Skip to main content

ဒါးတန်း

မကြာခဏ သက်သေခံတွေနဲ့ တင်ပြပါတယ်။ "ဒါး" စာလုံးကို ဖျာက်ဖျက်နေကြတယ်။ လက်ရှိမြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန် (၁၉၉၁) ထဲမှာ "ဒါး" စာလုံး သီးသန့်မပါ။ "ဒါ" ပြီးတော့ "ဒိ" ရောက်သွားတယ်။ "ပြဒါး" နေရာမှာတော့ ပါသေးတယ်။ 

မင်းဆွေ ရေးတဲ့ "ဒါး" စာအုပ်ကို "ဓား" လို့တမျိုး၊ "ဓါး" လို့တမျိုး ပြန်ထုတ်နေကြတယ်။

မန္တလေး ဒါးတန်းရပ်ကို အခေါက်ခေါက် ရောက်ဘူးပါသည်။ 

ဒါးတန်းဘိလပ်ရေလည်း သောက်ဘူးပါသည်။

ဒါးတန်းသား သူငယ်ချင်းတွေရှိသည်။ 

ဒါးတန်းသား သူငယ်ချင်းတယောက်ကို ဒါးတန်း ( - ) လို့သာ ခေါ်ပါသည်။

- ဒါးမ နှင့် ဓားမ သည် အဘယ်စာလုံးက မှန်ပါသလဲ။ ဆရာ့ post မှာ ဒါးရာ လို့ရေးထားတာမို့ပါ။ အမှားပါရင် တောင်းပန်ပါတယ်။

- ရွှေထားဗိုလ်၊ ရွှေဒါးဗိုလ်၊ ရွှေဓါးဗိုလ် စသည်ဖြင့်လည်း ကြုံခဲ့ဖူးပါတယ်ဆရာ။

ဦးသာမြတ် သတ်ပုံကျမ်းမှာ ဒါး ရော၊ ဓါး ပါပါတယ်။ ဒါးကို (ဒဒွေး) နှင့် ရေးရိုး မရှိ။ ထီးသုံးနန်သုံး၊ ဗြဲးတိုက် လွှတ်ရုံး ရေးထုံးရေးနည်းများမှာလည်း ဓားပြဟူ၍သာရေးသည်။ (သင်္သကြိုက်) ပါရဒမှ ဆင်းသက်လာသော စကား မြန်မာသုံး ပါ ရရစ်နှင့် ပြဒါးဟု ပြောင်းလွဲးရေဒဟတ် တူသည်။ 

ဒါး

ဒါး (မင်းဆွေ)

ဒါးကြီးပါတိတ်

ဒါးတံဆိပ်မီးခြစ်

ဒါးလက်အုပ်စု၊ အမ်းမြို့နယ်၊

ပြဒါး

ပြဒါးဆိပ်သင့်သည်

ပြဒါးပြာ၊ (ပြဿဒါးဒရက်ဟု ရေးထုံးမရှိ၊ ပျသတားရက်ကိုရှု)။

ပြဒါးရှင်ဘုရားသည် ရွှေတိဂုံစေတီတော်၏ ရင်ပြင် အရှေ့ဘက်မုခ် ဓါတ်လှေကားနှင့် အင်္ဂါဂြိုဟ်တိုင်ထောင့် အကြားရှိ စေတီတဆူ၏ တောင်ဘက်ရှိ တန်ဆောင်းတွင် ရှိသော ကြေးဆင်းတုတော် တဆူဖြစ်ပါသည်။ 

ပြဒါးလုံး = ဘော်သွပ်ပြဒါးလုံးထွက် မထွက်သေလည်း မသေသေးပါ။ မီးရင့်အောင်ဆက်ထိုးရပါမည်။ အပျော့အပြင်းရပါသည်။ (အဂ္ဂိရတ် ဝါသနာရှင်)

ညာတင်ကုပ်ဆိုတာ လောကီပညာမှ ဖိုထိုးလို့ အောင်မြင်တဲ့အခါ အောင်တဲ့ဓာတ်လုံးကို အဲဒီ့ ညာတင်ကုပ် အရုပ်ထဲ ထည့်ထားခဲ့ကြတယ်။ အရုပ်ကိုလည်း ပဒါးယို၊ ပဒါးငုပ်၊ မီးပြတ်၊ ဆန်ကပ် ခုပ်ပိတ် ဆိုပြီး ခုခေတ်လူတွေက သတ်မှတ်ကြတယ်။

"ဒါး" နဲ့ "ဓါး" မူကွဲသတ်ပုံဖြစ်ပါတယ်။ "ဓား" လည်း မှန်။ "ဓါး" လည်း မှန်ပါသည်။ မူရင်းစာရေးသူ ရေးထားတာကို ထင်သလို မပြင်ရပါ။

ကျွန်တော်ကတော့ 'ခွဲစိတ်ဒါး' နဲ့သာ လူနာတွေကို ခွဲစိတ်ကုသပေးပါတယ်။

မန္တလေးသား စာရေးဆရာတဦးက “ဓားတန်းဦးသန့်” လို့စာအုပ်ထုတ်တယ်။ ဆေးကျောင်းမှာ “ဒါးတန်း” က သူငယ်ချင်းတွေရှိပါတယ်။

ဘယ်အချိန် "ပြဓား" လို့ ပြောင်းဦးမလဲ မသိ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ