Skip to main content

Volcano Model ဟိုခေတ်က အထက်တန်းကျောင်းတခုက ဓါတ်ခွဲခန်း

ကျွန်တော်ငယ်ငယ်က ဓါတ်ပုံလေးအောက်မှာ ကွန်မင့်တခုရတယ်။ ကျေးဇူး။ 

(စ) ၁၉၆၀ ပြည့်လွန် နှစ်များက အထက်တန်းကျောင်း တကျောင်းရဲ့ လက်တွေ့ သိပ္ပံစမ်းသပ်ခန်း science lab တခုရဲ့ အခြေအနေကို မြင်ရတာ လက်ရှိအနေအထားနဲ့ အတော်ကွာဟသွားပြီ။ ခေတ်မီလာပြီးမှ ဘာမှမရှိတော့တာ (ဆုံး)

ကျွန်တော်က တောလို့ပြောနိုင်တဲ့ မုံရွာက အထက ကျောင်းမှာသာ စာသင်ခဲ့ရတာ။ ၁၉၅၉ ကနေ ၁၉၆၅ ခုနှစ်အထိ။ ခေတ်ကလည်း အတော်နောက်ကျသေးတယ်။ အလယ်တန်းရောက်တော့ အထွေထွေသိပ္ပံစသင်ရတယ်။ စိတ်ဝင်စားတယ်။ 

တရက်တော့ အိမ်နောက်ဖေးမှာထိုင်ပြီး၊ ပယ်ရီစကုပ်လုပ်ဘို့ ကြိုးစားတာ၊ ၅ တန်း ကျောင်းသားဘဝမှာပေါ့။ မှန်ဝိုင်းလေး ၂ ချပ်ရှာ၊ အင်သားပြားတွေကို လေးဒေါင့်ပုံးလုပ်။ သံကိုဖြောင့်အောင်က မရိုက်တတ်။ လွှနဲ့လည်း ကောင်းကောင်းမဖြတ်တတ်။ အဲဒီတုန်းက မှန်ဝိုင်းလေးတချပ် ၁၅ ပြားပေးရတယ်။ တံဆိပ်ခေါင်းတန်ဖိုးနဲ့ အတူတူ။

၆ တန်းရောက်တော့ သူငယ်ချင်းတွေနဲ့ စွပ်ကျယ်အင်္ကျီအနီမှာ "လောကဓါတ်" လို့ စာရိုက်ကြတယ်။ စွပ်ကျယ်အောက်မှာ ကွမ်းရွက်ခံပြီး အပေါ်ကနေစာကို သံချွန်နဲ့ ရေးရတယ်။

ခုနစ်တန်းရောက်တော့ ကျောင်းပွဲတော်က သိပ္ပံခန်းမှာ မီးတောင်နေရာ တာဝန်ယူရတယ်။ ဆရာမက သင်ပေးတယ်။ ရွံ့ရုပ်မီးတောင်လုပ်။ ထိပ်ဝမှာ နို့ဆီဗူးခွံ အဖြတ်လေးတပ်ထားတယ်။ ပိုတက်ဆီယမ်ပါမက်ဂနိတ် အမှုံ့တဇွန်းလောက်ထည့်ထားပြီး၊ လူတွေလာကြည့်ရင် အလှဆီလေးနည်းနည်း လောင်းထည့်ပြတော့ မီးခိုတွေအူပြီး မရမ်းရောင်မီးတောက်လာတယ်။ မောင်ကျောင်းသားက ဓါတ်ပုံထဲကလိုဘဲ ခပ်ပြုံးပြုံး။ ပိုတက်ဆီယမ် ပါမက်ဂနိတ်ဆိုတာ အောက်စီဂျင်ထုတ်တဲ့ဓါတ်ပစ္စည်းတခုဖြစ်တယ်။ ဘရိတ်ဆီနဲ့ ရောရင်လည်း မီးတောက်စေတယ်။

အခုတော့ သိပ္ပံမပြောနဲ့ လောကဓါတ်၊ ဓါတုဗေဒ၊ ဓါတ်ခွဲခန်းလို့ ရေးတာကို မောက်ချတာ မှားတယ်လို့ သင်နေတဲ့ ခေတ်ရောက်နေပြီ။

မြန်မာပြည်ကို ပယ်ရီစကုပ်နဲ့ပဲ လှမ်းကြည့်နေပါတယ်။ သင်္ဘောက ရေအောက်မှာသာရှိသေးတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ