Skip to main content

Tectona ဒဟတ်ပန်း

 
ကွန်မင့်တခု = အဲ့ဒီ ဒဟတ်ပန်းကဗျာက ၁၉၉၃ ၁၉၉၄ ပညာသင်နှစ်က ငါးတန်း မြန်မာစာမှာ သင်ခဲ့ရတယ်
ဒဟတ်ပန်းကဗျာ မူကွဲ ၂ ခုတွေ့ရတယ်။
(၁)
၁၉၆၄-၆၅ ခုနှစ်က ဆယ်တန်း စိတ်ကြိုက်မြန်မာစာ ပြဋ္ဌာန်းစာအုပ်ဖြစ်ပါတယ်။
"ဒဟတ်ပန်း"
(ပုံပါ ပုံနှိပ်မူအတိုင်း ထပ်မံတင်ပြပါတယ်။)
ယဉ်မရိုင်း အင်တိုင်းရယ်တဲ့ ခပ်ဆန်ဆန်၊   ။
လူမရောက်၊ ကူကျောက်ချောင် တောင်ကတုံးမှာ၊
စုရုံးကာ သူတို့ ပေါက်ရှာကြ၊ အညှောက် ကြူ ကြူ မွှေးရှာဘူ့၊ 
အခေါက်ဖြူ ဖြူ ကလေးရယ်နှင့်၊ ကျေးငှက် ပျော်စံ၊   ။   
ဇလပ်ဝါ ခတ္တာ ခပါတဲ့၊ သာတန်ဆောင် ဝါခေါင်လတွင်မှ၊
ပွင့်ဖူးကြ အချိန်မှန်၊ ဝသန္တ လေချိုဖျန်း၊   ။  
ယဉ်မဆုံးနိုင်ဘူ့၊ ပင်လုံးကုန် ခိုင်ညှာတံမတော့၊
နံ့သာကျံ ဝါဖန် နှောပါလို့၊ ယဥ်တမူ မြင်သူမောလောက်ကဲ့၊ 
လောကဓာတ်ခန်းမှာလ၊ ပြောစမှတ် ဆန်းပေရဲ့
တောဒဟတ်ပန်း။   ။
- မြင်တစ်မူ မဟုတ်ပါ။
- ဂူကျောက် မဟုတ်ပါ။
- ဝဿန္တ မဟုတ်ပါ။
- ဘု မဟုတ်ပါ။
(၂)
စုံနံ့သာမြိုင် (ဇေယျ)
ဒဟတ်ပန်း 
ယဉ်မရိုင်း၊ အင်တိုင်းငယ်တဲ့ (ရယ်တဲ့) ခပ်ဆံဆံ (ခပ်ဆန်ဆန်)။   ။ လူမရောက်၊ ကူ(ဂူ)ကျောက်ချောင် တောင်ကတုံးမှာ၊ စုရုံးကာ သူတို့ပေါက်ရှာကြ၊ အညှောက် ကြူကြူမွှေး ရှာဘု၊
အခေါက်ဖြူဖြူလေးရယ်နှင့်ကွယ် (အခေါက်ဖြူဖြူလေးရယ်နှင့်) ကျေးငှက်ပျော်စံ။   ။ ဇလပ်ဝါ - ခတ္တာခပါတဲ့၊
သာတန်ဆောင် (စာတန်ဆောင်) ဝါခေါင်လတွင်မှ၊ ပွင့်ဖူးကြချိန်အမှန်၊ အို - ဝသန္တ (ဝဿန္တ) လေချိုဖျန်း၊
ယဉ်မဆုံးနိုင်ဘု (ယဉ်မဆုံးနိုင်)၊ ပင်လုံးကုန် ခိုင်ညှာတံမတော့၊ နံ့သာကျံ ဝါဖန်နှောပါလို့၊ ယဉ်တမူ မြင်သူ မောလောက်တဲ့၊ လောကဓာတ်ခန်းမှာလှ၊ ပြောစမှတ်ဆန်းပေရဲ့၊ ခင်လေးရယ်-တောဒဟတ်ပန်း။
ကျွန်တော်တို့က အဲလိုစာတွေ၊ စာအုပ်တွေကို သင်ယူ၊ ဖတ်ရှုလာကြတာ။ အခုတော့ မူကွဲတွေ၊ မူလွဲတွေ တွေ့တယ်။ ကျောင်းသုံးစာအုပ်ထဲမှာ လွဲနေတယ်။ စာရေးသူတွေက ယဉ်(တစ်)မူတဲ့။ ယဉ်တမူ၊ ယဉ်တကိုယ်တွေကို မှန်အောင်မရေးတာတွေ အများကြီးတွေ့တယ်။ 
ပဉ္စမတန်း မြန်မာဖတ်စာထဲက ဒဟတ်ပန်းကဗျာမှာ ယဉ်တမူကို ပေါ်လစီသတ်ပုံနဲ့ပြင်ထားတယ်။ ကဗျာကိုပါ ယူနီဖေါင်းဝတ်ပေးထားတယ်။
(၃)
၂၀၁၈ ခုနှစ်က မြန်မာပြည်ကို အလည်ပြန်တယ်။ ညောင်ကန်ကနေ တွင်းတောင်ကိုသွားတော့ အပြန်လမ်းမှာတွေ့တဲ့ အပင်တွေကို ဒဟပ်ပန်းပင်လို့ထင်ပြီး ပို့စ်တင်လိုက်တယ်။ တူတော်မောင်တယောက်က အဲဒါ ဒဟပ်ပင်မဟုတ်ဘူးတဲ့။ အခုတွဲတင်တဲ့ပုံကတော့ လွဲစရာမရှိ။ အပင်တွေ အပွင့်တွေအကြောင်း စာသင်ပေးတဲ့ဆရာတဦးဆီက ယူလိုက်တာ။ ကျေးဇူး။
မြန်မာစာတောကြီးထဲမှာတော့ ဒဟပ်ပင် မှားထင်တာထက်ဆိုးအောင် မူရင်းစာတွေ ကဗျာတွေကို မှားအောင်ပြင်ထားနေကြပြီ။ ကျောင်းစာအုပ်ထဲမှာ ဒဟပ်ပန်းကဗျာကို မှားအောင်ပြင်ပြီး သင်နေကြပြီ။
မှားအောင်ပြင်အဖွဲ့ကြီး ၂ ခုရှိတယ် မြန်မာအဘိဓာန် ခေါ် သတ်ပုံစာအုပ်အဖွဲ့နဲ့ ကျောင်းသုံးစာအုပ်ထုတ်ဝေရေးအဖွဲ။
နောက်ဆိုရင် မြက်ပင်ကို ဒဟပ်ပန်းလို့ အဘိဓာန်နဲ့ ကျောင်းသုံးတွေမှာ ပါလာမလား မပြောတတ်။
ဒဟတ်ပန်း https://dr-tint-swe.blogspot.com/2022/05/blog-post_33.html
မှားအောင်ပြင်တဲ့ အဖွဲ့ကြီး အဓွန့်ရှည်ပါစေ https://dr-tint-swe.blogspot.com/2022/05/blog-post_671.html
ဦးကြော့ဆို သဘာဝအလှဖွဲ့ ကဗျာတချို့ https://dr-tint-swe.blogspot.com/2022/05/blog-post_28.html
မြန်မာ့မျက်ပွင့် https://burmese-spelling.blogspot.com/2023/01/blog-post_852.html
Tectona grandis TEAK TREE - EXOTIC SEEDS
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ

ပြုတ် နှင် ပြုပ်

ဆရာခင်ဗျ ဒုတိယတန်းမြန်မာဖတ်စာမှာ ပြုတ်နဲ့ ပြုပ် ဘယ်ဟာကမှန်ပါသလဲ တရုတ်စံကားပင် နွားတင်းကုပ်နားမှာရှိသည်။ အပွင့်ကိုပြုတ်ပါ။ လက်သုပ် သုပ်စားရအောင်။ အဲ့ဒီမှာ ပြုတ်လို့ရေးထားပါတယ် ပြုပ်မဟုတ်ဘူးလားခင်ဗျ။ ကျေးဇူးပြု၍ရှင်းပြပေးပါခင်ဗျ ပြုတ်က မှန်တယ်။ ပြုတ် ချက်ပြုတ်၊ ပြုတ်ဆန်၊ ပြုတ်တူ၊ ပြုတ်ဖတ်၊ ပြုတ်ပြုတ်ပြုန်း၊ ပြုတ်ရှပ်ရှပ်၊ ပြုတ်လုတဲတဲ၊ ပြုတ်ကြွေ၊ ပြုတ်ကြော်ဟင်း၊ ဖြုတ်၍ပြုတ်၊ အစပြုပ်၊ အပြုတ်တိုက်။ ပြုပ် ပြုပ်ထ၊ ပြုပ်ရှပ်ရှပ် ပြုပ်ဆတ်ဆတ် (မနူးမနပ်) ဖါးပြုပ် အရေတွန့်ရှုပ်၊ ဖါးပြုပ်ကိုယ်နှယ်။ ဝမ်းမှာ ပိုက်ထုပ်၊ ခေါ် ဖါးပြုပ်၊ ရစ်အုပ် ပ ကိုသတ်။ ဒေါက်တာတင့်ဆွေ