နေလုံးရယ်နီ
တိမ်ပန်းချီနေသွေးနဲ့၊ နတ်ရေးသည်သို့။
ဒီအကျပေမို့
အလှ လတာပြင်က၊ ကျူ ရိုးရှင်လှေကလေးနဲ့
မျှော် ငေးလိုလို့။
သူ့ကိုယ် သူလျှင်၊ ဘာထင်လေ မသိ
ဘယ်ပြောင်း ညာပြန်နဲ့
ဟိုငါးဖျံ လတာစွန်းမှာ၊ သူ့ဂျွမ်းဟန်ချည့်။
သူ့ကိုယ်သူလျှင်၊ ဘာထင်လေ မသိ
ဘုတ်မ ခုနစ်သံနဲ့
တညံညံ လတာစွန်းမှာ၊ သူ့လွမ်းသံချည့်။
အိုအချင်း ကျူ ရိုးရှင်
သူ့မူရာ သူ့အတင်း၊ မင်းဆိုခဲ့စဉ်
မင့်ကိုလဲ မင်းပင်လျှင်၊ ဘာထင်လို့လေလဲ
မဗေဒါ စုန်ဆန်လမ်းမှာ၊ ပန်းခဲ့သည်ဘဲ။ ။ (ဇော်ဂျီ)
မှတ်ချက် -
တစ်ညံညံ မဟုတ်။
သူ့ကျွမ်း မဟုတ်။
သူ့ဂျွန်း မဟုတ်။
ခုနှစ်သံ မဟုတ်။
ပန်းခဲ့သည်ပဲ မဟုတ်။
မင့်ကိုလည်း မဟုတ်။
ဘာထင်လို့လေလည်း မဟုတ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment