Tip of the iceberg ကွန်မင့်တခုအား ဖြေကြားခြင်း (၁)
တနဲ့တစ်ကို ငြင်းဖို့အတွက် ကဗျာနဲ့တော့မလုံလောက်ဘူးထင်ပါတယ်။ ဒီကဗျာထဲမှာဆို “ထည့်”က အမှန်ဖြစ်ရဲ့သားနဲ့ “ထဲ့”လို့ရေးထားတယ်။ ကဗျာဟာ ကဗျာပါ ၊ ကျွန်တော်လည်း တလို့ သုံးလေ့ရှိသူပါ၊ ဒါပေမယ့် တလို့ရေးကြောင်း သက်သေပြနိုင်ဖို့ ရှေးကဗျာတွေကို အားမကိုးစေချင်ပါဘူး။ အဲ့ကဗျာတွေကလည်း စာလုံးပေါင်းထင်ရာစိုင်းထားကြတာပဲ။
ဖြေကြားချက်
ကျေးဇူး။
ကဗျာတမျိုးတည်းသာ ဖတ်ဖူးသူဖြစ်မယ်။ အနည်းဆုံး ၁၀ ပုဒ်လောက်တော့ ဖတ်ပြီးမှသာ တစွန်းတစလောက် သိလာပါမယ်။
ကဗျာ၊ သီချင်း၊ သံချပ်၊ ဆောင်ပုဒ်၊သတင်းခေါင်းစဉ်၊ ကာတွန်းတွေမှာ အသံ၊ ကာရန်နဲ့ အားအရ စံကိုက်သတ်ပုံ မဟုတ်မျိုးလည်း ရေးကြတယ်။ ဥပမာ ပန်းသည်ကဗျာမှာ ခေါင်းစဉ်က ပန်းသည်၊ အတွင်းသီချင်းစာသားမှာ ပန်းသယ်။
ဒေါက်တာတင့်ဆွေ
Tip of the iceberg ကွန်မင့်တခုအား ဖြေကြားခြင်း (၂)
ဘာ့ကြောင့်မှားတယ်ဆိုတာ အချက်အလက်နဲ့ မဖြေရှင်းဘဲ စာအုပ်အဟောင်းတွေ တင်ပြီး ဇွတ်မှန်နေတော့တာပဲ။ ပညာရှင်ဆန်ဆန် ရေးသင့်ပါတယ်ဗျ။ ပြောရင်လဲ စိတ်ဆိုးပြီး ဘလော့အုံးမယ်။
တကယ်လို့ မြန်မာစာအကြောင်းတင်ပြထားတာ ရာဂဏန်းများစွာထဲက အနည်းဆုံး ပုဒ်ရေ ၄၀-၅၀ လောက်သာဖတ်ဘူးရင် တစွန်းတစ သိလာမယ်။ စာတပုဒ်တည်း နှစ်ပုဒ်ထဲမှာ အစ အဆုံးတင်ပြလို့ မဖြစ်နိုင်။ စာတအုပ်လောက်မက ကျယ်ပြန့်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment