Skip to main content

ပုတ္တောဝါဒပျို့ (ဆားထုံဆရာတော်)

ပုတ္တောဝါဒ ဆုံးမစာကို ဆားထုံဆရာတော် (၉၁၈-၉၇ဝ) ခန့်က ရေးသားပြုစုခဲ့သည်။

• "ပန်း၏ပမာ"၊ ဤလင်္ကာတွင်၊ မာတာပိတ၊ ဆိုဆုံးမသား၊ ထိုစကားကို၊ မှတ်သားကုန်ကြ၊ မိန့်လိုက်ပြအံ့၊ မွေးဘလက်ရုံး၊ မြပန်းကုံးသို့၊ နှလုံးဝမ်းက၊ ချစ်နိုးလှသည်၊ သားလှရွှေတောင်၊ ဘသည်းခေါင်၊ နားထောင်၍သာ၊ စေ့စေ့နာလော့၊ မိရာဘရည်၊ တည်မည်အကြောင်း၊ ကောင်းသားကျင့်ဝတ်၊ စာအတတ်ကို၊ သားမြတ်ယခု၊ တတ်ကြောင်းပြုလော့၊ ဗဟုသုတ၊ မရှိကမူ၊ လျှော့ကျရေတူ၊ လူမဟူရ၊ ရှက်ကြီးရလိမ့်၊ နောင်တဆယ်ကြိမ်၊ ညှိုးပိန်မျက်နှာ၊ ပွဲမှာမဝင်၊ ပြင်မှာမရောက်၊ တောမှာမျောက်သို့၊ ခြေထောက်လက်စုံ၊ ရှိတုံပါလျက်၊ လူပျက်လူနှမ်း၊ လူ့ပေါက်ပန်းနှင့်၊ ဆိုးသွမ်းလူပေါ့၊ ထဲသော့သော့ဟု၊ ကဲ့ရဲ့ပြုလိမ့်။ ။ "ညီပုရှက်မည် ထင်၏တည်း"။

• "ထို့ကြောင့်သားထွေး"၊ ငယ်ထွေးလေးက၊ လူရေးလူရာ၊ ရှိစိမ့်ငှာဟု၊ ကျောင်းမှာမြဲနေ၊ စာပေသင်သင်၊ သို့လျှင်သို့ဖတ်၊ သို့မှတ်သို့ရေး၊ သို့မေးသို့ဖြေ၊ သို့နေသို့ထိုင်၊ သို့ကိုင်သို့ကြွ၊ သို့ကွသို့ကုန်း၊ သို့သုံးသို့စွဲ၊ သို့လဲသို့ထား၊ သို့စားသို့သောက်၊ သို့လျှောက်သို့ဆို၊ သို့ကိုသို့ကျင့်၊ သို့နှင့်သို့လျှိုး၊ သို့ရှိခိုးဟု၊ မြတ်နိုးလှစွာ၊ ညီဆရာက၊ မိန့်သမျှကို၊ ညီလှမင်းရွှေ၊ မမေ့စေနှင့်၊ စေ့ရေမွေးဘ၊ မှာသမျှကို၊ ညီလှရွှေနား၊ ချပ်ခါထား၍။ ။ "သည်းဖျာ့းမှတ်စေ ချင်၏တည်း"။

• "သည်းဖျားမှတ်စိမ့်"၊ တဖန်မိန့်အံ့၊ နှစ်သိမ့်ဝမ်းသာ၊ ညီနားနာလော့၊ လူရွာလျှပ်ပေါ်၊ ရွှင်မြူးပျော်သည်၊ သူတော်မဟုတ်၊ လူယုတ်လူသောင်း၊ လူဗူးတောင်းနှင့်၊ မကောင်းမှုများ၊ နေ့တိုင်းပွားသည်၊ သောက်စားယစ်ဝ၊ လူ့ဗာလက၊ စသည်လူတွင်၊ လူလေဖင်နှင့်၊ ပျော်ရွှင်စကား၊ လူမိုက်များတို့၊ ပေါင်းညားရံခါ၊ နီးယှဉ်လာတည်း၊ ဝေးစွာသားလှ၊ ခွာနိုင်မှတည့်၊ သားလှကိုယ်ကျိုး၊ စုံပြည့်ဖြိုးလိမ့်၊ ကြိုးလေသားလှ၊ မှာသမျှကို၊ မချမြေဝယ်၊ မပယ်နှင့်ကား၊ ဘစကားကို၊ ရွှင်အားရ၍။ ။ "သားလှမှတ်စေ ချင်၏တည်း"။

• "ဤသို့သာယာ"၊ ပျားသကာလည်း၊ ပမာမမျှ၊ ချစ်နှမက၊ မောင်လှကိုသာ၊ လူရေးရာ၌၊ လိမ္မာစေလို၊ တဖန်ဆို၍၊ နားချိုမောင်လှ၊ မွေးဘမျက်စိ၊ မွေးမိမျက်တောင်၊ နှမမောင်၊ မောင်ငယ်ရင်သွေး၊ နာဘိသေးလော့၊ ရှေးသရောအခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးအားလျှင်၊ သားတယောက်ဖြစ်၊ ချစ်၍တစေ၊ အိမ်မှနေ၍၊ စာပေမကျ၊ မိဘစုတေ၊ ခန္ဓာရွေ့သော်၊ အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ၊ မသိပါငြား၊ သူဌေးသားသည်၊ သိုထားမတတ်၊ အရပ်ရပ်၌၊ နှံအပ်ဥစ္စာ၊ ရှိသည်ငှာကို၊ များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်၊ အိမ်ကိုရောင်း၍၊ ထောင်းထောင်းကျေလျက်၊ ခွက်လက်စွဲကာ၊ တောင်းစားပါလည်း၊ နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာသေသည်။ ။ "ကောင်သေလင်းတ ကျ၏တည်း"။

• ဤသို့ဘခင်၊ နတ်ပြေတွင်၌၊ မြဲပင်တာရှည်၊ စံရသည်ကို၊ နားလည်စိမ့်ငှာ၊ ဥပမာဖြင့်၊ နာသာစိမ့်ကြောင်း၊ ဆိုပြစ်ရှောင်းအံ့၊ မကောင်းရောဂါ၊ ဝေဒနာသည်၊ ပြင်းစွာနှိပ်စက်၊ သကိထွက်လုနီး၊ တျားတျားတီးနှင့်၊ သက်ကြီးလှိုက်ဖို၊ ထိုသူကိုလျှင်၊ မိတ်ဝင်ကျွမ်းသူ၊ ဆွေတော်သူက၊ စသည်မျိုးပုံ၊ အားလုံးအုံမှ၊ မကြောက်ကြနှင့်၊ သက်မှရှည်စေ၊ တိုးဝင်စေဟု၊ ဆိုလေတုံငြား၊ ဆေးသမားကို၊ သွား၍ခေါ်မြှောက်၊ အိမ်သို့ရောက်ငြား၊ ဆေးသမားလည်း၊ လက်ဖျားစမ်းသပ်၊ သွေးသံပြတ်ဟု၊ ဆိုလတ်သရော်၊ သို့သော်လွှတ်မြဲ၊ သွေးကိုစွဲ၍၊ လှေကွဲစီးသာ၊ ပြု တို့ပါဟု၊ ညာတကာတို့၊ ဆိုကြမြို့သား၊ သို့သော်ဤဆေး၊ တိုက်ခါပေးလော့၊ လွတ်ရေးမှန်လှ၊ ဧကန္တတည့်၊ ကောင်းစွာနှာနှတ်၊ မျက်စဉ်းခတ်က၊ ချမ်းသာရအံ့၊ မကြောက်လန့်နှင့်၊ တံ့တံ့ဝန္တံ၊ ခံသည်နှင့်သာ၊ ရက်မကြာလျှင်၊ ရောဂါကင်းထ၊ ချမ်းသာရသို့၊ ပုံပြထို့သွင်၊ ငါ့ဘခင်လည်း၊ အာသန္နကံ၊ ပါယ်လေးတန်သို့၊ ပြောင်းပြန်ကျမည်၊ ထင်လေသည်ကို၊ မထေရ်သောဏ၊ သားပုတ္တသည်၊ ဇီဝကလျှင်၊ ကုသောသွင်သို့၊ များဖြင်ကုသိုလ်၊ ဆေးထိုထိုဖြင့်၊ ဉာဏ်တော်ချင့်၍၊ တိုက်လွှင့်သောခါ၊ ခွေးများစွာလည်း၊ မလာဝန့်ကြ၊ ပျောက်ပျက်ပ၍၊ ကောင်းလှအာရုံ၊ ညာဏ်သင့်ကြုံ ၍။။နတ်ဘုံစံစားလေ၏တည်း။

• ဤသို့ပမာ၊ အဖြာဖြာကို၊ ပညာယူငင်၊ လူတို့တွင်လည်း၊ အကြင်သားကို၊ တတ်စေလို၍၊ ပျို ရွယ်ကာလ၊ စာချစိမ့်ငှါ၊ မြတ်ဆရာသို့၊ အပ်ကြမြို့လော့၊ သားတို့ပညာ၊ ရှိသောခါလျှင်၊ ဆရာမက၊ မိနှင့်ဘအား၊ သဂ္ဂနတ်ပြည်၊ တင်ဘူးသည်ကို၊ နားလည်ကြပါ၊ ဒါယကာတို့၊ ထိုသို့မဟုတ်၊ သားတည်းယုတ်မူ၊ ဆုတ်သည်လူလား၊ ပုံမခြားတည့်၊ သားကသုံးယောက်၊ ခုမျက်မှောက်တွင်၊ ရှိသည်ပင်တည့်၊ မိခင်နှင့်ဘ၊ ကျင့်သမျှကို၊ ကျင့်ကြသမှု၊ အနုဇာတ၊ မည်ရတွင်မြောက်၊ သားတယောက်တည့်၊ တယောက်မှာကား၊ မိဘများထက်၊ ထက်သည်ပညာ၊ အကျင့်သာသည်၊ လွန်စွာဖြစ်ဘိ၊ အတိဇာတ၊ မည်ရတွင်မြောက်၊ သားတယောက်တည့်၊ မိဘအောက်ဆုတ်၊ ယုတ်သည်အကျင့်၊ ရှိလင့်တန်က၊ သမုတ်ကြသည်၊ အဝဇာတ၊ မည်ရတွင်မြောက်၊ သားတယောက်တည့်၊ သုံးယောက်သားတွင်၊ မိခင်နှင့်ဘ၊ တူကြမည်သား၊ အလွန်ရှား၍၊ မိဘများထက်၊ ထက်မြက်လိမ္မာ၊ အကျင့်သာငြား၊ ထိုသည့်သားမူ၊ လူတွင်ခပဲ၊ လွန်ဖြစ်ခဲသည်၊ ဝမ်းထဲပိုက်ကြ၊ နှလုံးမျှလော့၊ မိဘအောက်ယုတ်၊ ဆုတ်သည့်သားများ၊ လူတလွှားအား၊ ပမာကြားပိမ့်၊ တောဖျားမြိုင်ဝယ်၊ သစ်ပင်ငယ်တည့်၊ အနှစ်ရှိလည်း၊ ကြီးဘိသစ်ပင်၊ နှစ်မဲ့ကျင်၏၊ သစ်ပင်ကြီးမှာ၊ နှစ်ရှိပါလည်း၊ ငယ်စွာသစ်ပင်၊ နှစ်မဲ့ကျင်၏၊ သစ်ပင်ကြီးငယ်၊ တောလုံးဝယ်လည်း၊ အကယ်အနှစ်၊ မရှိဖြစ်ခဲ့၊ သစ်ပင်ကြီးက၊ အာဒိစ၍၊ ရံထသစ်ပင်၊ ထက်ဝန်းကျင်လည်း၊ ကာလျှင်မပါ၊ အနှစ်သာနှင့်၊ အရာထူပြော၊ ဤလေးတောသို့၊ ရှင်စောဘုရား၊ ပမာထား၍၊ ဟောကြားမိန့်မှာ၊ ပညာဆင်ခြင်၊ လူတို့တွင်လည်း၊ ဘခင်မွေးမိ၊ တရားသိ၍၊ ရှိသည်အကျင့်၊ သားကမြင့်လျက်၊ တင့်တင့်တယ်တယ်၊ လူ့ပြည်ဝယ်၌။။စင်ကြယ်သန့်ရှင်းစေ၏တည်း။

• သန့်ရှင်းစင်ကြယ်၊ အသွယ်သွယ်ကို၊ အကယ်သိတွေ၊ ဆိုကောင်းပေသည်၊ ပဒေပဒါ၊ ကျယ်ဝန်းစွာ၍၊ နာသာရုံမျှ၊ ပြပြီးမှလျှင်၊ သိဿ တို့အား၊ စကားအရာ၊ အဖြာဖြာကို၊ သိသာလှစေ၊ ဆိုတုံပေအံ့၊ စကားမွှေ၊ စကားနှောက်၊ စကားလှောက်၊ စကားထား၊ စကားသွား၊ စကားလာ၊ စကားညှာ၊ စကားနှိုက်၊ စကားမြိတ်၊ စကားလှယ်၊ စကားဝယ်၊ စကားသွေး၊ စကားလေး၊ စကားပေါ့၊ စကားလျော့၊ စကားတင်း၊ စကားသွင်း၊ စကားမြှူ၊ စကားချူ ၊ စကားခေါ်၊ စကားချော်၊ စကားယှက်၊ စကားဝှက်၊ စကားဖန်၊ စကားတန်၊ စကားနှိပ်၊ စကားရိပ်၊ စကားဘမ်း၊ စကားရမ်း၊ စကားရွှေ၊ စကားသွေ၊ စကားလှိုင်း၊ စကားဝိုင်း၊ စကားသာ၊ စကားနာ၊ စကားထွေး၊ စကားမေး၊ စကားလျှောက်၊ စကားနောက်၊ စကားစင်၊ စကားတင်၊ စကားတည်၊ စကားရှည်၊ စကားတို၊ စကားဖို၊ စကားမ၊ စကားလှ၊ စကားပင်၊ စကားနှင်၊ စကားလုံး၊ စကားရှုံး၊ စကားနိုင်၊ စကားပိုင်၊ စကားဖြေ၊ စကားနေ၊ စကားပွ၊ စကားရွ၊ စကားထပ်၊ စကားနှပ်၊ စကားသိပ်၊ စကားချိတ်၊ စကားသွမ်း၊ စကားနှမ်း၊ စကားမြတ်၊ စကားဟတ်၊ စကားပေး၊ စကားဝေး၊ စကားဖေါက်၊ စကားပေါက်၊ စကားချေ၊ စကားသေ၊ စကားရှင်၊ စကားရွှင်၊ စကားအုပ်၊ စကားချု ပ်၊ စကားမြှောက်၊ စကားချောက်၊ စကားဟိန်း၊ စကားပြိန်း၊ စကားဖျင်း၊ စကားခင်း၊ စကားယူ၊ စကားပူ၊ စကားခြိမ်း၊ စကားသိမ်း၊ စကားနေ၊ အထွေထွေကို၊ ညီရွှေတပည့်၊ မှတ်လှည့်တို့ပါ၊ သုဘာသိတ၊ ပီယသစ္စာ၊ ဓမ္မာအပြား၊ အင်လေးပါးနှင့်၊ ညီသဖြင့်လျှင်၊ ဆိုခွင့်ဆိုရာ၊ အဖြာဖြာကို၊ သေချာစေ့ငု၊ ပညာရှု၍၊ ဗာဟုသစ္စ၊ ဟူသမျှနှင့်၊ သိပ္ပအပြား၊ အပါးပါးကို၊ မှတ်သားလေက၊ ညီသိဿ အား။။ထင်ရှားကျော်ဇောလေအံ့တည်း။ 

• ထင်ရှားကျော်မည်၊ ရှေ့သို့ရည်၍၊ ဆိုသည်ခြင်းရာ၊ အဖြာဖြာကို၊ မှတ်နာကုန်ကြ၊ ညီသိဿ တို့၊ ထိုမှတပါး၊ မိဘများ၌၊ ပြစ်မှားကုန်ဘိ၊ သိစိမ့်သောငှါ၊ ဆိုလိုက်ပါအံ့၊ ရှေးခါလွန်လေ၊ ပွင့်ကုန်ပေသည်၊ ပရမေမြတ်လှ၊ ကဿ ပဟု၊ ဇိနထွတ်ထား၊ မြတ်ဘုရား၏၊ ထင်ရှားသာသနာ၊ တော်၌သာလျှင်၊ များစွာဓန၊ ပြည့်စုံလှသည်၊ ကြွယ်ဝစည်ပင်၊ သူဋ္ဌေးတွင်၌၊ သားလျှင်တယောက်၊ ရှိတုံမြှောက်၍၊ အံ့လောက်လူဝယ်၊ ပညာကျယ်၍၊ လူဝယ်ဖြစ်ဘိ၊ သရေရှိအောင်၊ တတ်သိစိမ့်ငှါ၊ အဋ္ဌာရသ၊ ဟူသမျှကို၊ တစမသင်၊ လေးဖင့်၍နေ၊ သို့တစေနှင့်၊ စာပေမကျ၊ တ,န မသိ၊ မိုက်လှဘိငြား။ ထိုသည့်သားကို၊ ထံပါးအနီး၊ ခေါ်တုံပြီးမှ၊ မိနှင့်ဘမူ၊ မြွက်ဟသာချို၊ ဤသို့ဆို၏၊ သားပျိုမောင်လှ၊ ယနေ့ညကို၊ သားလှကျောင်းမှာ၊ အိပ်နေပါ၍၊ ညစာမစား၊ တနေ့အားကို၊ တရားနာနာ၊ ဆည်းကပ်ပါအံ့၊ မှန်စွာမယုတ်၊ ဤထောင်ထုတ်ကို၊ အဟုတ်မှန်ဘိ၊ ပေးမည်တည့်ဟု၊ ဆိုသည့်စကား၊ ကြားလေသောခါ၊ သားမိုက်စွာလည်း၊ ညစာမစား၊ ကျောင်းသို့သွား၍၊ တနေ့အားကို၊ တရားဟောရာ၊ မနာလိုရှောင်း၊ လွှဲပြောင်းအိပ်ပျော်၊ မိုးသောက်သော်လျှင်၊ သုံးလူ့ရှင်ကို၊ ဘူးမြင်မရှိ၊ လာလတ်ဘိသော်၊ မွေးမိသခင်၊ ကျေးဇူးရှင်လည်း၊ ကျောင်းတွင်ငါ့သား၊ အိပ်ပေငြား၍၊ မစားညစာ၊ ရှောင်ပါတုံပေ၊ ငါ့သက်ဝေကို၊ မှတ်ဖြေစိမ့်သည်၊ မယ်ကျိုးရည်၍၊ ချက်သည်ကြိုင်သင်း၊ ဤထမင်းနှင့်၊ ဤဟင်းကိုလျှင်၊ သားပန်းပင်သည်၊ အလျှင်ရှေးဖျား၊ စားပီးငြားမှ၊ ရွှေသားမယုတ်၊ ဤထောင်ထုတ်ကို၊ အဟုတ်ငါ့သား၊ ယူတော့လားဟု၊ မယ်ဘွားနှုတ်က၊ ဆိုမြွက်ဟသည်။။ချိုမြသာတောင့်သာယာတည်း။

• သာတောင့်သာယာ၊ သားသည်းချာကို၊ မာတာမိခင်၊ ဆိုလေကျင်က၊ ထိုသားလှသည်၊ မိဘဆိုရာ၊ စိတ်မပါဘဲ၊ ဥစ္စာောကာင့်သာ၊ ကျောင်းမှာအိပ်နေ၊ ရှောင်လေညစာ၊ စေတနာထက်၊ ထိုသားပျက်မူ၊ ယူအံ့ရွှေစင်၊ ရပြီးကျင်မှ၊ နောက်လျှင်ထမင်း၊ စားတို့လျှင်းအံ့၊ ရွှင်ခြင်းမသာ၊ ငိုသံပါနှင့်၊ မျက်နှာမလှ၊ ဆိုလေကလျှင်၊ မွေးမိခင်လည်း၊ ရွှေစင်တထောင်၊ ထုပ်ကိုဆောင်၍၊ မောင်ငယ်သားရွှေ၊ ပေးလေသောခါ၊ သားမိုက်စွာက၊ ထမင်းစား၍၊ ကုန်သွားရင်းနှီး၊ သင်္ဘောစီး၍၊ ပြည်ကြီးဗာရာ၊ လိုက်မည်သာဟု၊ မာတာ မိကို၊ အကြောင်းဆိုလျှင်၊ မွေးမိခင်လည်း၊ တို့တွင်ဥစ္စာ၊ များလှစွာ၏၊ သမုဒ္ဒရာရေ၊ စီးထွေထွေကို၊ မစေမိခင်၊ ဆိုပါကျင်လည်း၊ မဝင်နားမှာ၊ မိုက်လှစွာငြား၊ ထိုသည့်သားမူ၊ ယူ၍ရွှေစင်၊ သွားမည်ပြင်သော်၊ မိခင်ရှေ့ပါး၊ ဟန့်ဆီးတားလည်း၊ သွားမည်နှင့်သာ၊ မိမာတာကို၊ ဘယ်ညာလက်စုံ၊ တါန်းလိုက်တုံသော်၊ မှောက်ခုံမွေးမိ၊ လဲလေဘိ၍၊ မချိဝေဒနာ၊ ရှိသောခါ၌၊ ထိုသားမိုက်လည်း၊ စိုက်စိုက်တန်းသွား၊ သင်္ဘောသားနှင့်၊ ပေါင်းငြားလေကျင်၊ ပင်လယ်ခွင်သို့၊ လွှင့်နှင်သောခါ၊ လှေနာဝါလည်း၊ ပြင်းစွာရောယဉ်၊ လေနှင့်ယှဉ်သော်၊ ကစဉ်ကလျား၊ မျောလေသွား၍၊ ဦးဖျားဝမ်းလိုက်၊ နံကိုင်ပေါက်ကွဲ၊ ပင်လယ်ဝဲ၌၊င်းရဲအတိ၊ နစ်လေဘိသော်၊ မှားဘိလည်းများ၊ သင်္ဘောသားတို့၊ ငါးလိပ်အစာ၊ ဖြစ်လေပါ၍၊ ရေမှာသွေးဆင်း။ လူခပင်းသည်။။ ရှင်းရှင်းအကုန်စင်၏တည်း။

• ရှင်းရှင်းစင်လေ၊ ထိုသူတွေတွင်၊ မအေမိခင်၊ တားပါကျင်လည်း၊ မဝင်နားမှာ၊ မိုက်စွာလှညား၊ ထိုသည့်သားမူ၊ ပျဉ်ပြားတချပ်၊ မှီတဲ့လတ်၍၊ အရှေ့အနောက်၊ တောင်မြောက်မသိ၊ မျောဘိရေဝယ်၊ တလယ်လယ်နှင့်၊ ကျွန်းငယ်၌သာ၊ တင်လေပါ၍၊ ညစာမစား၊ တနေ့အားကို၊ ရှောင်ရှားခဲ့တ၊ ကုသိုလ်မ၍၊ ဒေဝစံသီး၊ နတ်သမီးတို့၊ ဤသို့သာယာ၊ ဆိုတုံပါ၏၊ လူ့ရွာကလျှင်၊ တို့ရပ်ခွင်သို့၊ ရောက်ကျင်တို့ပေ၊ တို့သက်ဝေကို၊ နေ့ရှေမကြာ၊ ရက်လည်ကာမျှ၊ မောင်သာဤတွင်၊ နေစေချင်ဟု၊ သံရွှင်မြမြ၊ ဆိုကုန်ကြသော်၊ နှမတို့ကား၊ ဘယ်သို့သွားဟု၊ စကားသာယာ၊ မေးသောခါလျှင်၊ တို့မှာရောပြု၊ ကောင်းမှုနှစ်ပါး၊ ကျင့်တရားကြောင့်။ တို့ကားခုနစ်ရက်၊ ဗိမာန်တက်၌၊ နေလျက်ချမ်းသာ၊ စံရပါလျှက်၊ ခုနစ်ရက်လျှင်၊ ငရဲခွင်၌၊ မြဲပင်ခံရ၊ ဤခြင်းတကို၊ မောင်လှမှတ်ပါ၊ ငရဲရွာသို့၊ သွားရှာရမည်၊ နားလျှင်လည်လော့၊ ဤသည်ထမင်း၊ ဤသည်ဟင်းနှင့်၊ မဆင်းမဆက်၊ ဗိမာန်ထက်တွင်၊ နှစ်သက်ဝမ်းသာ၊ စားတို့ပါ၍။။ မောင်သာနေနှင့်ရစ်ပါလော့။

• ဤသို့ ပမာ၊ နည်းနယာ၌ မိုက်စွာလှငြား၊ သူဌေးသားကို ရွှေသားမောင်ဖြူ၊ နားတံချူဖြင့် ချူတုံမရွေ့၊ တောင့်တလေ့ဖြင့် စေ့စေ့နှလုံး၊ ယူပြီးဆုံးမှ ကွင်းထုံးရှေးမှီ၊ ရေပေါ်ဆီသို့ အညီထင်ပေါ်၊ ပညာကျော်အား ဆည်းကပ်တွား၍၊ စကားဆီလွှာ ပညာရှိပုံ၊ ဆင်စွယ်စုံသို့ မတုန် မလှုပ်၊ မရှုပ် မထွေး၊ ပညာဆေးဖြင့်၊ အမေး အဖြေ၊ ဆိုလေသမျှ ဟ လေရာရာ၊ ပြသနာကို လျင်စွာဖြေကြောင်း၊ ပညာလောင်း၍ ကျမ်းပေါင်းဝတ္ထု၊ ဗဟုသုတ ရွရွ ရွတ်လေ၊ ဆိုခါထွေလည်း မပြေ မပြစ်၊ အထစ်ထစ်နှင့် အဆစ် အဖု၊ အခု မဟုတ်၊ အရှုပ်ရှုပ်သည် ဗရုတ် ဗယက်၊ ကြောင်ဖားချက်သို့ ရှက်စလိလိ၊ ရွံ့ဖွယ်ရှိလျှင်မသိ ရှေ့နောက်၊ တောဝယ်မျောက်လား ဆိုသား ဆိုခွင့်၊ ဆိုလင့် ဆိုရာ၊ မသိပါက တော့အအနှင့်၊ တုန် အ နှုတ်ထွက် လူပျက် လူမွှေ၊ လူအလေနှင့် မနေ ကျောင်းမှာ၊ စာပေ မတတ် ငတ်၍သေငြား၊ သူဌေးသားသို့ တရား မကျ၊ လူ့ဗာလကို မောင်လှ ရှောင်စေချင်သတည်း။ ။ 

ပုဒ် အစီအစဉ်တကျ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ