Skip to main content

ဘ နှင့် ဖ

ဘ နဲ့ ဖ သုံးတာ ရောထွေးနေတယ်။ ကျွန်တော်တို့ ပဥ္စမတန်းမှာ ဒေါင်းဘတ်စာသင်ခဲ့ရတယ်။ 

ဖ - ဖယောင်းတိုင်၊ ကြာပန်းခိုင်။

ဘ - ဘယက်မှာ၊ ဒေါင်းရုပ်ပါ။

ဖ - ဖရုံပေါ၊ တို့ယာတော။

ဘ - ဘယက်၊ ရွှေဒေါင်းခွက်။

ဖ - ဖရုံယို၊ အလွန်ချ ို။

ဘ - ဘဖိုးအို၊ ဆီးလို့ကြို။

ဆာဘိုးသာ (စီးပွါးရေး)

ဒီဒုတ်ဦးဘချို (အာဇာနည် တဦး)

ဘကြီး

ဘကြီးတော် (ကုန်းဘောင်ဆက်မင်း တပါး)

ဘကလေး၊ ဦး၊ (ရွှေတလေး)

ဘဂေး (ဆိုဘွယ်ရာတစုံတရာမျှမရှိ)

ဘတင့် (ရုပ်ရှင်မင်းသား)

ဘထွေး

ဘနန်းလုလု

ဘဘ

ဘယက်တန်ဆာ

ဘယဆေး

ဘရင်ဂျီနာ (ဂရင်ဂျီနာ)

ဘရဏီနက္ခတ်

ဘရန်ဒီ

ဘရာစီယာ

ဘရိတ်အုပ်

ဘရိုကိတ်

ဘရိုက်တီးကျောက်

ဘရုံးဘရင်း (မညီမညွတ်၊ ဆူဆူညံညံ)

ဘလောက်

ဘဝဂ်အဆုံး

ဘဝင်ကျ

ဘဝပြောင်းသည်

ဘဝဲ

မန်းဘခိုင် (အာဇာနည် တဦး)

မိဘ

ရှင်ဘို့မယ် (မိဖုရား)

လာဘ်လာဘ

အံ့ဘနန်း

အချုပ်တန်းဆရာဖေ

အဘ

အသုဘ

ဥသဘနွား

ဦးဖိုးကျား (အမျိုးသားပညာရေးလောကတွင် ထင်ရှားခဲ့သူ)

ဦးဖိုးစိန် (မြန်မာ့စာပေလောကတွင် ထင်ရှားခဲ့သူ)

ဦးဖူးညို (ရုပ်သေး)

ဦးဘကလေး (ရွှေတလေး)

ဦးဘချို (ဒီးဒုတ်)

ဦးဘဂျမ်း (ကာတွန်း)

ဦးဘဇော် (ပန်းချီ)

ဦးဘဉာဏ် (ပန်းချီ)

ဦးဘလုံ (ပန်းချီ)

ဦးဘဝင်း (အာဇာနည် တဦး)

ဦးဘဦး (ဒုတိယမြောက်သမတ)

ဦးဘိုးစိန် (မြန်မာ့သဘင်လောကတွင် ထင်ရှားခဲ့သူ)

ဦးဘိုးလှိုင် (ယောအတွင်းဝန်)

ဦးဘေမောင်တင် - ဘေ နဲ့ ဖေ နှစ်မျိုးလုံး ရေးနေတာတွေ့တယ်။ လက်ထဲမှာ ကင်းဝန်မင်းကြီး လန်ဒန်သွား နေ့စဉ်မှတ်စာတမ်းစာအုပ် ရှိတယ်။ ဦးဘေမောင်တင်က တည်းဖြဋ်ပြင်ဆင်သည် တဲ့။ ဘေ နဲ့ ဖေ မှားစရာမရှိပါ။ ဦးဘေမောင်တင်ဟာ ရန်ကုန်တက္ကသိုလ်စတည်ထောင်ချိန်မှာ တက္ကသိုလ်မှာ မြန်မာစာ ပြဋ္ဌာန်းသင်ကြားဖို့ အဆိုပြုခဲ့သူ ဖြစ်တယ်။ နှစ်ဆယ်ရာစု မြန်မာပညာရှင်များရဲ့ဖခင်ဖြစ်တယ်။ သိပ္ပံမောင်ဝရဲ့ဆရာလည်းဖြစ်တယ်။ ၂၁ ရာစုထဲမှာတော့ ဆရာ့အမည်ဟာ မူကွဲဖြစ်လာပါတော့တယ်။ မြန်မာစာကို ဆက်လက် လေ့လာ ထိန်းသိမ်းခဲ့သူတွေဖြစ်တဲ့ ကျွန်တော်တို့ တယောက်တမျိုး ညံ့ကြတယ်။

စစ်အစိုးရတက်ကတည်းက အဘအသုံးဟာ ကိုယ့်အဘကိုတောင် အဘမခေါ်ချင်လောက်အောင် ပျက်စီးသွားတော့တယ်။ 

- အဘခေတ် ကျဆုံးပါစေ။ 

- (တစ်)ညီတညာခေတ် ပျောက်ဆုံးပါစေ။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ