အရင်က "နယ်လှည့်"လို့ပဲ မှတ်ထားမိတာ ဆရာ။
ဟုတ်။
ဒေါက်တာသန်းထွန်းက နယ်လှဲ့ရာဇဝင်လို့ရေးပါတယ်။
ကျွန်တော်မူကတော့ မူရင်းတရားစာ၊ သမိုင်းစာ၊ သုတစာ၊ ရသစာတွေကို နောက်လူတွေကို ထင်သလို မပြင်ကောင်းပါ။
ဒေါက်တာသန်းထွန်းက ပုကံ လို့ ရေးပါတယ်။
ဒါပေမဲ့ ဒေါက်တာသန်းထွန်းက ပုဂံဝန်ထောက်ဦးတင်အမည်ကို မပြင်ဘဲ ကိုးကားပါတယ်။
၁။ ဆရာခင်ဗျာ။ လှည့်ဆိုတာကို လှည့် (လှည့်လည်သည် )လို့ပဲ သိထားကြပါတယ်။ အခု ဒီစာအုပ်လေးရဲ့ မျက်နှာဖုံးက နယ်လှဲ့ ရာဇဝင်မှာ လှဲ့ ဆိုပြီး သုံးနှုန်းထားပါတယ်။ အနည်းငယ်လောက် ရှင်းပြပေးစေချင်ပါတယ်။ ခေတ်အလိုက်ပြောင်းလဲတာလား။ ဘယ်လိုများဖြစ်ခဲ့တာလဲ။ အဲ့ဒါလေးကိုရှင်းပြစေလိုတယ်။
၂။ မင်္ဂလာပါ ဆရာခင်ဗျား ကူလှဲ့ပါနတ်မင်း ဗုံသံကြီးနှင့်ကြိုလှည့်ပါ (လှဲ့ နဲ့ လှည့်) သတ်ပုံ အမှန်တခု ဘယ်ဟာယူရမလဲခင်ဗျ
မကြာခဏတင်ပြပါတယ်။ ကဗျာ၊ သီချင်း၊ သံချပ်၊ ကာတွန်း၊ သတင်းခေါင်းစဉ်၊ ဆောင်ပုဒ် စတာတွေမှာ စံကိုက်သတ်ပုံအရမဟုတ်တာမျိုး သုံးလေ့ရှိတယ်။ အသံ ကာရန်နဲ့ အားကို ယူတယ်။ အဲလိုအရေးအသားကို သတ်ပုံအဖြစ် ယူရင် သတိထားရတယ်။
လှည့်
မုန်းတလှဲ့ ပြုံးတလှဲ့
ရှင်လောင်းလှည့်
လည်အောင်လှည့်
လှည့်ပတ်
လှည့်ဖြား
လှည့်လည်
လာလှည့်
လူပျိုလှည့်
သွားလှည့်
သူ့အလှည့်ကိုယ့်အလှည့်
ဟိုဘက်ဒီဘက်လှည့်
(၁)
ကူလှဲ့ပါ နတ်မင်း (ဇာတ်လမ်းနှင့် ပန်းချီ ကျော်မျိုးဝင်း) တခါက လူတယောက်သည် တရေးအိပ်နေလိုက်သည်
(၂)
ဗုံကြီးသံနှင့် ကြိုလှည့်ပါ (တင်မိုး)
(၃)
နယ်လှဲ့ရာဇဝင် (ဒေါက်တာသန်းထွန်း
(၄)
ရေစီးတခါ ရေသာတလှည့် (သခင်မြသန်းရေး)
(၅)
ဝေရွှန်းစန္ဒာ၊ ချိမ်းရိပ်သာက၊ မျက်နှာတူရူ၊ တ,သည်သူလျှင်၊ ဇမ္ဗူအောင်ခန်း၊ ပြည်ကြငှန်းသို့၊ ရောက်ပန်းကြီးအင်၊ နေမရွှင်ခဲ့၊ လွင်လည်းတဆိုင်၊ မြိုင်လည်းတထွေ၊ မြေလည်းတထူး၊ ဝေးခေါင်ကြူးသို့၊ ရောက်ဘူးမည်ထား၊ ရွှေညာဖျားဟု၊ ရှေးကားမဆွ၊ ကြားရသည်သာ၊ ဘယ်ရပ်မှာဟု၊ ခြင်းရာတစိ၊ တပ်မသိခဲ့၊ ကျွန်းကြီးချက်ချာ၊ တို့နေရာနှင့်၊ ဘာသာကွဲလှမ်း၊ မြိုင်တောဝှမ်းဝယ်၊ အချမ်းမတူ၊ အပူမမျှ၊ ကြုံဘိရရှင့်၊ သိင်္ဃအောင်မြေ၊ လက်ချက်ဗွေဝယ်၊ နေလည်းတဆန်း၊ နန်းလည်းတခြား၊ မထွေပြားတည့်၊ ကိုးပါးနဝရတ်၊ ရွှေပြ (ပြာ) သာဒ်နှင့်၊ မျက်မြတ်လျှံရည်၊ ထွန်းလည့် (လှည့်) လည်သည်။ ။ နေခြည်ထဲ (ထဲး) တွင်ပါလိမ့်မည်။ (မဲဇာတောင်ခြေရတု)
(၆)
မိန်းကလေးကတော့ ဘာကိုမျှ ပမာမပြုဟန် လိုက်ပါလာသည်။ ကျောဘက်သို့ လှည့်၍ပင် မကြည့်။ (ထီးရိပ်ခိုဖူးသော မိန်းကလေး - တက္ကသိုလ်ဘုန်းနိုင်)
(၇)
ယခုဘဝနှင့် ယခင်ဘဝကို အနေအထိုင်၊ အဝတ်အစားအမျိုးမျိုးတို့နှင့် ချိန်ထိုး၍ လျှောက်လာနေရာမှ"နှင်းဥ .. နှင်းဥ"ဟု ဟစ်ခေါ်သံကြားသဖြင့် ကိုယ်ရှိန်သတ်ကာ နောက်သို့ လည်ပြန်လှည့်ကြည့်လိုက်၏။ (သည်မိုး - ဂျာနယ်ကျော်မမလေး)
(၈)
ငါးပျံတလှည့် ဗုံလုံတလှည့်
(၉)
မြကန်သာ
မြကန်သာ၊ တောင်ကျချောင်းတေး၊
ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊
ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊
ငှက်မျိုးစုံသည်၊ ဘုံဝတိံသာ၊
နန္ဒာပေလော၊ တူစွဟုတ္တာ။ ။ (အမည်မသိ)(၁၁ ရာစု)
ဒေါက်တာတင့်ဆွေ




Comments
Post a Comment