Skip to main content

June 1 Global Day of Parents ဇွန်လ ၁ရက် ကမ္ဘာလုံးဆိုင်ရာ မိဘများ​နေ့

အသိပေးသူ ကျေးဇူး။

(၁)

ဆရာရှင့် စာရေးသူက အမှန်ရေးပေမဲ့ ပုံနှိပ်တိုက်က မှားတာမျိုးလည်း ရှိတတ်ပါတယ် ကိုယ်တွေ့မို့ပါ အမေနေ့ အမေအထူးထုတ်စာအုပ်မှာ ကျွန်မက "မိဘ" လို့ ရေးတာကို စာအုပ်ထွက်လာတော့ "လောဘ"တဲ့ စိတ်ဆင်းရဲလိုက်ပုံများ ပြောစရာမရှိဘူး အယ်ဒီတာချုပ်က သတ်ပုံကို အလွန် အလေးထားတဲ့ ဆရာကြီးပါ ပုံနှိပ်ရာ မှားယွင်းမှုလို့ ယူဆရပါတယ် အမှားပြင်ဆင်ချက် ထည့်ရအောင်ကလည်း စာအုပ်က ထွက်လာပြီ စ နဲ့ ဆကိုလည်း မှားပြင်ထားသေးတယ် အယ်ဒီတာတည်းဖြတ်ထားတဲ့စာမူကို ပုံနှိပ်သူက ပြင်ခွင့် ရှိ မရှိတော့မသိ ဆရာကြီးရော စာရေးသူကျွန်မပါ စိတ်ဆင်းရဲခဲ့တာတော့ အမှန်ပါရှင်။

ခုခေတ် စာအုပ်ထုတ်ဝေနည်းတွေကို သိပ်မသိပါ။ စာအုပ်တိုက်တွေကလည်း မတူကြဘူးထင်တယ်။ ကျွန်တော်စာအုပ်လေး ၃ အုပ် ထုတ်စဉ်က စာအုပ်တိုက်တခုကတော့ စာစီထားပြီးသားကို ပို့ပေးပြီး ဖတ်ခိုင်းသေးတယ်။ နောက်အခက်တမျိုးက ပေ့ချ်မိတ်ကာကိုသာ သုံးတတ်တဲ့တိုက်ဆိုရင် ကျွန်တော်နဲ့ ခက်တယ်။ ကျွန်တော်က ဝဒ် ကိုသာသုံးတယ်။ ၁၀ နှစ်ကျော်လောက်ကတော့ လာက်ကတော့ ပီအမ်-ဖိုး ခဲ့ဘူးပါတယ်။

ခဲစာလုံးခေတ်က အဆင့်ဆင့်လုပ်ကြရတယ်။ ပရုဖတ်၊ စာတည်း၊ အယ်ဒီတာ၊ အယ်ဒီတာချုပ်။ အဲဒါလည်း အမှားမကင်း။ စွယ်စုံကျမ်းမှာတောင် အမှားပြင်ဆင်ချက် ထည့်ကြရသေးတယ်။

ခုခေတ်က အမှားကို အမှားမှန်း မသိသူတွေကများတယ်။ မှန်နေခဲ့တဲ့စာတွေကို မှားအောင်ပြင်ထုတ်တာက နိုင်ငံတော်မူ။ ဝယ်ကြတော့ အဲဒီနည်းကခိုင်မာလာတယ်။ 

စာလုံးပေါင်းသတ်ပုံမှန်ကို မှားအောင်ပြင်နည်းကို လေ့ကျင့် သင်ကြား နမူနာပြနေတာ ဆယ်စုနှစ် ၂-၃ ခုကြာပြီ။ ခိုင်မာပြီး အမြစ်စွဲလှပြီ။ ဆရာတော်ကြီးတွေ၊ ပညာရှင်တွေ၊ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ လက်ရေးမူတွေတင်ပြတော့ တချို့တလေက ရှေးလူကြီးတွေက နမော်မဲ့နမာမဲ့တဲ့။ 

နောက်ပေါက်နဲ့ လက်ဟောင်းခေတ်ရေး စာရေးဆရာတွေ တကယ့်ကိုအများစုကြီးက အဲလည်းစနစ်အမှားကို အားပေးအားမြှောက် ထောက်ကူနေကြသူတွေဖြစ်တယ်။ အဲလိုမှသာ စာအုပ်ရောင်းရတယ်လို့ ထင်နေကြသူတွေ။ ကျွန်တော်ထောက်ပြ တင်ပြနေတာတွေကို စိတ်ထဲကနေ ကက်ကက်လန်ရန်တွေ့ချင်သူတွေ။ 

လွှတ်တော် ၂ ဆက်မှာပြုတဲ့ ဥပဒေသစ်တွေအားလုံးက ပေါ်လစီသတ်ပုံတွေနဲ့။ ၂၀၀၈ ဖွဲ့စည်းပုံကလည်း တဝမ်းပူစသတ်နဲ့ မနှစ်လုံးဆင့်သတ်ပုံတွေနဲ့။

မိဘ နဲ့ လောဘ အတူတူလို့ ထင်သူတွေများများလာနေတယ်။ 

အဲဒီမိဘဆိုတာ မြန်မာစာ မိခင်နဲ့ ဖခင်တွေ။ မြန်မာစာအာဏာပိုင်တွေပေါ့။ သမနိရှည်လှကြပြီ။

(၂) မင်္ဂလာမောင်မယ်

မိဘ ဝတ္တရား ချီးမြှင့်အပ်သော အရွယ်ပေ

လျောက်ပတ်တင့်တယ်ရွေးချယ်၊ မျိုးနွယ်တူဆွေ

သုဘဒြအခါ၊ မင်္ဂလာရက်မြတ်ပေ၊ စုလျားရစ်ခွေ၊ ဇောတိရသပတ္တမြားနိတုံရွှေ

မင်္ဂလာစုပေါင်းကျက်သရေ၊ ရှိကြောင်းဆုခြွေ

လိုရာအဖြာဖြာ အောင်ပါစေ၊ မောင်မယ်တွေ

မြို့မတေးငြိမ့်ညှင်းနွဲ့၊ ဝမ်းမြောက်တဲ့ အောင်သံပေ

အေးမြမြ သာပေါ့သာပေါ့ဆွေ။

(၃) မိဘကျင့်ဝတ် ငါးပါး

မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။ 

(၄) ယောက်မ

အမေကတော့ သဘောတော့တူပါတယ်ရှင်

ဒါပေမဲ့လည်း သူငယ်နှပ်စားလေးထင်

မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးမောင်ရယ်

တကယ်ပင်မဖယ်ချင်ယုံပါရှင်

သီးချိန်ပွင့်ချိန်မောင်ကပြောတော့

မိဘသဘောတူတာ မတူတာနဲ့စာရင်

ပေါင်းဖို့ရာထင်သလောက် မလွယ်ပေဘူးရှင်။

ကလေးတွေက ခွင့်လွှတ်နိုင်ကြတဲ့ မိဘတွေဖြစ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments