Skip to main content

တော်သလင်း လှေတော်ပွဲ - ပုံတောင်နိုင် မော်ကွန်း

မြင့်ဖြူး ယူဇနာ၊ ခုနစ်ရာဟု

ကျမ်းလာပြညွှန်၊ ဝေဇယန်လည်း

မလွန်လှည့်ယောင်၊ မြစ်လုံးပြောင်မျှ

နန်းဆောင်ပြာသာဒ်၊ ကွမ်းဘူးထွတ်နှင့်

စွယ်ညွတ် စွယ်စုံ၊ ထွန်းရောင်ဟုံဖြင့်

သုံးဘုံရပ်သား၊ လူသုံးပါးကို

လက်ဝါးပေးတု၊ သုံးထွေပြုသား

သုံးလူ့ပူဇော်၊ လှေကျော်လွှမ့်တင်

အောင်မြင်တန်ခိုး၊ မြတ်ရိုး မင်းစဉ်

လှေယာဉ်ရတနာ၊ ရှေ့မကွာတည့်

ရွှေဒွါ ရွှေလောင်း၊ မိကျောင်း မြင်း ဆင်

ရုပ်သွင် ပီသ၊ ရဲလှေ စသည်

တောက်ပ ဝင်းဝင်း၊ လှေခပင်းတွင်

လျင်ပြင်း ကြွကြွ၊ သွားဘိထသို့

ရှေးက မဖြစ်၊ လုပ်သစ် မြဲခိုင်

နှိုင်းပြိုင် မဟေ့၊ ရွှေခြင်သေ့လည်း

ခုန်ဆွေ့ အန်မြောက်၊ ဟောက်ဘိဘနန်း

ဖြူသွန်းစွယ်သွား၊ ဦးနား ချီထောင်

ဟန်ဆောင် မြူးမြူး၊ လှေဦးလက်ထား

ပဲ့ဖျား မြီးရွက်၊ နှစ်ဖက် ခြေကန်

ကြံသင့်ဖန်၍

ဟေဝန်တောမှာ၊ ကေသရာကို

သလှာ နတ်များ၊ ဘုန်းတော်အားဖြင့်

လာငြား မသိ၊ တွေးဘွယ်ရှိသည်

မျက်စိ ယုံယုံ မှားမှားတည်း။ ။ (ပိုဒ်-၁၆)

ဆယ်ရပ်ပွင့်လင်း၊ စကြာမင်းတို့

လေးစင်းသမုဒြာ၊ ပျော်မြူးခါဝယ်

များစွာပရိသတ်၊ လိုက်ကုန်လတ်သို့

မှူးမတ် ရံသောင်း၊ လှေစဉ်မြောင်းနှင့်

မင်းခေါင်း နတ်ရှင်၊ စုန်လတ်ကျင်သော်

အောင်မြင်ဆုယူ၊ ရွှေပြည်သူတို့

ရှေ့ရှူ ပြိုင်းပြိုင်း၊ ဆိုင်းရရိုင်းလျှင်

ပြည့်လှိုင်း သိပ်နှက်၊ မြစ်တဖက်က

နှစ်သက် ဝမ်းသာ၊ ကောင်းချီးညာလျက်

နတ်ရွာမှန်ကူ၊ သိကြားဟူလည်း

သညိ့တူလည်းကောင်း၊ ရေကြောင်းစည်းစိမ်

နန်းဖောင်အိမ်ထက်၊ တကြိမ် တရံ

မစံ စဘူး၊ လွန်ဆန်းထူးဟု

ကျေးဇူးမိုးမြင့်၊ စောဘုန်းရင့်ကို

မျှော်လင့်တွေဝေ၊ အံ့မူးထွေဖြင့်

ဗိုလ်ခြေ စေ့စေ့၊ တိုးဝှေ့ မအား

ကမ်းနားညွတ်မျှ၊ ကြည့်ကုန်ကြသည်

ရွှင်ပ ပျော်ပျော် ပါးပါးတည်း။ ။ (ပိုဒ်-၁၇) (ရှင်မဟာရဋ္ဌသာရ)

ရှေးစာကဗျာများ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ