Skip to main content

‘စစ်ကိုင်းတိုင်း ဖိုရမ်’ လို့ တွေ့ပါတယ်

၂၄ နာရီအတွင်းမှာ စစ်ကိုင်းတိုင်းထဲက မြောက်ယဉ်စွန်းတန်းကျောက်ပြားမှတ်တိုင်ကစာနဲ့ ကောင်းမှုတော်စာလုံးပေါင်းအကြောင်း တင်ခဲ့သေးတယ်။

၁။ စစ်ကိုင်းက ကိုယ့်တိုင်းဖြစ်လို့ စိတ်ဝင်စားတယ်။

၂။ ‘ဒေသကြီး’ ဆိုတဲ့ လျှာရှည်တာ မပါလို့ သဘောတူတယ်။

ကျွန်တော်က စစ်ကိုင်းတိုင်း၊ အောက်ချင်းတွင်းခရိုင် (ယခင်အခေါ်)၊ ပုလဲမြို့နယ်က ရွာလေးတရွာမှာ မွေးပြီး မုံရွာမှာ နေထိုင်ခဲ့သူဖြစ်တယ်။ ဆရာဝန်အလုပ်ကို မုံရွာ၊ မြို့သာ (အဲဒီတုန်းက စစ်ကိုင်းတိုင်းထဲမှာ)၊ စစ်ကိုင်းနဲ့ ပုလဲဆေးရုံတွေမှာ တာဝန်ကျခဲ့တယ်။ ၁၉၉၀ ကျတော့လည်း ပုလဲကနေ အရွေးခံခဲ့သေးတယ်။

‘ဖိုရမ်’ စာလုံးအပြင်၊ ‘ဖက်ဒရယ်ယူနစ်’ လည်း တွေ့ပါတယ်။ အဲလိုညှိနှိုင်းကြ၊ ဆွေးနွေးကြတာတွေ ကောင်းပါတယ်။ ဒါပေမဲ့ မတူတာတွေရှိတိုင်းတော့ ရန်မဖြစ်ကြနဲ့။ ၂၄ နှစ်တာအတွေ့အကြုံတွေအရ တင်ပြတာ။

နောက်ပြီး ခုကာလက ကျွန်တော်တို့ လုပ်ခဲ့စဉ်ကနဲ့ အတော်ကို မတူပါ။ အရင်ကဆိုရင် ညီလာခံတွေ၊ အစည်းအဝေးတွေမှာ ခမ်းမထဲမှာ ညှိမရသေးတာကို နေ့လယ်စာ၊ ညစာစားချိန်မှာ ရင်းရင်းနှီးနှီး ပြောကြရပါတယ်။ ရတဲ့အခါ ရတယ်။ 

အခုလုပ်နေကြရသူတွေက ‘ဇူးမ်’ ပိတ်ပြီး အ်ိပ်ကြရတော့တယ်။ လူချင်းက တကြိမ်တခါမှ မတွေ့ဘူး မမြင်ဘူးတွေလည်း ပါနေနိုင်တော့ တဦးသဘောတဦး နားလည်ယူရတာ ပိုခက်တယ်။

စိတ်ရှည်ခြင်း၊ အမြင်ကျယ်ခြင်းတွေကို ထားနိုင်တာ၊ ထားနေကြတာထက် ပိုပြီးထားပေးကြစေလိုပါတယ်။ 

ရန်သူက ခြေဝင်ရှုတ်တာကိုလည်း တစက်ကလေးမှ သတိမလွတ်ကြစေချင်ပါ။ 

တခြားတခြား ‘ဖိုရမ်’ တွေကိုပါ ဆိုလိုပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ