Skip to main content

သက်တမ်း သတ်တမ်း

အိမ်ထောင်သတ်တမ်းကို အိမ်ထောင်သက်တမ်း လို့ရေးရကြောင်း ဖြေလိုက်တယ်။ ထပ်စဉ်းစားရပြန်တယ်။

အိမ်ထောင်သတ်တမ်းလို့ရေးတာကို မှားတယ်လို့ ပြောမရပြန်။ လင်မယားနှစ်ယောက်က မတည့်ကြလို့ နေ့တိုင်းလိုလို သတ်ပုတ်နေကြသလားပါ စဉ်းစားရတယ်။ အဲဒါသာမှန်ရင် (သတ်တမ်း) လည်း မှန်ပြန်ရော။

၁။ ဘယ်လောက်အထိအသပ်ရှင်နိုင်မလဲ အတွေ့အကြုံရှိသူအားမနာတမ်းပြောပေးပါ

အသက်လို့ ရေးရတယ်။

၂။ ဆရာ ပက်သက် ပတ်သတ် ဘယ်ဟာက အမှန်ဖြစ်ပါလည်းခင်ဗျာ

ပတ်သက်လို့ ရေးရတယ်။

၃။ ဆရာ ဘယ်လိုစမ်းသက်မှုမျိူး လုပ်ရပါလည်ဆရာ။

စမ်းသပ်လို့ ရေးရတယ်။

၄။ ဆရာရှင့် တဖက်သတ်လား တဖက်သက်လား ဝေခွဲမရတော့လို့အချိန်ရရင်ဖြေပေးပါ တောင်းဆိုပါတယ်ရှင့်

၅။ ဆရာ ဘယ်လိုစမ်းသက်မှုမျိူး လုပ်ရပါလည်ဆရာ။

၆။ ရောဂါကို ဆရာဝန်ပြသင့်။ သတ်ပုံကိုတော့ ကျွန်တော်ပြင်ပေးပါမယ်။ စမ်းသပ်လို့သာရေးရတယ်။

၇။ သေသပ် ဟုတ်ဘူးလားဆရာ။ အသေသတ်ဆိုရင်တော့ တသတ်ပေါ့ မြန်မာစာတော်တော်ခက်တယ်ဗျာ။

၈။ ဆရာ သပ်ဆိုတဲ့ အသုံးအနုန်း ဘယ်လိုသုံးရတယ်ဆိုတာလေးရေးပေးပါ ဆရာ။

၉။ ကျနော့်အသက် ၄၆ နှစ်ရှိပါပြီ။ ကျနော် ညာဘက်လက်နှင့် စာရေးပါတယ်။ အရင်ကစာရေးရင် အတန်အသင့်လှပြီး သက်သက်ရက်ရက် ရှိပါတယ်။ ၃/၄ နှစ်လောက်ရှိပါပြီ စာရေးရင် ထိမ်းမရဘဲ အောက်ဘက်ကို ဆွဲဆွဲသွာပါတယ်။ အရင်ကရေးသလို သက်သက်ရပ်ရပ်လည်းမရှိ/လှလည်းမလှတော့ပါ။

၁၀။ ဆရာ သတ်တု နဲ့ သတ်ထု အကြောင်းလေး သိချင်ပါတယ်။

သက်

ချစ်တဲ့သက်နှံ၊

ချစ်ဖက်သက်လျာ၊

ခုနှစ်သက္ကရာဇ်၊

ပွတ်သပ်၊

သက္ကတဘာသာ၊

သက္ကလတ်စောင်၊

သက်ကျားအို၊

သက်ကြီးခေါင်းချအချိန်၊

သက်စွန့်ကြိုးပမ်း၊

သက်ဆိုးရှည်၊

သက်ဆိုင်သူ။

သက်တ့ံရောင်၊

သက်တမ်းရှည်၊

သက်ရင်းကြီးပင်၊

သက်ရောက်မှု၊

သက်လုံကောင်း၊

သက်သတ်လွတ်စား၊

သက်သာချောင်ချိရေး၊

သက်သေပြ၊

သက်သောင့်သက်သာ၊

သက်ဦးဆံပိုင်စနစ်။

သပ္ပာယဖြစ်၊

သပ္ပာယ်၊

သပ်

သပ်ရပ်။

သပ်လျှို၊

အသက်၊

သတ်

ကတ်ကတ်သတ်သတ်

ကန့်သတ်ထားသည်

စသတ်

ဆီသတ်

တသတ်

ဓမ္မသတ်

နပန်းသတ်

နယ်ပယ်သတ်မှတ်

ပရိသတ်

ပသတ်

မြင်းဇက်သတ်

မီးသတ်

ရက်သတ်မှတ်လိုက်ပြီ

လက်စသတ်

လက်ဝှေ့သတ်

သံသတ်ပင်

သတ္တဌာန

သတ္တဗေဒ

သတ္တဗေဒ

သတ္တဘာဂနတ်

သတ္တဘာဂနတ်

သတ္တမ

သတ္တရည်

သတ္တရဘန်

သတ္တရဘန်

သတ္တဝါ

သတ္တဝါ

သတ္တိ

သတ္တု = (တ) = ရွှေ၊ ငွေ၊ သံ၊ ခဲ ကဲ့သို့သော ဒြပ်စင်။

သတ္တုကျ = (တ) = အပြစ်တာဝန် စုပုံရောက်ရှိ။

သတ္တုချ

သတ္တုချ = (တ) = ဝေဖန်ဆန်းစစ်သည်။

သတ္တုတွင်း

သတ္တုဓာတ်

သတ္ထန္တရကပ်

သတ်ညွှန်း

သတ်ညွှန်းကျမ်း

သတ်နင်း = (သတ္ထု + မဒ္ဒန) = (ထ) = ရန်ကိုနှိမ်နင်းနိုင်သောမင်း

သတ်နင်း = သစ်နင်း = သနင်း

သတ်နင်း = သတ္ထုမဒ္ဒန = ရန်ကိုနှိမ်နင်းနိုင်သောမင်း

သတ်ပုံကျမ်း

သတ်ပုံသတ်ညွှန်းကျမ်း

သတ်ပုတ်

သတ်ပုတ်ညှင်းပန်း

သတ်ပုတ်နေကြသည်

သတ်ဖြတ်

သတ်မှတ်ထားသည့်နေရာ

သတ်မှတ်ရက်

သတ်သတ်နေ

သတ်သတ်ဖယ်ထား

သူ့ချည်းသတ်သတ်

သူများကို သတ္တုမချပါနှင့်

သေသတ်

သေအောင်သတ်

အဇာတသတ်

အနံ့သတ်

အရှိန်သတ်

အသညသတ်

အသေသတ်

ဒေါက်တာတင့်ဆွေ

Comments