ပေါက်လာသော တေးသီချင်းမျိုးဖြစ်တန်ရာ၏။

- ရွှေဘိုမြို့မြောက်ဘက်အရပ်တွင် သီဆိုကြသောကြောင့် "မြောက်ဘက်သံလွမ်းချင်း" ဟုခေါ်ကြ၏။

​- မြေလတ်ပိုင်းဖြစ်သောတောင်တွင်းနယ်မှ စတင်သီဆိုပေါ်ပေါက်လာသော သီချင်းကိုမူ "မြေလတ်သံ"ဟုခေါ်ကြ၏။ အလားတူပင် ဒေသကိုစွဲ၍ခေါ်သော "ကောင်းတုံသံ"၊

- "ကျောက်တလုံးသံ" စသည်များသည်လည်း ထင်ရှားရှိနေပေသည်။ ထို့ကြောင့် ဘောလယ်အရပ်မှစတင်သီဆိုကြသော သီချင်းဖြစ်၍ ထိုသီချင်းကို "ဘောလယ်သံ" ဟုခေါ်သည်ဟု ကျွန်တော်ယူဆပါသည်။

ဤဘောလယ်သီချင်းကို လှိုင်ထိပ်ခေါင်တင် စတင်တီထွင်ရေးသားသည်ဟု "မြန်မာစာပေသမိုင်း" နှင့် "ကဝိဘာရတီ" ကျမ်းများတွင်ဆိုသည်။ အမှန်စင်စစ် ဤအယူအဆမှာ မှားယွင်း၍နေပေသည်။ အကြောင်းမူကား ဘောလယ်တေးသွားများသည် လှိုင်ထိပ်ခေါင်တင်ခေတ်မတိုင်မီ ရှေးအထက်ကတည်းကပင် ရှိခဲ့ပေသည်။ ထိုဘောလယ်များ၏စာသားများကိုလည်း နိုင်ငံတော်မူမဟာဂီတ၊ ဒုတိယတွဲ စာမျက်နှာ ၁၅ နှင့် ၁၆ တွင်ဖော်ပြထားပေသည်။ (ဆရာကြီးဦးမြင့်ကြည်၊ မြန်မာတေးဂီတ အနုစာပေသမိုင်း)

ကျောက်တလုံးသံစာလုံးကိုတွေ့လို့ ကူးယူတင်ပြပါတယ်။ စာရိုက်တာကိုသာ ပြင်စရာ တချို့ ပြင်ပါတယ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ