Skip to main content

The New Generation of Students သမိုင်းမသိသူတွေ မြန်မာစာမသိသူတွေ များလာပြီ

(စ) ပေါ့ပေါ့တန်တန် သရေပွဲလောက် မျှော်ပြီး အသက်တွေ ဘဝတွေ ရင်းနေကြတာ မဟုတ်ဘူး။ တကိုယ်ရေ အရောင်တောက်ရုံ အရေးတော်ပုံထဲ အရာဝင်ရုံ စစ်ရာဇဝတ်မှုတွေက ဘာမှ မဟုတ်ဘူး။ အရင်လိုပဲ လျှော်ပစ်လို့ရပါတယ်။ ဖယ်ဒရယ် ဆိုတာ EROs တချို့နဲ့ အပေးအယူလုပ်ရင် ပြီးတယ်ဆိုပြီး ငြိမ်းချမ်းရေး ယောင်ယောင် ပွဲစားတော့ ဝင်မလုပ်ကြပါနဲ့။ တော်လှန်ရေး တိုက်စား - သမိုင်းကွေးနဲ့ ကံကုန်ရင် မကောင်းဘူး။ (၃၀-၀၇-၂၀၂၃)

ပြည်ပနိုင်ငံရေးထဲက မိတ်ဆွေတဦးတင်တာ။ ရင်းနှီးသူဖြစ်လို့ ရေးလိုက်မိတယ်။

Women's World Cup မှတ်လို့ဗျာ။ ပေါ့တန်တန်ဖြစ်သွားလို့ ဆောရီး။

သတင်းတွေကြားလို့ သတိထားမိအောင်ပါဆရာ။ ဘောလုံးပွဲ မဟုတ်ဘူး။ ဝိညာဉ်ချင်း ချည်ပြီး ရိုက်တဲ့ပွဲ။ ကြားရတာသာမှန်ရင် ကြောက်စရာ အံ့ဩစရာပါဆရာ။ သမိုင်းတဖြတ်သံယောဇဉ်နဲ့ ကောလဟလ ဖြစ်ပါစေ။

သူက တိုင်းရင်းသားခေါင်းဆောင်တဦး။

တချိန်တည်းမှာ ကွန်မင့်တခုလည်းရတယ်။

လူငယ်တွေအတွက် နိုင်ငံရေးသဘောတရား အတွေ့အကြုံလေးတွေတင်ပေးပါအုံး။

တင်ပြချင်ပါရဲ့ ဒါပေမဲ့ -

ကျွန်တော် မေးလို့ဖြေရတဲ့ အင်တာဗျူးတွေမှာ ပြောခဲ့တာလည်း များပြီ။ အသစ်ဖြစ် 'ပျက်' မှုတွေလည်း ရှိလာတယ်။

တမြန်နေ့က ဒီမြို့မှာ နိုင်ငံရေးဆွေးနွေးပွဲတခုက ဖိတ်လို့ တက်ရပါတယ်။ နွေဦးတော်လှန်ရေးထဲက လူသိများတဲ့သူတွေလည်း လာကြတယ်။ ကျွန်တော်က နည်းနည်းတော့ ပြောရတယ်။ အခြေခံသာ ပြောတယ်။ တိုင်းသူပြည်သားတွေ ပညာရည် (ပညာရေး) နိမ့်ကျလို့ (နှိမ့်ချခံထားရလို့) စဉ်းစားတွေးခေါ်မှုပါ ကျဆင်းနေတယ်။ 'ဒီအက်စ်အေ' မှာ သင်တဲ့သမိုင်းက လူတွေသင်တဲ့သမိုင်းနဲ့ မတူဘူး။

တာဝန်ရှိသူတဦးက ပညာရေးမူသစ်မှာ သမိုင်းဘာသာ ချန်ထားဦးမယ်တဲ့။

ဘာကြောင့်လို့ အတန်အသင့် နားလည်နိုင်ပါတယ်။ သမိုင်းစာအုပ်ကောင်း (မှန်) မရှိသေးပါ။

နယူးဒေလီမှာ နေစဉ်က ပညာသင်ဆုအတွက် အင်တာဗျူးလုပ်တော့ မြန်မာပြည် ဘယ်ကိုလိုနီအောက်ကနေ လွတ်လပ်ရေးရသလဲမေးတာ့ ဖြေတဲ့သူက တရုပ်လက်အောက်ကတဲ့။ ဖြေတဲ့သူက အင်္ဂလိပ်စာတော့ ကောင်းပါတယ်။

တခြားတိုးတက်တဲ့နိုင်ငံတခုသွားပြီး ပညာသင်ရသူတယောက် လှမ်းမေးပါတယ်။ သူတို့ကျောင်းမှာ မြန်မာပြည်အကြောင်း မေးကြတော့ မဖြေတတ်လို့တဲ့။ 'ဖဆပလ' ဆိုတာ။ 'မဆလ' ဆိုတာဘာ။ 'နဝတ-နအဖ' ဆိုတာ ဘာ။ 'အင်နယ်လ်ဒီ' က ဘာ။ ဘိုလို ရေးပေးရတယ်။

ကနေ့ ဘိုလိုတတ်သူတွေများလာပြီ။ သမိုင်းမသိသူတွေသာမက မြန်မာစာ မသိသူတွေလည်း များလာပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ