Skip to main content

မကြားဘူး မမြင်ဘူး မရောက်ဘူး မလာဘူး

"မမြင်ဘူး၊ မကြားဘူး၊ မတွေ့ဘူး" မဟုတ်ဘူးဆရာ။ "မမြင်ဖူး၊ မကြားဖူး၊ မတွေ့ဖူး" ဖြစ်ရမှာပါ။

ဘူး

၁။ မြန်မာအဘိဓာန် ၁၉၉၁ (မြန်မာစာအဖွဲ့)

ဘူးကွယ်

ဘူးခါး

ဘူးတောင်း (ဘူးသီးခြောက်)

ဘူးလည်သီးခတ် ကြိုးချည်နည်း

ဘူးလုံးနားမထွင်း

ဘူးသင်း (ကိုလိုနီဆန့်ကျင်ရေးအသင်း)

ဘူးသပိတ် (လည်တံမပါသော ဘူးသီး)

ဘူးသီး

မစားဘူး

ဘူး

၂။ ဦးသာမြတ် သတ်ပုံကျမ်း

နဘူးနွယ် (နဖူးနွယ်)

ဗူး

ဗူးဆို့

ဗူးတောင်း = ဗူးတို (တောင်း = တို)

ဗူးပင်

ဗူးသီး

မမြင်ဘူးပါ

မလာဘူး

မသွားဘူး

ရေဗူး

ရောက်ဘူးသည်

ဘူး

၃။ ကဝိဓဇသတ်ပုံကျမ်း

ကြားဘူးနားဝ

နဘူးနွယ်ပင်

ဘုရားဖူးဘူးသည်

ဘူးကွယ်သည်

မကြားဘူး

မမြင်ဘူး

မရောက်မလာဘူး

“မပြောဘူးသာ ဆိုတယ်၊ လက်ခုပ်တွေ တီး၊ ပါးစပ်ကလဲ ဘာတွေ ပြောနေတယ် မသိဘူး” 

“ဘာမှတော့ မပြောပါဘူး။ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည် ဘောပွဲကို ရောက်သွားတယ်” 

တုပ်ကွေး (သိပ္ပံမောင်ဝ)

သံသရာဘေး (ဂျာနယ်ကျော်မမလေး)

မကျင်မြကို အလိုလိုက်ကာ အကြိုက်ဆောင်ရမည်ဆိုလျှင် မောသည်ပန်းသည်ဟူ၍ မရှိ၊ စိတ်ညစ်ညူးသည်ဟူ၍ မရှိ။ ပျော်၍သာ နေသည်။ နံဘေးမှ သူငယ်ချင်းတွေက မကျင်မြအတွက် ကိုဘသောင်း ဘာမဆို လုပ်ပေးနေသည်ကို အကြည့်ရခက်လာကြသည်။ “ဟ ဘသောင်းရေ၊ မင်းဟာကွာ မပိုးရဘူး မဟုတ်ပါဘူး။ အငမ်းမရ ခိုင်းတိုင်း လုပ်ပေးနေတာမျိုးကျတော့လည်း တို့က တယ် ကြည့်လို့မရဘူးဟေ့ ...” ဟု ကြည့်မရသူများက တိုက်ရိုက်ပြောလာကြသည်။ ကိုဘသောင်းက မဖြုံပေ။ ကမ္ဘာပေါ်တွင် မကျင်မြမှ မကျင်မြသာဖြစ်၏။

ဗူး နဲ့ ဘူး ဋီကာ https://burmese-spelling.blogspot.com/2022/11/blog-post_6.html

ဒေါက်တာတင့်ဆွ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ