၁-၂-၃-၄ ပျောက်ကွယ်သွားမှာကို စိုးရိမ်မိတယ်လို့ တင်ပြတာကို နားမလည်သူတယောက်က ပြန်မေးပါတယ်။
ကျန်းမာရေးမေးခွန်းတွေကို ဖြေနေတာ ဆယ်နှစ်ကျော်ပြီ။ အစပိုင်းမှာ အခုလောက် အမှားတွေ၊ အလွဲတွေ၊ အလွယ်တွေ မရေးကြသေးပါ။
အလွဲတွေထဲမှာ ၁-၂-၃-၄ ပါတယ်။ အသက်ရေးလည်း 1-2-3-4 တဲ့။ ဘယ်နှစ်ရက်ရှိပြီဆိုတာမှာလည်း 1-2-3-4 တဲ့။ ကလေးဘယ်နှစ်ယောက်ကိုလည်း 1-2-3-4 တဲ့။
ကင်ဆာအဆင့်ကိုတော့ အင်္ဂလိပ်ဂဏန်းနဲ့ သင့်တယ်။ ဆေးစစ်ချက်အဖြေတွေလည်း အင်္ဂလိပ်ဂဏန်း သင့်တယ်။ ဆေးအမည် ဥပမာ ဘီ-၁၊ ဘီ-၁၂ တွေကို အင်္ဂလိပ်လို ရေးတာ သင့်ပါတယ်။ ကလေး 1 ယောက်လို့ရေးတာ မသင့်ပါ။
၁ - ၂ စာကိုချစ်၊
၃ - ၄ မသိတာမေး။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment