Skip to main content

လွဲအောင်ပြင်ဂိုဏ်းကြီး

မက်ဆေ့ချ်တခု ရတယ်။ ကျေးဇူး။

ဦးလူဖေဝင်းရဲ့လက်ရေးမူနဲ့အတ္ထုပတ္တိပုံနှိပ်၊ အဲဒါပြန်တင်တဲ့သူကတော့တတွေတ စ်ပြင်ပေးထားတယ်ဆရာ။ မှားနေတယ်ထင်လို့လားမသိဘူး။

ပုံက မရှင်းလင်းတဲ့အတွက် ဆောရီး။

ဟုတ်ပါ့။ အဲလိုစာတွေကသာ လွှမ်းမိုးထားတယ်။

အရင်ကမှန်ခဲ့တာတွေကို သတ်ပုံစာအုပ်သစ်အတိုင်း လိုက်ပြောင်းထုတ်ဝေမှသာ စာအုပ်ထုတ်ခွင့်ရတဲ့ခေတ်က ၁၉၉၀ လောက်ကတည်းကစတယ်။ 

ကျောင်းတွေ၊ ရုံးတွေနဲ့ လွှတ်တော်မှာပါ ပြင်ထားတာကိုလိုက်နာကြရတယ်။

စာဖတ်သူတွေက အဲဒီမှားအောင်ပြင်ထုတ်စာအုပ်တွေကိုသာ  ဖတ်ကြရတယ်။ မျိုးဆက် ၂ ခုရှိပြီ။

စာပေစိစစ်ရေးမရှိတော့ပေမဲ့ ၈၀% လောက်က အကျင့်မကောင်းတာကို မစွန့်နိုင်ကြတော့ပါ။

လူဦးရေ ၈၀-၉၀% လောက်က အမှန်လို့ ထင်ကုန်ကြတော့တယ်။

မူရင်းအမှန်စာအုပ်ကို ပုံရိုက်ပြတော့ အဲဒီစာအုပ်ကြီးက သတ်ပုံမှားနေတယ်လို့ ပြန်မေးသူ ၁၀-၂၀ ယောက်ရှိပြီ။

အခုတနှစ်အတွင်းမှာ လွဲမှားနေခဲ့တဲ့ နိုင်ငံတော်မူကို ခုခံအာခံမှု တိုးများလာနေတယ်။ ဒါပေမဲ့ နံရံထူထူကြီးကို လက်လေးတချောင်းနှစ်ချောင်းနဲ့တော့ မရနိုင်သေးပါ။ အလားအလာ ရှိတယ်လို့ ထင်နေတယ်။

တိုင်းပြည်မှာ အခြေအနေနဲ့ စည်းစနစ်ကောင်းလာမှသာ ရမယ်။ ပညာကို ပညာနဲ့ဆန်းစစ်မှုလုပ်ရဲသူတွေ များလာမှသာ မြန်မာစာအပါအဝင် ပညာရပ်အစုံ တည့်မှန်လာပါမယ်။

လွဲအောင်ပြင်ဂိုဏ်းကြီးက ကျောက်စာမူ၊ ပေစာမူ၊ လက်ရေးမူတွေကိုပါ မှားအောင်ကူးပြီး စော်ကားနေကြတယ်။ 

၁။ မင်းကွန်းဆရာတော်ကြီး လက်ရေးမူ ၁ ခု၊ 

၂။ ဆရာတင်မိုး လက်ရေးမူ ၂ ခု၊ 

၃။ မင်းလူ လက်ရေးမူ ၁ ခု၊

၄။ ဒီးဒုတ်ဦးဘချို လက်ရေးမူ ၁ ခု

၅။ ဒေါက်တာသန်းထွန်း လက်ရေးမူ  ၂ ခုတို့ကို တင်ပြထားပါတယ်။ 

၆။ မုံရွာမြို့ ဧသုဝတီ သီလရှင် စာသင်တိုက်ကြီး၏ပဓာန နာယကဆရာဘုရား ဒေါ်ဧသုဝတီ၏စာသင်ပုန်းပေါ်က လက်ရေး နမူနာ ၁ ခု။

၇။ ဦးဝင်းတင်၏ ကျားရဲ ငါ ကဗျာ လက်ရေးမူ 

၈။ ငွေတာရီ ဤမီးတိုင် လက်ရေးမူ

ရှိသေးတယ်။

ဒေါက်တာတင့်ဆွေ

Comments