Skip to main content

တိရစ္ဆာန်

မင်္ဂလာပါဆရာ တိရိတ္ဆန်ကို စာလုံးပေါင်းအမှန်နဲ့စာလုံးပေါင်းရင် အသံထွက်ဘယ်လိုပေါင်းရမလဲဆရာ ကျောင်းနေကတည်းက ဆရာမပေါင်းပြတာ မကြားမိသလိုပဲ

စာလုံးပေါင်း = တိရစ္ဆာန်

အသံထွက် = တိရိတ်ဆန်

၁။ မင်္ဂလာပါဆရာ တိရစ္ဆာန် နဲ့ တိရိစ္ဆာန် ဘယ်ဟာအမှန်ဆိုတာ သိချင်လို့ပါဆရာ (တိရစ္ဆာန်)

၂။ ကျောင်းမှာ တိရိစ္ဆာန်လို့သင်ပြီး စာမေးပွဲမှာ တိရစ္ဆာန်လို မေးတယ်ဆရာ ဘယ်ဟာကအမှန်ဖြစ်မလဲလို့ ကလေးကမေးလို့ပါ (တိရစ္ဆာန်)

တရားစာတခုမှာ စကြာရေးတာ မှားနေတယ်။ စကြာဝဠာလို့ ရေးရ။ မြန်မာစာမှာသုံးနေတဲ့ မာဂဓဘာသာကို အခြေခံတဲ့ မြန်မာစာလုံးများကို ပါဠိသက် စကားလုံးများလို့ ခေါ်တယ်။

ပါဠိသက် စကားလုံးများ

ကထိန - ကထိန်

ကန္န - ကန်ရာသီ

ကမ္မ - ကံ

ကာယ - ကိုဝ် (ယ်)

ဂဏန - ဂဏန်း

ဂန္ထ - ကျန်းဂန်

ဂဟ - ဂြိုဟ် (သကဋ)

ဂုဏ - ဂုဏ်

ဂေါမုတ္တ - ဂေါမုတ်ကျောက်

စကြာဝတေးမင်း

စကြာဝဠာ

စက္က - စကြာ (သကဋ)

စျာန - စျာန်

စာရိတ္တ - စာရိတ်

စေတသိက - စေတသိက်

ဇနပဒ - ဇနပုဒ်

ဇာတက - ဇာတ်

ဉာဏ - ဉာဏ် (န်)

ဌာန - ဌာန်

တိရစ္ဆာန - တိရစ္ဆာန်

ဒါန - လှူဒါန်း

ဓမ္မပထ - ဓမ္မပဒ

ဓာတု - ဓာတ်

နက္ခတ္တ - နက္ခတ်

နာမ - နံ

နိယာမ - နိယံ

ပံသုကူလ - ပင့်သကူ

ပဉ္စယံ - ပစ္စယံ

ပဋိလောမ - ပဋိလုံ

ပဋ္ဌာန - ပဋ္ဌာန်း

ပဒ - ပုဒ်

ပဒ - ပုဒ်

ပယောဂ - ပြယုတ် (သကဋ)

ပရိသ - ပရိသတ်

ပါသာဒ - ပြသာဒ် (သကဋ)

ပုဂ္ဂလ - ပုဂ္ဂိုလ်

ပုထုဇန - ပုထုဇန်

ပုရောဟိတ - ပုရောဟိတ်

ပေတ - ပြိတ္တာ

ဗလ - ဗိုလ်

မဂ္ဂ - မဂ်

မဟာသမတ - မဟာသမတ်

ရူပ - ရုပ်

လောကဓမ္မ - လောကဓံ

သံယောဇန် - သံယောဇန် (ဉ်)

သကဒါမိ - သကဒါဂမ်

သဏ္ဌာန - သဏ္ဌာန်

သုဝဏ္ဏ - သုဝဏ်

သုဝဏ္ဏသာမ - သုဝဏ္ဏသျှံ

ဟံသာဝတီ - ဟင်္သာဝတီ

အဓိပတိ - အဓိပ်

အနာဂိမိ - အနာဂါမ်

အနုလောမ - အနုလုံ

အန္တရာယ - အန္တရာယ်

အပါယ - အပါယ်

ဥဒါန - ဥဒါန်း

အရုဏ - အရုဏ်

သမုဒ်ဧရာ၊ မြစ်ငါးဖြာမှ၊ ဆုံလာလှည့်ဝိုက်၊ ရစ်၍့ဆိုက်သား၊ လိုက်လိုက်ဖြိုးဖြိုး၊ ဖြန့်မိုးစကြာ၊ အဝါဟူးဟူး၊ နေထက်ထူးမျှ၊ ပန်းဦးမဉ္ဇူ၊ ဆက်လှူသဘင်၊ မြသီးတင်ဟု၊ (နတ်ရှင်နောင်)

စကားထာနဲ့ ပဟေဠိများကို ပြောပြကြတယ် https://dr-tint-swe.blogspot.com/2022/07/blog-post_239.html

ပဌမ နှင့် ပထမ https://dr-tint-swe.blogspot.com/2021/05/blog-post_77.html

အဆင့်ပါစာလုံးများ https://dr-tint-swe.blogspot.com/2021/12/blog-post_120.html

အန္တရာယ် https://dr-tint-swe.blogspot.com/2021/12/blog-post_450.html

အဓိဋ္ဌာန် သန္နိဋ္ဌာန် https://dr-tint-swe.blogspot.com/2022/02/blog-post_264.html

ဋ္ဌ နဲ့ ဠ မှားရေးထားတယ် https://dr-tint-swe.blogspot.com/2022/08/blog-post_266.html

ပြီးခဲ့တဲ့အပတ်က ကွန်မင့်ကနေ အမျိုးသမီးအမည်နဲ့ အကောင့်တခုက အရုဏ် ကို အာရုဏ်လို့ရေးလည်း မှန်တယ်လို့ ၃ ခါလောက်လာငြ်းတယ်။ ဘုန်းကြီးတွကိုမေးပါလို့လည်း သက်သေထူသေးတယ်။ ဝါဝါမြင်တိုင်း သင်္ကန်းမှတ်နေပုံရတယ်။ 'အရုဏ်' ဆိုတာ 'အရုဏ' ကနေလာတယ်။

အရုဏ = ရှေးဦးတက်လာသော နေရာင်။ အရုဏ်။

အရုဏ = စဉ်းငယ်နီမြန်း။

အရုဏ်ဟူသည်မှာ အရုဏ ဟူသော ပါဋ္ဌိ(ပါဠိ)မှ ဆင်းသက်သော မြန်မာဝေါဟာရဖြစ်၍ နီမြန်းသော (ဝါ) ရှေးဦးစွာ တက်လာသော နေ၏အရောင်ဟု ဆိုလိုပါသည်။

ဂူဂယ်မှာ 'ပါဠိ' ကို 'ပါဋ္ဌိ' လို့မှားရေးထားတယ်။ စာမတတ်သူတွေက အဟုတ်မှတ်ကြဦးမှာ။ သူတို့လည်း ဝါဝါမြင် ဆနွင်းမှုန့် (နနွင်းမှုန့်) မှတ်ကြသူတွေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

မုန့် နဲ့ မုံ့

မင်္ဂလာပါဆရာ ထိုးမုံ့ကအမှန်လား ထိုးမုန့်ကအမှန်လား တကယ်မသိလို့မေးတာပါ ဖြေပေးပါနော်  ၁။ ဆရာ မုန့်ဖိုး ကအမှန်မဟုတ်ဘူးလား။ ‌ဆရာရေးထားတဲ့ မုံ့ဘိုးက မှားနေပါတယ်။ - သွေးသောက်အယ်ဒီတာ၏ အမှာ တင်ပြထားပါတယ်။ ၂။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။ ၃။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ ၄။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ ၅။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။ ၆။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။ ၇။ မုံ့ လား မုန့် လား။ ၈။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါ...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...