Skip to main content

The New Generation of Students သမိုင်းမသိသူတွေ မြန်မာစာမသိသူတွေ များလာပြီ

(စ) ပေါ့ပေါ့တန်တန် သရေပွဲလောက် မျှော်ပြီး အသက်တွေ ဘဝတွေ ရင်းနေကြတာ မဟုတ်ဘူး။ တကိုယ်ရေ အရောင်တောက်ရုံ အရေးတော်ပုံထဲ အရာဝင်ရုံ စစ်ရာဇဝတ်မှုတွေက ဘာမှ မဟုတ်ဘူး။ အရင်လိုပဲ လျှော်ပစ်လို့ရပါတယ်။ ဖယ်ဒရယ် ဆိုတာ EROs တချို့နဲ့ အပေးအယူလုပ်ရင် ပြီးတယ်ဆိုပြီး ငြိမ်းချမ်းရေး ယောင်ယောင် ပွဲစားတော့ ဝင်မလုပ်ကြပါနဲ့။ တော်လှန်ရေး တိုက်စား - သမိုင်းကွေးနဲ့ ကံကုန်ရင် မကောင်းဘူး။ (၃၀-၀၇-၂၀၂၃)

ပြည်ပနိုင်ငံရေးထဲက မိတ်ဆွေတဦးတင်တာ။ ရင်းနှီးသူဖြစ်လို့ ရေးလိုက်မိတယ်။

Women's World Cup မှတ်လို့ဗျာ။ ပေါ့တန်တန်ဖြစ်သွားလို့ ဆောရီး။

သတင်းတွေကြားလို့ သတိထားမိအောင်ပါဆရာ။ ဘောလုံးပွဲ မဟုတ်ဘူး။ ဝိညာဉ်ချင်း ချည်ပြီး ရိုက်တဲ့ပွဲ။ ကြားရတာသာမှန်ရင် ကြောက်စရာ အံ့ဩစရာပါဆရာ။ သမိုင်းတဖြတ်သံယောဇဉ်နဲ့ ကောလဟလ ဖြစ်ပါစေ။

သူက တိုင်းရင်းသားခေါင်းဆောင်တဦး။

တချိန်တည်းမှာ ကွန်မင့်တခုလည်းရတယ်။

လူငယ်တွေအတွက် နိုင်ငံရေးသဘောတရား အတွေ့အကြုံလေးတွေတင်ပေးပါအုံး။

တင်ပြချင်ပါရဲ့ ဒါပေမဲ့ -

ကျွန်တော် မေးလို့ဖြေရတဲ့ အင်တာဗျူးတွေမှာ ပြောခဲ့တာလည်း များပြီ။ အသစ်ဖြစ် 'ပျက်' မှုတွေလည်း ရှိလာတယ်။

တမြန်နေ့က ဒီမြို့မှာ နိုင်ငံရေးဆွေးနွေးပွဲတခုက ဖိတ်လို့ တက်ရပါတယ်။ နွေဦးတော်လှန်ရေးထဲက လူသိများတဲ့သူတွေလည်း လာကြတယ်။ ကျွန်တော်က နည်းနည်းတော့ ပြောရတယ်။ အခြေခံသာ ပြောတယ်။ တိုင်းသူပြည်သားတွေ ပညာရည် (ပညာရေး) နိမ့်ကျလို့ (နှိမ့်ချခံထားရလို့) စဉ်းစားတွေးခေါ်မှုပါ ကျဆင်းနေတယ်။ 'ဒီအက်စ်အေ' မှာ သင်တဲ့သမိုင်းက လူတွေသင်တဲ့သမိုင်းနဲ့ မတူဘူး။

တာဝန်ရှိသူတဦးက ပညာရေးမူသစ်မှာ သမိုင်းဘာသာ ချန်ထားဦးမယ်တဲ့။

ဘာကြောင့်လို့ အတန်အသင့် နားလည်နိုင်ပါတယ်။ သမိုင်းစာအုပ်ကောင်း (မှန်) မရှိသေးပါ။

နယူးဒေလီမှာ နေစဉ်က ပညာသင်ဆုအတွက် အင်တာဗျူးလုပ်တော့ မြန်မာပြည် ဘယ်ကိုလိုနီအောက်ကနေ လွတ်လပ်ရေးရသလဲမေးတာ့ ဖြေတဲ့သူက တရုပ်လက်အောက်ကတဲ့။ ဖြေတဲ့သူက အင်္ဂလိပ်စာတော့ ကောင်းပါတယ်။

တခြားတိုးတက်တဲ့နိုင်ငံတခုသွားပြီး ပညာသင်ရသူတယောက် လှမ်းမေးပါတယ်။ သူတို့ကျောင်းမှာ မြန်မာပြည်အကြောင်း မေးကြတော့ မဖြေတတ်လို့တဲ့။ 'ဖဆပလ' ဆိုတာ။ 'မဆလ' ဆိုတာဘာ။ 'နဝတ-နအဖ' ဆိုတာ ဘာ။ 'အင်နယ်လ်ဒီ' က ဘာ။ ဘိုလို ရေးပေးရတယ်။

ကနေ့ ဘိုလိုတတ်သူတွေများလာပြီ။ သမိုင်းမသိသူတွေသာမက မြန်မာစာ မသိသူတွေလည်း များလာပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ