Skip to main content

“သူနှင့်ကျွန်တော်”


မ‌မြှော်မလင့်

သူနှင့်ကျွန်တော် ၊ခွဲရသော်လည်း

ကျွန်တော်ထားရာ၊ ချစ်မေတ္တာသည်

ပမာသူ၏ အရိပ်သို့။

သူထားခဲ့ရာ၊ ချစ်မေတ္တာလည်း

ပမာကျွန်တော့် အရိပ်သို့။

သူဖွင့်ပေး၍

မှေးမှေးမှုန်ရီ၊ မျက်လုံးသည်လည်း

ကြည်လင်တောက်ပ၊ မြင်ခဲ့ရပြီ

လောကတခွင်၊ ပတ်ဝန်းကျင်မှ

သစ်ပင်စိမ်းစို၊ တောကို၎င်း။

ကြယ်ပေါင်းပွင့်ရာ၊ အာကာကို၎င်း။

သောင်းပြောင်းပြောကျယ်၊ ပင်လယ်ကို၎င်း။

သူဖွင့်ပေး၍

ရောထွေးမကြည်၊ နားတို့သည်လည်း

ကြည်လင်ပီသ၊ ကြားခဲ့ရပြီ

လောကတခွင်၊ ပတ်ဝန်းကျင်ရှိ

သစ်ပင်မြင့်ထက်၊ ကိုင်းအခက်က

သစ်ရွက်လေလှန်၊ လှုပ်သံကို၎င်း။ 

နွဲ့ပျောင်းဆိုဟန်၊ ရေသံကို၎င်း။

ငြိမ့်ညောင်း ခွန်းဆက်၊ လည်ချင်းရှက်သည့် 

ကျေးငှက်မောင်နှံ၊ မြူးသံကို၎င်း။

သူဖွင့်ပေး၍

လေးတွဲ့ မပီ၊ ကျွန့်နှုတ်သည်လည်း 

ပီပီသသ၊ ပြောဆိုရပြီ 

လောကတခွင်၊ ပတ်ဝန်းကျင်၌ 

ကျင်လည်သွားလာ၊ လူတကာနှင့် 

သူငါကြားလို၊ စကားကို၎င်း။ 

နွဲ့ပျောင်းသံချို၊ တရားကို၎င်း။ 

ငြိမ့်ညောင်းလွှင့်ပျံ၊ တေးသံ၎င်း။ 

သူဖွင့်သွားသည့်

နှုတ် နား မျက်စိ၊ ကျွန့်တွင်ရှိလည်း 

ဖွင့်သည့်နှုတ်ဖြင့်၊ စကားသင့်အောင် 

နိမ့်မြင့်ရပ်ခွင်၊ ပတ်ဝန်းကျင်တွင် 

အဆင်ပြေစွာ၊ပြောနိုင်ပါလည်း

ခွဲခွာသွားသူ၊ ချစ်သောသူနှင့် 

ခွန်းကြူ မပြော နိုင်ပါတကား။

ဖွင့်သည့်နားဖြင့်

နီးပါးရပ်ခွင်၊ ပတ်ဝန်းကျင်မှ

စုံလင်စကား၊ ကျွန်တော်ကြားလည်း

နှုတ်ဖျားချိုသာ၊ သူ့သံဝါကို

ထပ်ကာမကြား နိုင်ပါတကား။

ဖွင့်မျက်လုံးဖြင့်

မဆုံးရပ်ခွင်၊ ပတ်ဝန်းကျင်မှ 

သစ်ပင်ပန်းမာလ်၊တွေ့ရပြန်လည်း 

ပြုံးဟန်ရွှင်ပျ၊ သူ့ အလှကို 

ခဏမမြင် နိုင်ပါတကား။

တက္ကသိုလ်-မင်းမော်

ငွေတာရီမဂ္ဂဇင်း (၁၉၆၃ ဖေဖော်ဝါရီလ)

Listener's Heaven Audiobooks - အသံစာအုပ် 

တက္ကသိုလ် မင်းမော်သည် လောကတခွင်ကို လောကတခွင်လို့သာ မှန်အောင်ရေးပါသည်။


ဒေါက်တာတင့်ဆွေ


နှစ်ဆန်းတရက်


အရှေ့ဘက်ဆီ၊ လင်းရောင်ခြည်လျှင်

နှင်းဆီ ပျိုမ၊ ရှက်ရွံ့လှ၍

ပွင့်ရလိမ့်လား၊ ငုံရံ့လားဟု

ဝေဝါးရစ်နှောင်၊ ဖြစ်သယောင်လျှင်

တိမ်တောင်ပြာညို၊ ပန်းသွေးစိုသည်

လေချိုမြနှင်း တသင်းသင်း။ ။

လင်းအရုဏ်အောက်၊ ရွှေရည်သောက်သည့်

ပိတောက်မယ်လျ၊ ငယ်နုစွလည်း

လောကသဘော၊ စော‌ကြောဝေဖန်

သိလိုဟန်ဖြင့် 

ဝတ်ဆံငုံမှည့်၊ ခေါင်းပြူကြည့်သည်

ခြယ်သည့်ရွှေဆင်း တဝင်းဝင်း။ ။

"ဖူးလော့အရုဏ်၊ အို… အရုဏ်" ဟု

"ထုံလော့ ပိတောက်၊ အို ... ပိတောက်” ဟု

မိုးသောက်လေစ၊ ခွန်း‌ခြွေဟလျက်

မြငှက်ညိုညို၊ ဥဩပျိုလည်း

နွေကိုမြတ်နိုး၊ တေးသစ်ပျိုးသည်

ရိုးပြတ်လယ်ကွင်း မြိုင်အတွင်း။ ။

နှစ်ဆန်းတရက်၊ နွေမနက်တည့်

ခန်းစက်ရာဆီ၊ လေပြေသီ၍

ချိုကြည်ဆေးလေး၊ နွေဦးတေးက

လူလေးထဘိ၊ ထပါဘိဟု

နိုးသည့်ခဏ၊ အိပ်နိုးထ၏

သို့ထမိစဉ်၊ ဘုရားစင်ဝယ်

စိတ်စဉ်ညွှတ်နူး၊ ကြည်ရွှင်မြူးအောင်

ငုံဖူးစို့ညှောက်၊ ရွှေပိတောက်ကို

ကြိုင်လှောက်ထုံဝေ၊ မြင်ရချေသည်

မွေးမေ ပူဇော်ခဲ့ပြီကို...။ ။

မွှေးမေ့ ကောင်းမှု၊ အကျွန်ရှယင်း

ညံ့နု သဒ္ဓါ၊ ဖြူစင်စွာဖြင့်

နှုတ်လွှာဖူးသစ်၊ ဆုခြွေဖြစ်သည်

နှစ်သစ်အခါ၊ မင်္ဂလာဝယ်

သူငါပျော်ရွှင်၊ တာသဘင်၌

ပါဝင်နိုင်ကြ ပါစေသောဝ်။ ။

နှစ်သစ်အခါ၊ မင်္ဂလာဝယ်

သူငါနိုးထ၊ ကြိုးပေကြ၍

မြန်မာ့လူ့ဘောင်၊ တို့လူ့ဘောင်လျှင်

အောင်တိတ်အောင်ဟိတ်၊ အောင်နိမိတ်ဖြင့်

အောင်ရိပ်ဓွန့်ရှည် ပါစေသောဝ်။ ။ (မြင်းမူ မောင်နိုင်မိုး)

ရှေးစာကဗျာများ

မြင်းမူ မောင်နိုင်မိုးသည် နှစ်ဆန်းတရက်ကို နှစ်ဆန်းတရက်လို့သာ မှန်အောင်ရေးပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...