Skip to main content

Buddha and God ဘာသာတရားနဲ့ စာစကား

ဆရာခဗျ ဘုရားဆိုတဲ့ စကားလုံးက ဘယ်ကဆင်းသက်လာတာပါလဲခဗျ ဗုဒ္ဓကနေဘုရား ဖြစ်လာတယ်လို့ ပြောတာမှန်လားခဗျ ဗုဒ္ဓနဲ့ဂုဏ်တော်တူသော တခြားဘာသာက ဘုရားတွေလဲဘုရားလို့ ခေါ်လို့ရလားခဗျ

ဗုဒ္ဓဘာသာအရ ဘုရားဆိုသည်မှာ ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊ အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော သဗ္ဗေညုတဉာဏ်တော်ရှင် ပုဂ္ဂိုလ်ထူးကို ဆိုလိုသည်။ 

ဗုဒ္ဓဘာသာတွင် ဗုဒ္ဓဆိုသည်မှာ သစ္စာလေးပါးကို ကိုယ်တိုင်အသိဉာဏ်ဖြင့် သိရှိသောကြောင့် ဉာဏ်အလင်းပွင့်သူ၊ သဗ္ဗညုတဉာဏ်တော်ကို ပိုင်ဆိုင်သူ၊ လမ်းညွှန်ပြသပေးသည့် ဆရာမရှိဘဲ ကိုယ်တိုင်အားထုတ်မှုဖြင့်သာ ဗုဒ္ဓအဖြစ်သို့ရောက်ရှိသူ၊ နိဗ္ဗာန်သို့ မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် ရောက်ရှိသောသူဟု ယေဘုယျအနက်ရရှိသည်။ ဗုဒ္ဓဟူသည့်စကားလုံးသည် ကိုယ်ပိုင်နာမ် အမည်မဟုတ်ဘဲ အာလုပ်ပုဒ်အရ ခေါ်ဆိုသည့် အများဆိုင်နာမ်ဖြစ်သော်လည်း ကမ္ဘာတလွှား၌ ဗုဒ္ဓဟုဆိုလိုက်လျှင် ဗုဒ္ဓဘာသာကို စတင်တည်ထောင်သော ဂေါတမဗုဒ္ဓကိုသာ အများအားဖြင့် ရည်ညွှန်းလေ့ရှိသည်။ ဗုဒ္ဓသည် ဗုဒ္ဓဘာသာဝင်များအဖို့ ဘုရား ဗုဒ္ဓမြတ်စွာဘုရားဖြစ်၍ သမ္မာသမ္ဗုဒ္ဓ ခပ်သိမ်းသောတရားတို့ကို ကိုယ်တိုင်သိတော်မူသောဘုရား ဟူ၍လည်း ခေါ်ဝေါ်သုံးနှုန်းကြသည်။

ဒါဆိုဆရာ ဟိန္ဒူဘုရားတွေလဲဘုရားလို့ခေါ်လို့ရတယ်ပေါ့ခဗျ ဘုန်းတော် ၆ပါး ဘဂဝါနဲ့ ဘဂဝမ်းနဲ့တူတူပါပဲခဗျ

ဘာသာတရားတိုင်းက ဘုရားလို့သာ ခေါ်ကြတယ်။ မြန်မာစာ စကားအရ ဖြစ်တယ်။

တစ်ချို့(တချို့)က ဘုရားဆိုတာ ဗုဒ္ဓကနေဖြစ်ပေါ်လာတဲ့စကားလုံးလို့ ပြောကြလို့ပါဆရာ ကျေးဇူးပါခဗျာ

မြန်မာစကား ပါဠိအရ မတူပါ။ ဗုဒ္ဓဘာသာ စာပေမှာ ပါဠိစာနဲ့သာ တိကျတယ်။ သက္ကတတောင် မတိကျပါ။

ကိုးကွယ်ရာဘာသာကို လေ့လာတာနဲ့ ပြောဆိုစကားကို သိလိုတာ ထပ်တူမကျတတ်ပါ။

ဗုဒ္ဓဘာသာမှာသုံးနေတဲ့ ဝေါဟာရစကားလုံးတချို့ကို မြန်မာလိုရေးတဲ့၊ ပြောတဲ့ ခရစ်ယန်ဘာသာမှာ ယူသုံးတယ်။ ထပ်တူမကျတတ်ပါ။

ဗုဒ္ဓဘာသာကလည်း ဘာသာပြန်တဲ့အခါ အင်္ဂလိပ်စာထဲက ယူသုံးတယ်။ ထပ်တူမကျတတ်ပါ။

တခြားဘာသာတရားတွေသာမကပါ ကွန်မြူနစ်၊ ဆိုရှယ်လစ်နဲ့ ရသစာတွေကပါ ဗုဒ္ဓဘာသာထဲက ပါဠိစာလုံးတွေကို ယူသုံးကြပါတယ်။

ဟိန္ဒူမှာလည်း ဘုရားတွေ အများကြီး။ ရှေးဟောင်းဂရိမှာလည်း ဘုရား ခေါ် နတ်ဘုရားတွေ အများကြီး။

ဘာသာတရားနဲ့ စာစကားကိုလေ့လာရင် ခွဲခြားပြီး သိနားလည်ရပါမယ်။ 

Photo of Ancient Greek Gods

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ