Skip to main content

Numbers မှား မမှန် လွဲ လျှာရှည်

၁။ ဆရာရယ် အရေအတွက် ပါမှ တကို စသတ် ရပါတယ်

မှား + မမှန် + လွဲ + လျှာရှည်။

၂။ ဆရာဗျ ကိန်းဂဏန်း ၁ ကို မြန်မာလို တစ်လို့ရေးရမှာ ဟုတ်ပါသလားဗျ။ ၁ ကျပ်တန်မှာ တကျပ် (သို့) တစ်ကျပ် ၁ နှစ် တနှစ် (သို့) တစ်နှစ် ဘယ်လိုအရေးအသား အသုံးပြုသင့်ပါသလဲဗျ။

ဂဏန်းရေးနည်း

• 100 = One hundred = တရာ

• 1,000 (0 ၃ လုံး) = One thousand = တထောင်

• 10,000 (0 ၄ လုံး) = Ten Thousand = ဆယ်ထောင် (တသောင်း)

• 100,000 (0 ၅ လုံး) = One hundred thousand = တရာထောင် (တသိန်း)

• 1,000,000 (0 ၆ လုံး) = One million = တသန်း

• 10,000,000 (0 ၇ လုံး) = Ten million = ဆယ်သန်း

• 1,000,000,000 (0 ၉ လုံး) = One billion တစ်ဘီလီယံ (သန်းတထောင်)

• 1,000,000,000,000 (0 ၁၂ လုံး) = One trillion တစ်ထရီလိယန် (တထောင်ဘီလီယံ )

ဂဏန်းရေးနည်းစည်းမျဉ်းမှာ (,) ကော်မာကို ထောင်ဂဏန်းကစပြီးသုံးတယ်။ ကော်မာကိုမှန်အောင်ထားရင် ဖတ်တာနဲ့ တန်းသိမယ်။ ဆယ်ထောင်၊ တရာထောင် (တသောင်း)၊ တသန်း (တထောင်ထောင်)။ သောင်း၊ သိန်းနဲ့ ကုဋ္ဋေကို နိုင်ငံအတော်များများမှာ မသုံးပါ။

• 10,000 ကို Ten Thousand = ဆယ်ထောင်လို့သာရေးတယ်။ သောင်းလို့ မြန်မာပြည်မှာသာခေါ်တယ်။

• 100,000 ကို One hundred thousand = တရာထောင်လို့သာရေးတယ်။ သိန်းလို့မြန်မာပြည်မှာသာခေါ်တယ်။ One Lakh (Lac) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။

• 10,000,000 ကို ဆယ်သန်းလို့သာခေါ်တယ် Crore (ကုဋ္ဋေ) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။

• 1,500 တထောင့်ငါးရာကို အိန္ဒိယမှာ One thousand five hundred လို့မရေးပဲ၊ Fifteen hundred လို့ရေးတယ်။ အိန္ဒိယမှာနေရစဉ်က ချက်လက်မှတ်ရေးရတာ အတော်ဂွကျတယ်။

တစ် အသုံးမှန်များ

1.  ကကတစ်ငါး

2.  ကာတစ်ဆေးတိုက်

3.  စတစ်ကော်လာ

4.  စတစ်အင်္ကျီ

5.  ဆင်ပြောင်ကြီး အမြီးမှတစ်၊

6.  တစ္ဆေမှင်စာ၊

7.  တစ်၊ နှစ်၊ သုံး၊

8.  တစ်ငှက်၊

9.  တစ်ဆို့၊

10.  တစ်တစ်ခွခွ၊

11.  တစ်တစ်ရစ်ရစ်၊

12.  တစ်တရားခံ၊

13.  တစ်တီတူး၊ (တီတီတူးငှက် ယခင်သတ်ပုံစာအုပ်)၊

14.  တစ်ရှူး (ဆဲလ် အစုအဝေး)၊

15.  တစ်ရှူး (သန့်ရှင်းရေးသုံး စက္ကူ)၊

16.  တစ်လစ်၊

17.  တော်နီကာတစ် (လူအမည်)

18.  ပြူတစ်၊

19.  မျိုချမရ တစ်နေသည်

20.  ရင်ထဲမှာတော့ တစ်ဆို့ဆို့၊

21.  သားငါး တုံးတစ်သည်၊

22.  သားတစ် ငါးတစ်၊

ရောဂါအမည်မျာတွင် တစ် သံဖြင့်ဆုံးသည်များကို ရောင်ရမ်းခြင်းဟုခေါ်သည်။ ဥပမာ အပင်ဒီဆိုက်တစ် (အူအတက်ရောင်)၊ စတိုမာတိုက်တစ် (လျှာနာ၊ ခံတွင်းနာ)။

တစ် အသုံးမှန်များ https://burmese-spelling.blogspot.com/.../blog-post_992.html

“တ” နဲ့ “တစ်” https://dr-tint-swe.blogspot.com/2022/03/blog-post_18.html

တစ်အရေး တအရေး https://dr-tint-swe.blogspot.com/2022/04/blog-post_969.html

တခု တကောင် တယောက် https://dr-tint-swe.blogspot.com/2021/11/blog-post_65.html

တစ် သမိုင်း သံခိပ် https://dr-tint-swe.blogspot.com/2021/08/blog-post_864.html

တဝမ်းပူစသတ် https://dr-tint-swe.blogspot.com/2021/11/blog-post_445.html

Curtis တစ် အသုံးမှန်များ https://dr-tint-swe.blogspot.com/2021/05/tit-usage.html

Numbers ဂဏန်းရေးနည်း https://dr-tint-swe.blogspot.com/2021/11/numbers.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ