Skip to main content

June 1 Global Day of Parents ဇွန်လ ၁ရက် ကမ္ဘာလုံးဆိုင်ရာ မိဘများ​နေ့

အသိပေးသူ ကျေးဇူး။

(၁)

ဆရာရှင့် စာရေးသူက အမှန်ရေးပေမဲ့ ပုံနှိပ်တိုက်က မှားတာမျိုးလည်း ရှိတတ်ပါတယ် ကိုယ်တွေ့မို့ပါ အမေနေ့ အမေအထူးထုတ်စာအုပ်မှာ ကျွန်မက "မိဘ" လို့ ရေးတာကို စာအုပ်ထွက်လာတော့ "လောဘ"တဲ့ စိတ်ဆင်းရဲလိုက်ပုံများ ပြောစရာမရှိဘူး အယ်ဒီတာချုပ်က သတ်ပုံကို အလွန် အလေးထားတဲ့ ဆရာကြီးပါ ပုံနှိပ်ရာ မှားယွင်းမှုလို့ ယူဆရပါတယ် အမှားပြင်ဆင်ချက် ထည့်ရအောင်ကလည်း စာအုပ်က ထွက်လာပြီ စ နဲ့ ဆကိုလည်း မှားပြင်ထားသေးတယ် အယ်ဒီတာတည်းဖြတ်ထားတဲ့စာမူကို ပုံနှိပ်သူက ပြင်ခွင့် ရှိ မရှိတော့မသိ ဆရာကြီးရော စာရေးသူကျွန်မပါ စိတ်ဆင်းရဲခဲ့တာတော့ အမှန်ပါရှင်။

ခုခေတ် စာအုပ်ထုတ်ဝေနည်းတွေကို သိပ်မသိပါ။ စာအုပ်တိုက်တွေကလည်း မတူကြဘူးထင်တယ်။ ကျွန်တော်စာအုပ်လေး ၃ အုပ် ထုတ်စဉ်က စာအုပ်တိုက်တခုကတော့ စာစီထားပြီးသားကို ပို့ပေးပြီး ဖတ်ခိုင်းသေးတယ်။ နောက်အခက်တမျိုးက ပေ့ချ်မိတ်ကာကိုသာ သုံးတတ်တဲ့တိုက်ဆိုရင် ကျွန်တော်နဲ့ ခက်တယ်။ ကျွန်တော်က ဝဒ် ကိုသာသုံးတယ်။ ၁၀ နှစ်ကျော်လောက်ကတော့ လာက်ကတော့ ပီအမ်-ဖိုး ခဲ့ဘူးပါတယ်။

ခဲစာလုံးခေတ်က အဆင့်ဆင့်လုပ်ကြရတယ်။ ပရုဖတ်၊ စာတည်း၊ အယ်ဒီတာ၊ အယ်ဒီတာချုပ်။ အဲဒါလည်း အမှားမကင်း။ စွယ်စုံကျမ်းမှာတောင် အမှားပြင်ဆင်ချက် ထည့်ကြရသေးတယ်။

ခုခေတ်က အမှားကို အမှားမှန်း မသိသူတွေကများတယ်။ မှန်နေခဲ့တဲ့စာတွေကို မှားအောင်ပြင်ထုတ်တာက နိုင်ငံတော်မူ။ ဝယ်ကြတော့ အဲဒီနည်းကခိုင်မာလာတယ်။ 

စာလုံးပေါင်းသတ်ပုံမှန်ကို မှားအောင်ပြင်နည်းကို လေ့ကျင့် သင်ကြား နမူနာပြနေတာ ဆယ်စုနှစ် ၂-၃ ခုကြာပြီ။ ခိုင်မာပြီး အမြစ်စွဲလှပြီ။ ဆရာတော်ကြီးတွေ၊ ပညာရှင်တွေ၊ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ လက်ရေးမူတွေတင်ပြတော့ တချို့တလေက ရှေးလူကြီးတွေက နမော်မဲ့နမာမဲ့တဲ့။ 

နောက်ပေါက်နဲ့ လက်ဟောင်းခေတ်ရေး စာရေးဆရာတွေ တကယ့်ကိုအများစုကြီးက အဲလည်းစနစ်အမှားကို အားပေးအားမြှောက် ထောက်ကူနေကြသူတွေဖြစ်တယ်။ အဲလိုမှသာ စာအုပ်ရောင်းရတယ်လို့ ထင်နေကြသူတွေ။ ကျွန်တော်ထောက်ပြ တင်ပြနေတာတွေကို စိတ်ထဲကနေ ကက်ကက်လန်ရန်တွေ့ချင်သူတွေ။ 

လွှတ်တော် ၂ ဆက်မှာပြုတဲ့ ဥပဒေသစ်တွေအားလုံးက ပေါ်လစီသတ်ပုံတွေနဲ့။ ၂၀၀၈ ဖွဲ့စည်းပုံကလည်း တဝမ်းပူစသတ်နဲ့ မနှစ်လုံးဆင့်သတ်ပုံတွေနဲ့။

မိဘ နဲ့ လောဘ အတူတူလို့ ထင်သူတွေများများလာနေတယ်။ 

အဲဒီမိဘဆိုတာ မြန်မာစာ မိခင်နဲ့ ဖခင်တွေ။ မြန်မာစာအာဏာပိုင်တွေပေါ့။ သမနိရှည်လှကြပြီ။

(၂) မင်္ဂလာမောင်မယ်

မိဘ ဝတ္တရား ချီးမြှင့်အပ်သော အရွယ်ပေ

လျောက်ပတ်တင့်တယ်ရွေးချယ်၊ မျိုးနွယ်တူဆွေ

သုဘဒြအခါ၊ မင်္ဂလာရက်မြတ်ပေ၊ စုလျားရစ်ခွေ၊ ဇောတိရသပတ္တမြားနိတုံရွှေ

မင်္ဂလာစုပေါင်းကျက်သရေ၊ ရှိကြောင်းဆုခြွေ

လိုရာအဖြာဖြာ အောင်ပါစေ၊ မောင်မယ်တွေ

မြို့မတေးငြိမ့်ညှင်းနွဲ့၊ ဝမ်းမြောက်တဲ့ အောင်သံပေ

အေးမြမြ သာပေါ့သာပေါ့ဆွေ။

(၃) မိဘကျင့်ဝတ် ငါးပါး

မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။ 

(၄) ယောက်မ

အမေကတော့ သဘောတော့တူပါတယ်ရှင်

ဒါပေမဲ့လည်း သူငယ်နှပ်စားလေးထင်

မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးမောင်ရယ်

တကယ်ပင်မဖယ်ချင်ယုံပါရှင်

သီးချိန်ပွင့်ချိန်မောင်ကပြောတော့

မိဘသဘောတူတာ မတူတာနဲ့စာရင်

ပေါင်းဖို့ရာထင်သလောက် မလွယ်ပေဘူးရှင်။

ကလေးတွေက ခွင့်လွှတ်နိုင်ကြတဲ့ မိဘတွေဖြစ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ