Skip to main content

အဆောက်အဦ အခေါ်အဝေါ်တချို့ - ပုဂံဦးတင်

(ပန္နက်တင်သည်လို့ ရေးနေကြတာ မမှန်ကြောင်း တင်ပြထားပါတယ်။ ပန္နက်ဆိုတာ ချရတယ်။ ရိုက်ရတယ်။ တင်ရတာ မဟုတ်ပါ။ နတ်တင်တာနဲ့ တခြားစီ။ အဆောက်အဦမှာလည်း ဝစ္စနှစ်လုံး မပါရ။ ၍့ ကို ၍လို့ ပြောင်းရေးလာတာက သင့်မှန်တယ်။)

၁။ အဆောက်အဦ ဆောက်ရန် တောများကို ရှင်းလင်းခြင်း၊ မြေညှိခြင်းများကို "တီကျင်းသည်" ဟူ၍့ ခေါ်သည်။

၂။ အဆောက်အဦ ဆောက်ရန် အပိုင်းအခြား အလားအလာ သတ်မှတ်သည်ကို "မြေစံနစ်သည်" ဟု ခေါ်သည်။

၃။ အဆောက်အဦ ဆောက်မည့် နေရာတွင် မှတ်တိုင်ကလေးများ စိုက်သည်ကို "ပန္နက်ချသည်" ဟူ၍့ ခေါ်သည်။

၄။ ပန္နက်ရိုက်ရန် ကြိုးဆွဲသည်ကို "ပန်းလည်ချသည်" ဟူ၍့ ခေါ်သည်။

၅။ တိုင်စိုက်ရန်သော်၎င်း အုတ်မြစ်ချရန်သော်၎င်း တွင်းတူးသည်ကို "တွင်းဝန်းသည်" ဟူ၍့ ခေါ်သည်။

၆။ စိုက်သောသစ်ကို "ယပ်သစ်" ဟု ခေါ်သည်။ စိုက်တိုင် ဆိုလိုသည်။

၇။ စိုက်သောတိုင်များတွင် အလယ်ကတည်သော အရှည်ဆုံးသော မြေစိုက်တိုင်ကို "ကွန်းတိုင်" ဟူ၍့၎င်း "ကွန်းစဉ်တိုင်" ဟူ၍့၎င်း ခေါ်သည်။

ကွန်းစဉ်တိုင် လက်ဦးစိုက်သည်ကို "ကွန်းတည်သည်" ဟူ၍့ ခေါ်သေးသည်။ (အဝှန်ဂဏန်း ၄၁၅ မှာပါသော ကွန်းတည်အကြောင်း ကြည့်။)

ကွန်းစဉ်ခန်းမှာလည်း အများဆုံး ကိုးခန်းသာ ထားလေ့ရှိသည်။ ကိုးခန်းထက်ပိုသော အဆောက်အဦများမှာ စာတွေ့လည်း မရှိ၊ ကိုယ်တွေ့လည်း မသိမမြင်ဘူးပေ။

ကွန်းတိုင် ပြင်ဘက်ကျသော တိုင်ကို "သည်မ" ခေါ်သည်။

သည်မ ပြင်ဘက်ကျသော တိုင်ကို "သည်ရံ" ခေါ်သည်။

သည်ရံ ပြင်ဘက်ကျသော တိုင်ကို "သည်ထွေး" ခေါ်သည်။

ကွန်းနှစ်ခန်းသာ ပါသော အဆောက်အဦများက တိုင်များမှာလည်း အသီးအသီး အမည်ပေးလျက် ရှိသည်။

||        တိုင် မည်။       ||    တည်ရာ အရပ်။   ||

 -------------------|-------------------

|  ၁။ ဘုမ္ဘိ      ............| အနောက်မြောက်

| ၂။ ကြငှန်းဖို.      ......| မြောက်

| ၃။ စုံပင်လယ်      .....| အရှေ့မြောက်

| ၄။ ဥရူ       ...............| အရှေ့တောင်

| ၅။ ကြငှန်းမ      .......|  တောင်

| ၆။ သပြေ     ...........| အနောက်တောင်

ထိုတိုင်များမှာ ကဗျာများတွင် ပါဝင်စပ်ဆိုလေ့ ရှိသည်။ ပြသာဒ်များတွင် အလယ်ဗဟိုချက် ထုပ်အထက်က မြေစိုက်မဟုတ်ပဲး (မ)တည်သော တိုင်ကို "ပိန္နဲးတိုင်" ခေါ်သည်။

ဘုရားစေတီ စသော ကျောက်အုတ်နှင့် လုပ်သော အဆောက်အဦများတွင် အလယ်မဏ္ဍိုင်ကို "ကံ့ကူဆံထုံး" ခေါ်သည်။

၎င်းပြင် ကျောက်အုတ် အဆောက်အဦများတွင် မြေစိုက် မဟုတ်ပဲး အဆောက်အဦအမြင့် သုံးပုံနှစ်ပုံလောက်က စ၍့ မတည်သော တိုင်ကိုလည်း "ပိန္နဲးတိုင်" ပင်ခေါ်သည်။

၈။ မြေစိုက်တိုင်များတွင် မြေဝင် မြေအတွင်းက ထည့်သော ကန့်လန့်ကို "ထိပ်" ဟူ၍့ ခေါ်သည်။

၉။ တိုင်များကို ဖောက်၍့ အောက်ကလျှိုသော ပျဉ်ပြားကို "ယက်မ" ဟု ခေါ်သည်။

ထိုယက်မမှာ ယခုအခါကဲ့သို့ ကပ်၍့ ရိုက်လေ့ မရှိ။ ဖောက်၍့ ထိုးမှသာ တာရှည်ခိုင်သည် ဟူ၍့ အယူရှိသည်။ ကပ်၍့ ရိုက်သော ယက်မပါသော အဆောက်အဦများမှာ ယာယီဟူ၍့ အယူရှိကြသည်။

၁၀။ ယက်မ အထက်တွင် တင်သော သစ်သားကို "ဆင့်" ဟူ၍့ ခေါ်သည်။

(၁) မှတ်ကစ (၁၀) မှတ်ထိ အလုပ်များမှာ သံဟူ၍့ မပါသေး။ သစ်သားလျှင် သစ်သားချင်း အံကျအောင် လုပ်ဆောင်ရသည်။ သံရိုက်၍့သော်၎င်း ဇာဝီ ဝက်အူ စသော မူလမူလီ သွယ်၍့သော်၎င်း လုပ်ဆောင်ရသည်ထက် အလုပ်ခက်သည်။ လရက် ကြန့်ကြာစွာ တာရှည်လုပ်ရသည်။

၁၁။ ဆင့်ပေါ်တွင် စီ၍့ခင်းသော ပျဉ်ပြားကို၊ ဝါးကို "ကြမ်း" ဟူ၍့ ခေါ်သည်။

၁၂။ ကြမ်းပေါ်တွင် တဆင့်တင်၍့သော်၎င်း ပိတ်ဆီး၍့သော်၎င်း ထည့်တပ်သော ပျဉ်ပြားကို "ခါးပန်း" ဟူ၍့ ခေါ်သည်။

၁၃။ ကြမ်းဆင့် အနိမ့်အမြင့်ရှိသော နေရာတွင် ကာကွယ်ပိတ်ဖုံးသော သစ်သားကို "မောင်းမလယ်" ဟူ၍့ ခေါ်သည်။

၁၄။ အကာ ကာရံရန် တန်းရိုက်သော ပျဉ်ပြားကို "ကျွဲးနံ" ခေါ်သည်။

၁၅။ ကာသော အကာကို "နံရံ" ဟူ၍့၎င်း၊ "ကဲလား" ဟူ၍့၎င်း၊ "ထရံ" ဟူ၍့၎င်း ဒေသန္တရအလိုက် ရှေးက ခေါ်ကြသည်။

၁၆။ တံခါးပေါက် အကြီးအငယ်များတွင် တံခါးထည့်ရန် ထည့်တပ်သော သသ်သားကို "ခေါင်းစီးခေါင်းခံ" ခေါ်သည်။

သည်ကဲ့သို့ ခေါင်းစီးခေါင်းခံ ထည့်သည့်အတွက် သံအသုံးပြုရသည့်အရာ လွန်စွာနည်းပါးသည်။ တခါးတစုံလုံးမှ ရွက်ဖုံးအတွင်း သုံးချက် လေးချက်လောက်သာ သံပါသည်။

အဆောက်အဦများတွင် မြေဝင်ကစ ထုပ်လျောက်ထိ အပိုင်းကို "အောက်ဝါ" ဟူ၍့ ခေါ်သည်။

ထုပ်လျှောက်စ၍့ အမိုးအဆုံးထိ အပိုင်းကို "အထက်ဝါ" ဟူ၍့ ခေါ်သည်။

အမိုးလုပ်ရန် တိုင်များတွင် တိုင်ထိပ်က အနံလိုက် ကန့်လန့်ထည့်တပ်သော သစ်သားကို "ထုပ်" ခေါ်သည်။

၎င်းထုပ်ပေါ်တွင် အလျားလိုက် ထည့်သော သစ်သားကို "လျောက်" ခေါ်သည်။

လျောက်နှင့် ထုပ်ကို မလှုပ်ရှားအောင် ဆက်သွယ်တွယ်ကပ်သော အနံနှင့် အလိုက်သင့် ထည့်သော သစ်သားကို "ဒိုင်း" ခေါ်သည်။

အလယ်ခေါင်လျှောက် အောက်က အလျားလိုက်၊ လျှောက်နှင့်ထုပ် မလှုပ်ရှားရအောင် ဆက်သွယ် တွယ်ထောက်သော သစ်သားကို "ကျားမော့" ခေါ်သည်။

ထုပ် လျောက် ဒိုင်း ကျားမော့များမှာလည်း သစ်သားလျှင် သစ်သားချင်း၊ ဖောက်ထွင်း တွယ်ကပ် ဆက်စပ် ထည့်ကပ်ရသောကြောင့် သံကို အသုံးပြုရသည့်အရာ မပါသေး။

ထိုကဲ့သို့ လုပ်ရသည့် အတွက်၊ အဆက် မပါရသောကြောင့် လုံးချောသစ်သား ရှည်ရှည်များလည်း များစွာ ပိုမို အသုံးပြုရသည်။ မမှီတတ်သော နေရာများမှာ ယခုအခါကဲ့သို့ ဆက်တပ် တွယ်ကပ် အသုံးပြုခွင့် မရ။

ထိုကဲ့သို့ ဖြစ်၍့၊ လောကီသင်ကေတ လောကစာရီ ခေါ်သော စာစောင်များမှာ၊ တိုင်ဆက် ထုပ်ဆက် လျောက်ဆက် ပါသော အဆောက်အဦများကို "မီးကူ" ဟူ၍့ ခေါ်ကြောင်း၊ အိမ်များ ကျောင်းများတွင် ရှင်လူတို့ မနေကောင်းဟု ပညတ် သတ်မှတ်ကြသည်။

၎င်းပြင်လည်း ပြင်းထန်စွာလာသော မိုးသက်မုန်တိုင်း လေပွေမုန်တိုင်း ခေါ်သော ကျလေကြီးများ တိုက်တိုးသောအခါ သံမပါသည့်အတွက် ပျက်စီးလွယ်သည်။ ထုပ်လျောက်ကစ၍့ ဆောင်ပုံတခုလုံး လေတိုက်သဖြင့် လွင့်စင်ပါသည် အရာများစွာ ရှိဘူးသည်။.....

အထက်ဝါအတွက် ခေါ်ဝေါ်ပုံအကြောင်း။

၎င်းပြင် အထက်ဝါအတွက် ခေါ်ပုံမှာလည်း များစွာ ကျယ်ဝန်းသည်။ ထုပ်ပျံလျောက်ပျံပါသော ဆောင်ပုံ၊ မပါသော ဆောင်ပုံ၊ စကြောဆောင်ပုံ၊ နှစ်ထပ်ဆောင်ပုံ၊ စမ္ပယ်ထပ်ဆောင်ပုံ၊ သုံးထပ်ဆောင်ပုံ၊ လေးထပ်ဆောင်ပုံ၊ ဟူ၍့ မူလဆောင်ပုံ အမျိုးများလည်း ခွဲးခြားထားသေးသည်။

သုံးထပ်ဆောင်ပုံ ဟူသမျှမှာ ကျောင်းဖြစ်စေ အိမ်ဖြစ်စေ နန်းဖြစ်စေ "ဇေတဝန်ဆောင်" ဟူ၍့ ခေါ်လေ့ရှိသည်။

ဆိုခဲ့သော နှစ်ထပ်ကစ၍့ လေးထပ်ထိ ဆောင်ပုံများတွင် စမြင်ခံ အမိုးတထပ် တိုး၍့ ထည့်လျှင်၊ နှစ်ထပ်သည် သုံးထပ်ယောင် သုံးထပ်လိုလို။ ထိုနည်းအားဖြင့် လေးထပ်သည် ငါးထပ်ယောင် ငါးထပ်လိုလို ထင်ရအောင် ဆောင်ပုံများ လုပ်ဆောင်လေ့ရှိသည်။

အောက်ဝါမှာသော်၎င်း အထက်ဝါမှာသော်၎င်း အခုအခံ အတွယ်အကပ်ကလေးများ ထည့်တပ်သည်ကို နေရာအလိုက် ထိုက်သက်ရာ ခေ့်ဝေါ်လေ့ရှိသည်မှာ အောက်ပါအတိုင်း အမည်များ ခွဲးခြားမှတ်သားသည်။

၁။ "ဖား"

၂။ "နွား"

၃။ "ကုလားတက်" ဟူ၍့ ခွဲခြားသည်။

တခုနှင့်တခု အဆက်အစပ်ကြားက ညီမျှအောင် လုပ်ဆောင် ခုခံသော သစ်သားကို "ဖား" ဟူ၍့ ခေါ်လေ့ရှိသည်။

ဝတ္ထုကြီးကြီးများ မလျှောမကျအောင် အောက်က မူလဝတ္ထုကို အပေါက်မဖောက် မထွင်းပဲး၊ သံရိုက်၍့ဖြစ်စေ စို့နှက်၍့ ဖြစ်စေ တွယ်ကပ် ခုခံထားသော သစ်သားကို "နွား" ဟူ၍့ ခေ့်လေ့ရှိသည်။

အလတ်စား အငယ်စားဖြစ်သော ဝတ္ထုများ မလျှောမကျအောင် အောက်က မူလဝတ္ထုကို ဖောက်ထွင်း ရိုက်နှက် ခုခံ တပ်ထားသော သစ်သားကို "ကုလားတက်" ဟူ၍့ ခေါ်လေ့ရှိသည်။ (မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း။ ပဉ္စမတွဲ။)

စာ - ရှေးစာကဗျာများ

ပုံ - မောင်ယဉ်လှိုင်း(ပျဉ်းမမြိုင်)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ