Skip to main content

ဘာစာအုပ်တွေ ဖတ်သလဲ

လစဥ် ဖတ်သင့်ဖတ်ထိုက်တဲ့စာအုပ်အသစ်စာရင်း​လေးများ ညွန်ပြ​ပေးပါအုံး

စာဖတ်တာ ကောင်းတယ်။ အားပေးတယ်။ 

ဒါပေမဲ့ -

လူတွေရဲ့ စိတ်ပါဝင်စားမှု မတူကြပါ။ လူတယောက်တည်းမှာ အသက်အရွယ်အရ စာအုပ်ရွေးချယ်မှု မတူပါ။ အခြေအနေအချိန်အခါအရလည်း စာအုပ်ရွေးကြလေ့ရှိပါတယ်။ အဲဒါကြောင့် စာအုပ်စာရင်းဆိုတာ ဘယ်သူ့လက်ဝါးပြပြ ပေးလေ့ရှိတဲ့ လျက်ဆားလို တမျိုးတည်းနဲ့ မသင့်မှန်ပါ။

နမူနာတခု -

ကျွန်တော် ငယ်စဉ်က စာအုပ် မျိုးစုံဖတ်တယ်။ ဘားမာစတားနဲ့ မောဒန်ကာတွန်းက စတယ်။ ကလေး၊ လူငယ်ဂျာနယ်တွေ ဖတ်တယ်။ အိမ်မှာ အကိုကြီးက စာအုပ်စုဝါသနာပါတော့ စာအုပ်အစုံဖတ်ရတယ်။ ဝတ္ထုတွေနဲ့အတူ လက္ခဏာစာအုပ်လည်းပါသေးတယ်။

ရန်ကုန်မှာရှိတဲ့ သံရုံးပေါင်းစုံက စာအုပ်တွေ မှာဖတ်တယ်။ တံဆိပ်ခေါင်း ၁၅ ပြားကုန်ရင်မှာလို့ရတယ်။ လက်ဝဲလက်ယာခေတ်က။ အဖြူအနီမရွေးပါ။ 

နောက်တော့ ဘာသာပြန်စာအုပ်တွေ၊ စုံထောက်ဝတ္ထုတွေနဲ့ ချစ်ကြိုက်ကွဲညားတွေ များတယ်။ ဥစ္စာစောင့်တို့ သူရဲတို့လည်း နည်းနည်း ဖတ်သေးတာ။ ကဗျာ အဖတ်နည်းခဲ့တယ်။

ဆေးကျောင်းရောက်တော့ အရွယ်အရ စာအုပ်ရွေးဖတ်လာပြီ။ ပြန်စဉ်းစားပြီး ချရေးရင် ရပေမဲ့ စာရှည်သွားမယ်။

အခု - 

အိပ်ရာဘေး ခေါင်းရင်းမှာ ဘာသာရေးစာအုပ် တမျိုးတမျိုးတော့ ရှိတယ်။ ကွန်ပြူတာစားပွဲ ဘေးပတ်လည်မှာ စာအုပ်တွေ မျိုးစုံတယ်။ မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာ။ အကိုးအကားအတွက် ထားပါတယ်။ အဘိဓာန်တွေနဲ့ သတ်ပုံကျမ်းတွေက ထိုင်နေတဲ့ နေရာနဲ့ လက်တကမ်းမှာ။

ဘာစာအုပ်တွေ ဖတ်သလဲ။ ကျွန်တော်ကတော့ သတ်ပုံမှန်တဲ့စာအုပ်တွေကိုသာ ဖတ်ပါတယ်။

လူကြီးမင်းတို့လည်း ကိုယ်တိုင်သာ ရွေးဖတ်ပါလေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ