ကျမ်းလာပြညွှန်၊ ဝေဇယန်လည်း
မလွန်လှည့်ယောင်၊ မြစ်လုံးပြောင်မျှ
နန်းဆောင်ပြာသာဒ်၊ ကွမ်းဘူးထွတ်နှင့်
စွယ်ညွတ် စွယ်စုံ၊ ထွန်းရောင်ဟုံဖြင့်
သုံးဘုံရပ်သား၊ လူသုံးပါးကို
လက်ဝါးပေးတု၊ သုံးထွေပြုသား
သုံးလူ့ပူဇော်၊ လှေကျော်လွှမ့်တင်
အောင်မြင်တန်ခိုး၊ မြတ်ရိုး မင်းစဉ်
လှေယာဉ်ရတနာ၊ ရှေ့မကွာတည့်
ရွှေဒွါ ရွှေလောင်း၊ မိကျောင်း မြင်း ဆင်
ရုပ်သွင် ပီသ၊ ရဲလှေ စသည်
တောက်ပ ဝင်းဝင်း၊ လှေခပင်းတွင်
လျင်ပြင်း ကြွကြွ၊ သွားဘိထသို့
ရှေးက မဖြစ်၊ လုပ်သစ် မြဲခိုင်
နှိုင်းပြိုင် မဟေ့၊ ရွှေခြင်သေ့လည်း
ခုန်ဆွေ့ အန်မြောက်၊ ဟောက်ဘိဘနန်း
ဖြူသွန်းစွယ်သွား၊ ဦးနား ချီထောင်
ဟန်ဆောင် မြူးမြူး၊ လှေဦးလက်ထား
ပဲ့ဖျား မြီးရွက်၊ နှစ်ဖက် ခြေကန်
ကြံသင့်ဖန်၍
ဟေဝန်တောမှာ၊ ကေသရာကို
သလှာ နတ်များ၊ ဘုန်းတော်အားဖြင့်
လာငြား မသိ၊ တွေးဘွယ်ရှိသည်
မျက်စိ ယုံယုံ မှားမှားတည်း။ ။ (ပိုဒ်-၁၆)
ဆယ်ရပ်ပွင့်လင်း၊ စကြာမင်းတို့
လေးစင်းသမုဒြာ၊ ပျော်မြူးခါဝယ်
များစွာပရိသတ်၊ လိုက်ကုန်လတ်သို့
မှူးမတ် ရံသောင်း၊ လှေစဉ်မြောင်းနှင့်
မင်းခေါင်း နတ်ရှင်၊ စုန်လတ်ကျင်သော်
အောင်မြင်ဆုယူ၊ ရွှေပြည်သူတို့
ရှေ့ရှူ ပြိုင်းပြိုင်း၊ ဆိုင်းရရိုင်းလျှင်
ပြည့်လှိုင်း သိပ်နှက်၊ မြစ်တဖက်က
နှစ်သက် ဝမ်းသာ၊ ကောင်းချီးညာလျက်
နတ်ရွာမှန်ကူ၊ သိကြားဟူလည်း
သညိ့တူလည်းကောင်း၊ ရေကြောင်းစည်းစိမ်
နန်းဖောင်အိမ်ထက်၊ တကြိမ် တရံ
မစံ စဘူး၊ လွန်ဆန်းထူးဟု
ကျေးဇူးမိုးမြင့်၊ စောဘုန်းရင့်ကို
မျှော်လင့်တွေဝေ၊ အံ့မူးထွေဖြင့်
ဗိုလ်ခြေ စေ့စေ့၊ တိုးဝှေ့ မအား
ကမ်းနားညွတ်မျှ၊ ကြည့်ကုန်ကြသည်
ရွှင်ပ ပျော်ပျော် ပါးပါးတည်း။ ။ (ပိုဒ်-၁၇) (ရှင်မဟာရဋ္ဌသာရ)
ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment