Skip to main content

Sumana သုမန

လွန်ခဲ့တဲ့ ၄ နှစ်လောက် ရေးထားတာ။
မြန်မာစကားတွင် စ၊ ဆ၊ အသံထွက်များရှိသော်လည်း နိုင်ငံခြားဘာသာစကားမှ ဝေါဟာရများကို သ သံအဖြစ် ပြောင်းလဲထွက်ဆိုသည့်ကို သိရှိလိုပါတယ်ခင်ဗျာ
စာတမ်းတခုလို ရေးနိုင်ရင် ကောင်းမယ်။ အတော်ခက်တယ်။ ကျယ်ပြန့်တယ်။ မူသေလို့ မရှိပါ။
နိုင်ငံခြားဘာသာတွေက များတယ်။ စာလုံးတလုံးတည်းကို အသံထွက်တာ မတူကြပါ။ မြန်မာပြည်မှာ အများဆုံးသိတဲ့ နိုင်ငံခြားဘာသာတွေထဲက အင်္ဂလိပ်စာမှာလည်း အင်္ဂလိပ်စကားပြော နိုင်ငံတွေမှာ မတူတာတွေ ရှိတယ်။ 
အင်္ဂလိပ်ဘာသာစကားရဲ့မူလနေရာ ဗြိတိန်နဲ့ အမေရိက မတူတာတွေရှိတယ်။ ယူကေထဲမှာလည်း အင်္ဂလန်၊ စကောတလန် စသည်မှည မတူတာတွေရှိတယ်။ အမေရိကမှာလည်း စပိန်၊ အိန္ဒိယ၊ အာရတ်၊ တရုပ်၊ ရုရှား စတဲ့ မိခင်စကားမတူရင် အသံထွက်က မတူပါ။
ကျွန်တော်ဘာသာပြန်လုပ်ခဲ့တဲ့ကျောင်းမှာ စာကြည့်တိုက်စာလုံးကို အသံထွက်တာ အမေရိကန်လူမျိုး ဆရာနှစ်ယောက် နည်းနည်းကွဲလွဲတယ်။
မြန်မာလူမျိုးတွေနဲ့ အတော်ရင်းတဲ့ ပါဠိဘာသာကို ကိုယ့်နိုင်ငံကဘုန်းတော်ကြီးတွေဟောပြောတာနဲ့ ပြည်ပက ဥပမာ အိန္ဒိယမှာသီတင်းသုံးတဲ့ဘုန်းကြီးတွေ ရွတ်ဆိုတာ မတူပါ။
နိုင်ငံတကာသုံးမှာ ဗုဒ္ဓံဿရနံ ဂစ္ဆာမိ ကို Buddham Sharanam Gacchami လို့ အသံထွက်ပါတယ်။
မနေ့က မွန်ဘုန်းကြီးကျောင်းအလှူမှာ တရားဟောတဲ့ဆရာတော်က မွန်လူမျိုး။ မေတ္တသုတ်ရွတ်တော့ ဗမာဘုန်းကြီးတွေနဲ့ မတူပါ။
Vihara ကို ကျွန်တော်တို့က ဝိဟာရလို့ရေးကြတယ်။ Sumana ကို သုမန။ Vilasa ဝိလာသ။
သူ့တိုင်းပြည်နဲ့သူ ရေးထုံး အသံဖလှယ်ထုံးတွေရှိပါတယ်။ အသားကျပြီးသာကို ပြောင်းရန် မသင့်ပါ။
မြန်မာလို (စ) သံနဲ့ (ဆ) သံ သိသိသာသာကွဲလွဲပါတယ်။ မှားရေး မှားပြီးအသံထွက်နေကြတာကို မှန်အောင် ပြင်သင့်ကြတယ်။ အာထွာဆောင်းကို စသံနဲ့ မထွက်ရပါ။ ဆူပါကို စူပါလို့ မရေးရ မထွက်ရပါ။ အသံဖလှယ်ထုံးနဲ့ မညီပါ။ ကင်ဆာကို (စ) နဲ့ ရေးနေကြတာ မှားတယ်။
မြန်မာလို အမည်ဖြစ်ပြီးသားကို ပါဠိရေးထုံးအတိုင်းရေးပြန်ရင်လည်း မသင့်တော်ပါ။ ဥပမာ သုမနလမ်းကို (S) ရေးရင် (စုမန၊ စုမဏ) လို့ ထွက်ကြမယ်။ မူရင်းက Sumana ဖြစ်တယ်။ 
ဗုဒ္ဓဂါယာ (ဗုဒ္ဓဂယာ) လို့နှုတ်ကျိုးနေကြပေမဲ့ အဲဒီနေရာက အသံထွက်မှန်နဲ့ မတူပါ။ ဗုဒ္ဓ ကိုလည်း ကျွန်တော်တို့ ထွက်တဲ့အသံနဲ့ မတူပါ။
မဇ္ဈိမပဋိပဒါစာလုံးလည်း လက်ဝဲကျမ်းတွေမှာ ပါတယ်။ ခရစ်ယာန်စာတွေမှာလည်း ဗုဒ္ဓဘာသာသုံး ပါဠိစာလုံးတွေနဲ့ မြန်မာစာလုံးတွေ ပါတယ်။ ဆရာတော်၊ သိက္ခာတော်ရ၊ ဓမ္မဟောင်းကျမ်း၊ ဓမ္မသစ်ကျမ်း၊ ပညတ်တော်၊ ရှင်ယောဟန်၊ ရှင်ပါလု၊ (ရှင်ဆိုတာ ရဟန်းရှင်လူ စသည်)။
ဗုဒ္ဓဘာသာသုံးတွေမှာလည်း ဘာသာပြန်ရာမှာ အင်္ဂလိပ်စာလုံးတွေ တချို့က ခရစ်ယာန်သုံးတွေ။
Monastery
Temple
Pagoda
Monk
Nun
Abbot
Reverend 
Alms
သုမနကျောမှာဒဏ်ရာတွေနဲ့ မောင်သာရကလည်းရေးတယ်။ ဆိုရိုးစကားတရပ်လည်း ဖြစ်ပါတယ်။
အခုစာက လက်တန်း ရေးတာ။ သုတေသနပြုပြီးရေးမှသာ ပိုပြီး တိကျပြည့်စုံပါမယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

မုန့် နဲ့ မုံ့

မင်္ဂလာပါဆရာ ထိုးမုံ့ကအမှန်လား ထိုးမုန့်ကအမှန်လား တကယ်မသိလို့မေးတာပါ ဖြေပေးပါနော်  ၁။ ဆရာ မုန့်ဖိုး ကအမှန်မဟုတ်ဘူးလား။ ‌ဆရာရေးထားတဲ့ မုံ့ဘိုးက မှားနေပါတယ်။ - သွေးသောက်အယ်ဒီတာ၏ အမှာ တင်ပြထားပါတယ်။ ၂။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။ ၃။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ ၄။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ ၅။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။ ၆။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။ ၇။ မုံ့ လား မုန့် လား။ ၈။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါ...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...