Skip to main content

ဒါးတန်း

မကြာခဏ သက်သေခံတွေနဲ့ တင်ပြပါတယ်။ "ဒါး" စာလုံးကို ဖျာက်ဖျက်နေကြတယ်။ လက်ရှိမြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန် (၁၉၉၁) ထဲမှာ "ဒါး" စာလုံး သီးသန့်မပါ။ "ဒါ" ပြီးတော့ "ဒိ" ရောက်သွားတယ်။ "ပြဒါး" နေရာမှာတော့ ပါသေးတယ်။ 

မင်းဆွေ ရေးတဲ့ "ဒါး" စာအုပ်ကို "ဓား" လို့တမျိုး၊ "ဓါး" လို့တမျိုး ပြန်ထုတ်နေကြတယ်။

မန္တလေး ဒါးတန်းရပ်ကို အခေါက်ခေါက် ရောက်ဘူးပါသည်။ 

ဒါးတန်းဘိလပ်ရေလည်း သောက်ဘူးပါသည်။

ဒါးတန်းသား သူငယ်ချင်းတွေရှိသည်။ 

ဒါးတန်းသား သူငယ်ချင်းတယောက်ကို ဒါးတန်း ( - ) လို့သာ ခေါ်ပါသည်။

- ဒါးမ နှင့် ဓားမ သည် အဘယ်စာလုံးက မှန်ပါသလဲ။ ဆရာ့ post မှာ ဒါးရာ လို့ရေးထားတာမို့ပါ။ အမှားပါရင် တောင်းပန်ပါတယ်။

- ရွှေထားဗိုလ်၊ ရွှေဒါးဗိုလ်၊ ရွှေဓါးဗိုလ် စသည်ဖြင့်လည်း ကြုံခဲ့ဖူးပါတယ်ဆရာ။

ဦးသာမြတ် သတ်ပုံကျမ်းမှာ ဒါး ရော၊ ဓါး ပါပါတယ်။ ဒါးကို (ဒဒွေး) နှင့် ရေးရိုး မရှိ။ ထီးသုံးနန်သုံး၊ ဗြဲးတိုက် လွှတ်ရုံး ရေးထုံးရေးနည်းများမှာလည်း ဓားပြဟူ၍သာရေးသည်။ (သင်္သကြိုက်) ပါရဒမှ ဆင်းသက်လာသော စကား မြန်မာသုံး ပါ ရရစ်နှင့် ပြဒါးဟု ပြောင်းလွဲးရေဒဟတ် တူသည်။ 

ဒါး

ဒါး (မင်းဆွေ)

ဒါးကြီးပါတိတ်

ဒါးတံဆိပ်မီးခြစ်

ဒါးလက်အုပ်စု၊ အမ်းမြို့နယ်၊

ပြဒါး

ပြဒါးဆိပ်သင့်သည်

ပြဒါးပြာ၊ (ပြဿဒါးဒရက်ဟု ရေးထုံးမရှိ၊ ပျသတားရက်ကိုရှု)။

ပြဒါးရှင်ဘုရားသည် ရွှေတိဂုံစေတီတော်၏ ရင်ပြင် အရှေ့ဘက်မုခ် ဓါတ်လှေကားနှင့် အင်္ဂါဂြိုဟ်တိုင်ထောင့် အကြားရှိ စေတီတဆူ၏ တောင်ဘက်ရှိ တန်ဆောင်းတွင် ရှိသော ကြေးဆင်းတုတော် တဆူဖြစ်ပါသည်။ 

ပြဒါးလုံး = ဘော်သွပ်ပြဒါးလုံးထွက် မထွက်သေလည်း မသေသေးပါ။ မီးရင့်အောင်ဆက်ထိုးရပါမည်။ အပျော့အပြင်းရပါသည်။ (အဂ္ဂိရတ် ဝါသနာရှင်)

ညာတင်ကုပ်ဆိုတာ လောကီပညာမှ ဖိုထိုးလို့ အောင်မြင်တဲ့အခါ အောင်တဲ့ဓာတ်လုံးကို အဲဒီ့ ညာတင်ကုပ် အရုပ်ထဲ ထည့်ထားခဲ့ကြတယ်။ အရုပ်ကိုလည်း ပဒါးယို၊ ပဒါးငုပ်၊ မီးပြတ်၊ ဆန်ကပ် ခုပ်ပိတ် ဆိုပြီး ခုခေတ်လူတွေက သတ်မှတ်ကြတယ်။

"ဒါး" နဲ့ "ဓါး" မူကွဲသတ်ပုံဖြစ်ပါတယ်။ "ဓား" လည်း မှန်။ "ဓါး" လည်း မှန်ပါသည်။ မူရင်းစာရေးသူ ရေးထားတာကို ထင်သလို မပြင်ရပါ။

ကျွန်တော်ကတော့ 'ခွဲစိတ်ဒါး' နဲ့သာ လူနာတွေကို ခွဲစိတ်ကုသပေးပါတယ်။

မန္တလေးသား စာရေးဆရာတဦးက “ဓားတန်းဦးသန့်” လို့စာအုပ်ထုတ်တယ်။ ဆေးကျောင်းမှာ “ဒါးတန်း” က သူငယ်ချင်းတွေရှိပါတယ်။

ဘယ်အချိန် "ပြဓား" လို့ ပြောင်းဦးမလဲ မသိ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ