ရှေးအခါက ရွာတရွာတွင် မြေးအဘိုး ၂ -ယောက် သည် ညချမ်းအခါတွင် အိမ်ရှေ့ ကြမ်းပြင်သို့ထွက်ကာ ထွေရာလေးပါး စကားပြောနေကြလေသည်။ ထိုသို့ စကားပြောရင်းက မြေးကလေးသည် တိမ်ကင်းစင်နေ သောမိုးကောင်းကင်ကို မော် ကြည့်ရင်း အဘိုးအား မေးမြန်းလေသည်။
“အဘိုး...ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲ”
“ဟဲ့ - ဓူဝံကြယ်မှ နင် မ သိ ရော့ သ လား ဟယ်၊ ဟိုတောင်ဘက်က ပြောင်ပြောင် ၂ နဲ့ဟာပေါ့”
အဘိုးလုပ်သူသည် မသိသည်ကိုမသိဟု မပြောလို၊ ဝန်မခံလို၊ မြေးဖြစ်သူက မသိ၍မေးသည်ကို မိမိက အဘိုးဖြစ်ပါလျက် မဖြေနိုင်လျှင် ရှက်စရာကောင်းမည် ကြောင့် ဖြစ်သလို ဖြေလိုက်ခြင်း ဖြစ်ပေသည်။
ဤတွင် မြေးလုပ်သူက ကြားဘူးနားဝ ရှိသူဖြစ် သောကြောင့်
“ဒါဖြင့် ဘိုးဘိုး ကျွန်တော်ကြားဘူး တာနဲ့ လွဲနေပြီ၊ ကျွန်တော်ကြားတာက (မြောက်မှာ ဓူဝံ့၊ တောင်မှာတံငါကွန်) လို့သာ ဆိုပါလား”
ထိုအခါ အဘိုးဖြစ်သူက မိမိအပြောမှားနေသည် ကို သိသွားလျှင် ပို၍ အရှက်ရမည်ဖြစ်သောကြောင့် အခိုင်အမာ တခုပြမှ တော်တော့မည်ဟု သဘော ပေါက်ကာ
“ဟယ်- ဓူဝံကြယ် တောင်ဘက်ပြောင်း သွားတာ ဘာမှ မကြာသေးဘူး၊ ၄-၅-ရက်လောက် ဘဲ ရှိသေးတယ်။ အဲဒါ ဘယ်သူမှ မသိသေးဘူး၊ ငါသာ သိသေးတာ။ တိတ်တိတ်သာနေ--သူများ ကြားသွားမယ်”
ဟု ပြောလိုက်သည် ဟူ၏။
အောင်အောင် (နတ္တလင်း)
ငွေတာရီမဂ္ဂဇင်း ၁၉၇၀ စက်တင်ဘာလ မှ
Listener's Heaven Audiobooks - အသံစာအုပ်
ဒေါက်တာတင့်ဆွေ
Comments
Post a Comment