Skip to main content

ယင်အန်း ပညာရေး (လွတ်မြောက်နယ်မြေပညာရေး)

တခြားသူ တင်ထားတာ။ သတ်ပုံတွေ လိုတာ ပြင်လိုက်တယ်။ မှန်အောင်ပြင်တာကို မကြိုက်ရင် ဖျက်ပေးမယ်။

ယင်အန်း ဟာ တရုတ်ကွန်မြူနစ်ပါတီ ရဲ့ ခရီးရှည်ချီတက်ပွဲ နောက်ဆုံးပန်းတိုင်မြို့ဖြစ်ပါတယ်။ ယင်အန်း ဟာ တပ်နီတော် အမှတ် (၈)  စစ်ကြောင်း ရဲ့ နောက်ပိုင်း စစ်ဌာနချုပ်လည်းဖြစ်တယ်။ တရုတ်ကွန်မြူနစ်ပါတီ ရဲ့ ဗဟိုဌာနချုပ်လည်း ဖြစ်တယ်။ အရှေ့ဘက် ပင်လယ်ဝါ နယ်စပ်အထိ၊ မြောက်ဘက် မန်ချူးရီးယားအထိ ကျယ်တဲ့ ဂျပန်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ညွှန်ကြားနေတဲ့ ပြောက်ကျားဌာနချုပ်လည်းဖြစ်တယ်။

ဒါတွေတင်မကပါ ယင်အန်းမှာ ကိုယ်ပိုင်အမြင်နဲ့ ရပ်တည်တဲ့ ပညာတတ်ကမ္ဘာလေးလည်းရှိပါသေးတယ်။ တော်လှန်ရေးသမား ဆိုတာ ပညာတတ်ဖို့လိုတယ် ဆိုတာကို ဥက္ကဌမော်စီတုန်း ဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်ပါတီ က မေ့မထားပါဘူး။ ကွန်မြူနစ်ပါတီ မရောက်လာခင် က ယင်အန်းဟာ တရုတ်ပြည် မှာ လူမသိသူမသိ မြို့ပေါက်စလေးသာဖြစ်တယ်။ ကွန်မြူနစ်တွေ ရောက်လာပြီး လွတ်မြောက်နယ်မြေ ယာယီအစိုးရ အ​ခြေချတဲ့အခါ မှာ တရုတ်ပြည်ပညာရေး အတွက် ဗဟိုဌာနတစ်ခုဖြစ်လာခဲ့တယ်။ မြို့ပေါ်က တက္ကသိုလ်ကျောင်းသား တွေဟာ ယင်အန်းက တော်လှန်ရေးတက္ကသိုလ်တွေမှာ ပညာသင်ဖို့ တဖွဲဖွဲ ဝင်ရောက်လာနေကြတယ်။

မော်စီတုန်းရဲ့ ဆရာဖြစ်ခဲ့တဲ့ ချန်ရှားက နော်မန်ကျောင်းဆရာဖြစ်သင်တန်း ကျောင်းအုပ် ဆူတေ့လီ က ပညာရေးစနစ်သစ်အခြေခံမူတွေ ရေးဆွဲခဲ့တယ်။ ဂျပန်ခုခံစစ်မတိုင်ခင်က ယင်အန်း တည်ရှိရာ 

မြောက်ပိုင်းရှန်းစီးပြည်နယ်မှာ စာသင်ကျောင်း ၁၂၀ သာရှိခဲ့တာဖြစ်တယ်။ ဂန္တဝင် ကျမ်းလေးကျမ်းမှအပ ဘာမှမသင်ပေးဘူး။

၁၉၃၉ မှာ ယင်အန်း လွတ်မြောက်နယ်မြေမှာ မူလတန်းကျောင်း ၇၇၃ ကျောင်း၊ စံပြမူလတန်းကျောင်း ၇၈ ကျောင်းရှိလာတယ်။ သက်ကြီးစာသင်သားတွေ အတွက် ညကျောင်း ၂၀၈ ကျောင်း၊ အထက်တန်းကျောင်း လေးကျောင်းနဲ့ ကောလိပ်ကျောင်းသုံးကျောင်း ရှိလာတယ်။ အနုပညာတက္ကသိုလ်တစ်ခု(တခု)၊ စက်မှုလေ့ကျင့်ရေးကျောင်းတစ်ကျောင်း(တကျောင်း) နဲ့ လူငယ် သက်မွေးပညာ လေ့ကျင့်ရေးကျောင်း တစ်ကျောင်း(တကျောင်း) လည်းရှိတယ်။ တပ်နီတော်စစ်တက္ကသိုလ်ကိုတော့ ဂျပန်ခုခံရေးနှင့် နိုင်ငံရေးတက္ကသိုလ်လို့ နာမည်ပြောင်းပြီးဖွင့်လိုက်တယ်။ အဲ့ဒီတက္ကသိုလ်မှာ နှစ်စဉ်ကျောင်းသား နှစ်ထောင် အနည်းဆုံးတက် ကြပြီး ယင်အန်းတစ်ဝိုက်(တဝိုက်) တောင်စောင်းတွေပေါ်က ဂူတွေထဲမှာစာသင်ခန်းတွေဖွင့်ထားပါတယ်။ အမျိုးသမီးတက္ကသိုလ်တစ်ခု(တခု)လည်း ယင်အန်းမှာရှိပါတယ်။

ကိုးကား - 

၁။ မီးလောင်မြေ (မြသန်းတင့်)

၂။ ဒီရေမြင့်သစ် (မြသန်းတင့်)

Myo Tayzar Maung

မနေ့က ကျွန်တော့ဆီကို ပညာရေးအတွက် အကြံတောင်းတယ်။ သူတို့လည်း လွတ်မြောက်နယ်မြေတခုမှာ ပညာရေးအတွက်ကြိုးပမ်းနေကြသတဲ့။ နေရာလည်း ပြောပါတယ်။ နယ်စပ်တွေမှာ မဟုတ်ပါ။ သူတို့လုပ်နေကြတာကိုလည်း ပြောတယ်။ 

ကျွန်တော်က ပညာရေးနယ်ကမဟုတ်လို့ ပေးတဲ့အကြံက အဆင်မပြေလောက်ပါလို့ ဖြေပါတယ်။

အခုစာကို သတ်ပုံပြင်သလို မြန်မာစာ စာလုံးပေါင်းက ဂွကျတယ်။ အမှန်အတိုင်းသင့်ပါလို့ ပြောမဖြစ်သေးတဲ့ကာလ။

ကျန်းမာရေးနဲ့ စီးပွါးရေးတွေ ဘယ်အစိုးရတက်နေနေ လုပ်ကြတာဘဲ။ အခုထိတော့ ညံ့တာနဲ့ ဆိုးတာသာ ကွာတယ်။ တိုင်းပြည်ကို ပညာရေးနဲ့ တည်ဆောက်ရမယ်။ သင်ပုန်းကြီးက စရမှာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ