Skip to main content

မှင် မျှင် မွှေး မွေး

ဆရာ ခင်ဗျ အမွေးအမျှင် နဲ့ အမွေးအမှင် ဘယ်ဟာက မှန်ပါသလဲဗျ

မှင်

မှင်စာတစ္ဆေ

မှင်ဆံ

မှင်တက်မိ (မှင်သက်မိ)

မှင်မောင်း

မှင်ရိုး (စောင်းကောက်)

မှင်သေ

မျှင်

မျှင်ပါးပိ (မျှင်ငပိ)

မျှင်ဝါး

ချည်မျှင်

ဆံချည်မျှင်

သေးမျှင်

သေးသေးမျှင်မျှင်

အမျှင်

မန်ကျည်းမျှင်

ဆရာရှင့် မေးခွင့်ပြုပါ။ သမီးအသက် ၄၂ နှစ်ပါ။ နှုတ်ခမ်းမွှေး(နှုတ်ခမ်းမွေး) စထွက်လာလို့ပါ။ နှုတ်ခမ်းနေရာ အရာအတိုင်း မဲပြီး နှုတ်ခမ်းမွှေး(နှုတ်ခမ်းမွေး) ထွက်လာလို့ပါ။ သိသိသာသာ မျက်နှာမှာမဲပြီးထင်းလာလို့ပါ။ 

မွှေး

ကျွေးမွေးသည်

ကြက်သီးမွေးညှင်းထသည်

ကြောက်မွေးပါ ဇာဂနာနဲ့နုတ်

ကြောင်မွေးထားသည်

ကလေးမွေးဖွားသည်

ကိုယ်မွေး

ချိုင်းမွေး

ဆံပင်မွေး

နယုန်မိုးသေး မြက်သားမွေး

နှုတ်ခမ်းမွေး

မွေးကျွတ်နာ

မွေးကျေးဇူး

မွေးချင်းပေါက်ဖော်

မွေးစားသည်

မွေးစားသား

မွေးစုတ်တဘက်

မွေးစုတ်တဘက် (မွေးပွတဘက်)

မွေးညင်း

မွေးညှပ်

မွေးတုံ့မွေးလှည့်

မွေးဖွါးသည်

မွေးမြူရေး

မွေးမေမေ

မွေးရှင်တော်

မွေးရာပါနှလုံးရောဂါ

မွေးရာပါရောဂါ

မွေးရာသန္ဓေပါ

မွေးသက္ကရာဇ်

မွေးသန္ဓေပါ

အမွေးအတောင်

အရှင်မွေး နေ့ချင်းကြီး

မွှေး

ချာလီချက်ပလင်ရဲ့ နှုတ်ခမ်းမွေး

နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင် နှင့် အခြားဝတ္ထုတိုများ (နုနုရည်အင်းဝ)

မန္တလေးက နှုတ်ခမ်းမွေး ဦးလူမော်

မွှေး (ခင်နှင်းယု)

မွှေးကြိုင်သော

မွှေးကြူသော

မွှေးထုံသော

မွှေးပျံ့သော

မွှေးသည် နမ်းသည်

မွှေးသောအနံ့

မီးမွှေးပါ

ရေမွှေး

ဟစ်တလာ့နှုတ်ခမ်းမွေး

ခင်နှင်းယုရေးတဲ့ မွှေး

အလွန်နာမည်ကြီးတဲ့ မွှေးဝတ္ထုကို ခင်နှင်ယုက ရေးပါတယ်။ ပြန်တင် ပြန်ထုတ်တွေမှာ မူရင်းသတ်ပုံတွေကို တမင်တကာ မှားစေအောင် ပြင်ထားကြတော့ မြန်မာစာ မမွှေးတော့ပါ။ တချိန်က မြန်မာစာ မွှေးခဲ့ပါသည်။ အခုတော့ တကမ္ဘာစီဝေး ဝေးပြီ။

ကျောချင်းကပ်၍ တရွေ့ရွေ့ခွာ တကမ္ဘာစီဝေး ဝေးပြီမွှေးရယ်

မျှဉ်အသုံး မရှိပါ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ