Skip to main content

ပန်းသည် (၂)



(၁)

Kyaw Htet Oo ဟုတ်တယ် ဆရာ စာတွေကဗျာတွေကို ဖျက်နေကြတာလား မသိဘူး ။ ဆရာကြီး မင်းသုဝဏ် ရဲ့ မူရင်းစာအုပ်မှာ 'တ' လိုရေးထားတာကို အခုခေတ်မှာ 'တစ်' လုပ်ထားကြတယ်။ 

မောင်လေးရေ ထပါတော့ ရောင်နီ လာလှပေါ့။ 'တစ်'ကျော့နှစ်ကျော့ တေးကိုသီ ငှက်ကျား နှုတ်ပလီ။ တောင်ဆီနားက ခရေပန်း ပင်အောက် ကြိုင်လို့လန်း။ ဗန်းလေးယူခဲ့ မောင်လေးရယ် သွားကောက်ချေစို့ ကွယ်။ ပန်းသည်လုပ်စို့ တပြုံးပြုံး ပန်းတွေ 'တစ်'ကုံးကုံး။ (ဝီကီပီးဒီးယား)

(၂) 

ပန်းသည်

မောင်လေးရေ ထပါတော့၊

ရောင်နီ လာလှပေါ။

တကြော့ နှစ်ကြော့ တေးကိုသီ၊

ငှက်ကျား နှုတ်ပလီ။

တောင်ဆီနားက ခရေပန်း၊

ပင်အောက်ကြိုင်လို့ လန်း။

ဘန်းလေးယူခဲ့ မောင်လေးရယ်၊

သွားကောက်ချေစို့ ကွယ်။

ပန်းသယ်လုပ်စို့ - တပြုံးပြုံး၊

ပန်းတွေ - တကုံးကုံး။ (မင်းသုဝဏ်)

(၃)

ဆရာမင်းသုဝဏ်ရဲ့ ပန်းသည်ကဗျာမှာ ခေါင်းစဉ်က ပန်းသည်၊ ကဗျာထဲမှာ ပန်းသယ်လို့ ရေးတယ်။

တကြော့ နှစ်ကြော့နဲ့ တကုံးကုံးကို စသတ်လို့ကတော့ ပျက်ရော။

ဒေါက်တာတင့်ဆွေ

Comments