Skip to main content

'နေဝင်မြင်သည် ဝရွှေပြည်' ရတု

နတ်တော်ဆန်း၍၊ ထွန်းလျှံရောင်ဝါ

သူရိယာလျှင်၊ အဝါ မမူ၊ အဖြူ အနီ

စုံစီခြယ်လွင်၊ ပြင်ထပ်တင်၍

နေဝင်မြင်သည်၊ ဝရွှေပြည်ကား

ဆည်းရည် ပတ်ချုပ်၊ မှိုင်းအုပ်ပျပျ

ပုညတောင်ဆီ၊ ရီလျက် မလင်း

မဝင်းအုံ့မှိုင်း၊ စစ်ကိုင်းတဖက်

သန်လျှက်ပေါ်ထွန်း၊ ကျွန်းမျာ့း တံခွန်

နန်းဗိမာန်သည်။   ။ လေသွန်ဖြည်းလှည့်လိမ့်တကား။

သုံးထောင်သင်္ချာ၊ ဟေမာဝန္တ

တောရပ်ကသည်၊ ပုညထွတ်တင်

ဘုရားရှင်တောင်၊ ယဉ်မြောင်မဝေး

စိမ့်အေး ညင်းညင်း၊ ဆောင်းသက်နှင်းနှင့်

ပင်းကြသောထွေ၊ ဧသန်လေလည်း

စုံခြေဆိုင်းဆိုင်း၊ စစ်ကိုင်း ဥယျာဉ်

ချိုချဉ် ပင်စုံ၊ ပန်းမျိုးပုံသည်

ပွင့်ထုံကြိုင်မြူး၊ ဖက်ဆွတ်ဦးကို

သုတ်ဖြူး ဆော်သွေး၊ ဖြည်းဖြည်းပြေးလျက်

အေးအေး အလွှံ့၊ နှလုံးပျံ့သည်။   ။ ရနံ့ချည်း

လှည့်လိမ့်တကား။

ကျောက်တိခံ၍၊ မင်းဝံချက်မ

ဒေသမင်္ဂလာ၊ သာသနာ ထွန်းစည်

ပြည်၏တံခွန်၊ နန်းဗိမာန်၌

ဆင်းကြန်နိကာယ်၊ ကြီး ငယ် ရွယ်လတ်

ဆင်မှတ် ထွေပြား၊ ဝတ်စား နတ်နှိုင်း

သင်တိုင်း ရွှေပြောက်၊ စိန်ကျောက်လည်မာ

သူဇာ ယိုးဖွယ်၊ ပျိုရွယ် ရုပ်သွင်

နဖူးပြင်ဝယ်၊ ရည်ရှင်ဇောတ

တပ်ကြငြိရွှန်း၊ မှန် စက်ဝန်းနှင့် 

ရွှေပန်းရွှေဖြီး၊ ညီးရရီးတည့်

မဏိကိုးပါး၊ ဦးကြား ကြယ်ပြောင်

ခရုချောင်နှင့်၊ ရွှေတောင်ထက်တွင်

နတ်သဘင်သို့။   ။ မွမ်းဖြင်ပည်းလှည့်လိမ့်တကား။

ဦးချမ်းမြ။ (၁၉၆၁)။ ကဗျာယဉ် စာယဉ် လက်ရွေးစင်။ မန္တလေး၊ လှခင်အင်ဆန်း စာပုံနှိပ်တိုက်။ စာမျက်နှာ ၃၇-၃၈ မှ ကူးယူဖော်ပြပါသည်။

ရှင်ထွေးနားသိမ်ဟာ မြန်မာသက္ကရာဇ် ၈၂၅ နဲ့ ၈၇၅ ကြား (ခရစ်နှစ် ၁၄၆၃ နဲ့ ၁၅၁၄ ကြား) ပေါ်ခဲ့တဲ့ စာဆိုတစ်ဦး(တဦး)ခန့်မှန်းထားကြပါတယ်။ အင်းဝ ရွှေနန်းကြော့ရှင် ဘုရင် နရပတိလက်ထက် သက္ကရာဇ် ၈၆၃ ခုနှစ်၊ နတ်တော်လထဲမှာ နန်းတွင်းရေးကြောင့် ရှင်ထွေးနားသိမ်တို့ အင်းဝကနေ တောင်ငူကို ပြေးဝင်ခိုလှုံခဲ့ကြရတယ်လို့ မှတ်တမ်းဖော်ပြကြပါတယ်။ ခု ဖော်ပြထားတဲ့ ရတုကို စာဆို အင်းဝကနေ ထွက်လာခဲ့ပြီး တောင်ငူရောက်မှ စပ်ဆိုတယ်လို့ ကောက်ချက်ချကြပါတယ်။ ရှင်ထွေးနားသိမ် ကွယ်လွန်တဲ့အချိန် တောင်ငူ မြို့တည်မင်း မင်းကြီးညို ကိုယ်တော်တိုင် လာရောက် ကြည့်ရှုတော်မူရာမှာ ဒီရတုကို ရှင်ထွေးနားသိမ်ရဲ့ခေါင်းအုံးအောက်ကနေ ရတယ်လို့ မှတ်တမ်းတွေ့ရပါတယ်။ (riend Bookshop)

'ဦးချမ်းမြ'

မန္တလေး တက္ကသိုလ် မြန်မာစာဌာန ကထိက (၁၉၅၁)၊ ၁၉၅၈ တွင် မန္တလေး တက္ကသိုလ် မြန်စာဌာန ပါမောက္ခ ဖြစ်ခဲ့ပြီး ၁၉၇၃ တွင် အငြိမ်းစား ယူခဲ့သည်။ ၉၃ဝ ပြည့်လွန် နှစ်များ ကတည်းက 'မြကေတု' ကလောင် အမည်ဖြင့် ကဗျာ၊ ဆောင်းပါးများ စတင်ရေးခဲ့သည်။ တောင်ငူရာဇဝင် အကျဉ်းချုပ်နှင့် ဘုရားသမိုင်း (၁၉၆၂)၊ ယုဇနမာလာကဗျာများ (၁၉၆၅)၊ နန်းဓလေ့ မှတ်တမ်း (၁၉၆၆)၊ စာပေတန်ဆောင် (၁၉၆၇)၊ အချုပ်တန်း ဆရာဖေ (၁၉၇၇)၊ သီလရှင်ထိပ်သား (၁၉၇၉)၊ နတ်ရှင်နောင် ဘဝနှင့် ပတ်ဝန်းကျင် (၁၉၈၅)၊ တက္ကသိုလ် စာပေတန်ဆောင် (၁၉၉၄)၊ နှောင်းခေတ် တက္ကသိုလ် မှတ်တမ်းများ (၁၉၉၅) စသည် တို့ကို ရေးသားခဲ့သည်။

'ဦးချမ်းမြ' အမည်ရင်းဖြင့် မြန်မာနိုင်ငံ သုတေသနအသင်း အတွက် နတ်ရှင်နောင် ရတုများ (၁၉၄ဝ)၊ ဦးယာ၏ ဆယ့်နှစ် ရာသီ လူးတား (၁၉၄၁)၊ ကဗျာယဉ် စာယဉ် လက်ရွေးစင် (၁၉၅၈ - ၁၉၆၁) စာအုပ်များကို တည်းဖြတ် ပြုစုခဲ့သည်။ ကလောင် အမည်ခွဲ တခုမှာ 'ယုဇန' ဖြစ်၏။ ၁၉၈၁ တွင် နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ရရှိခဲ့သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ