Skip to main content

ဒါးတွေ ပြန်တွေ့ပြီ

တမြန်နေ့က ဒါးတလက် သင်္ကန်း။ ကနေ့ ဒါးတချောင်း ထပ်တွေ့တယ်။ ပါတိတ်။ 
မြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန် (၁၉၉၁ စက်တင်ဘာလ) ထုတ်မှာ ဒ၊ ဒါ ပြီးတော့ ဒါး မပါတော့ဘဲ ဒိ လာတယ်။ ပ အောက်မှာ ပြဒါးလို့တော့ ပါတယ်။
ကျွန်တော်တို့ ငယ်ငယ်ကတည်းက ဒါးတံဆိပ်မီးခြစ်ဆိုတာ ရှိခဲ့တယ်။ ဆေးကျောင်းရောက်တော့ မန္တလေး ဒါးတန်းက သူငယ်ချင်းသစ်တွေ တွေ့တယ်။ ဆရာဝန်ဖြစ်တာ့ ခွဲစိတ်ဒါးကိုင်ရတယ်။ နိုင်ငံရေးရောက်ပြီး တိုင်းပြည်ကထွက်ရတော့ ဒါးပျောက်သွားတယ်။ ဓားတဲ့။ ဓါးလို့ရေးတာတောင် မမှန်ဘူးတဲ့။
ဒါး စာလုံးကို မထည့်တာ ဘာကြောင့်လဲ။ ကျွန်တော်သံသယရှိတာ တခုရှိတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းစက  ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေကို ဗိုလ်နေဝင်းက ဒါး ဒါးချင်း၊ လှံ လှံချင်း ဆိုင်ဘို့သာ ရှိတယ်လို့ ပြောစကား ၉-၇-၁၉၆၂ နေ့ထုတ် ရန်ကုန်သတင်းစာမျက်နှာဖုံးမှာ ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်က ဒါးကြိမ်း မကြိမ်းသလို သမိုင်းကို ဖျောက်လိုသလား ထင်နေတယ်။
သတ်ပုံစာအုပ်သစ်ထုတ်ပြီးတော့ နီးရာဓါးကြောက်နေသူတွေက ရှိသမျှဒါးစာလုံးတွေကို ဓားလို့သာ ပြင်ရေးလာကြတယ်။ ဓားကိုလည်း ဓါးလို့ရေးရင် မှားတယ်ထင်နေကြတယ်။ မင်းဆွေရေးတဲ့ ဒါးစာအုပ်ကို ဓားလို့ရေးမှသာ ထုတ်ဝေခွင့်ပေးတယ်။ 
အခုတော့ နီးရာဒါး မရှိတော့ပေမဲ့ ဝေးရာဒါးကြောက်နေကြသူတွေက ၉၅% လောက်ရှိတယ်။ 
မြန်မာစာ သတ်ပုံတွေ မှားလာခြင်းဟာ အကြောက်တရားကြောင့် ဖြစ်တယ်။ အမှန်ကို သိလာလည်း မပြင်ရဲကြပါ။
ကျောင်းသားဘဝ ခဲတံချွန်ဒါး၊ ဆရာဝန်ဘဝ ခွဲစိတ်ဒါး၊ အခုလည်းနှုတ်ခမ်းမွေးရိတ်တဲ့ဒါး၊ အမေ့မီးဖိုချောင်ကနေ လက်ရှိမီးဖိုခန်းထဲမှာ ၄-၅ ချောင်းထာတဲ့ဒါးတွေ ရှိပါသည်။ ဒါးလှီးမုံ့တော့ မမြင်ရ မစားရတာကြာပြီ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ