Skip to main content

Long Story Short နိုင်ငံရေးဇာတ်လမ်းရှည် သံခိပ်

ရေးထာတာ ၃ နှစ်ရှိပြီ။

ဆရာ ကျနော်သိချင်တာလေး မေးပါရစေ ခင်ဗျာ။ တချို့အတုအရောင်(အယောင်) နိုင်ငံရေးသမားတွေ မြန်မာပြည်မှာ အများကြီး ရှိနေကြတယ် သူတို့ကျတော့ နိုင်ငံရေးနယ်ပါယ်မှာ နေရာတွေ အသီးသီး ရနေကြပြီး တချိုု့အစစ်အမှန်တွေ လူမသိသူမသိ လှုပ်ရှားခဲ့သူတွေကျတော့ မြန်မာပြည် နားတောင်ကပ်ခွင့် ဝင်ခွင့်မရကြတာ ဘာကြောင့်ပါလဲဆရာ။ အထက ၂ မုံရွာ ကျောင်းသားဟောင်း တယောက်ပါ။

ဟုတ်။ ရေးရရင် ရှည်မယ်။ အဆင်သင့်တဲ့အခါ ရေးပါမယ်။ နိုင်ငံရေးဆိုတာ သည်လိုပဲလို့ပြောရင် တာဝန်မကင်းရာကျမယ်။ လူ့အသိုင်းအဝန်း ခေါ် ကွန်မြူနတီတခုရဲ့ အရည်အသွေး အတွေးအမြင် ယဉ်ကျေးမှုနဲ့ နောက်ခံသမိုင်းတွေအရ မျက်မှောက်ကာလ နိုင်ငံရေးကိုပုံဖေါ်ကြပါတယ်။

မြန်မာနိုင်ငံမှာ သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့ စတယ်။ ကိုလိုနီဖြစ်ရတယ်။ လွတ်လပ်ရေးရတယ်။ ၁၉၄၈ ကနေ ၁၉၆၂ အထိ ၁၄ နှစ်ကာ ပါလီမာန်ဒီမိုကရေစီခေတ်လို့ခေါ်ကြတယ်။ အာဏာသိမ်းနဲ့ မဆလ ခေတ် ၂၆ နှစ်ကြာတယ်။ နောက်စစ်တပ် အာဏာပြန်တာ ၂၂ နှစ်နဲ့ ကနေ့အထိ။

အဲတော့ အုပ်ချုပ်ခံသူတွေဟာ ဘုရင်နဲ့ အာဏာရှင်စနစ်နဲ့ ကြီးပြင်းလာသူတွေသာဖြစ်ကြတယ်။ ဆယ်စုနှစ်တွေ ကြာမြင့်ခဲ့လို့ အထက်ကဆို အလိုလိုလိုက်နာချင်ကြတဲ့အကျင့်ပါနေကြတယ်။

ဘုရင့်နားမှာ ဘောင်းတော်ငြိမ့် စိတ်တော်သိသူတွေနဲ့ ကပ်ဖါးရပ်ဖါးတွေရှိသလို အစိုးရအဆက်ဆက်မှာလည်း လူကြီးအထာ နောကျေသူတွေနဲ့ စားပေါက်ရလမ်းကျွမ်းကျင်သူတွေလည်း များတယ်။ သူတို့ဟာ မြင်ဆရာတွေ ဖြစ်လာကြတယ်။

လူအများစုဟာ စီးပွါးရေး မချောင်လည်ကြပါ။ ပါတီဝင်မှ စားသာတဲ့နမူနာ ရှိထားတယ်။ မှောင်ခိုလုပ်မှ မိသားစု တမင်းကျွေးနိုင်တဲ့ခေတ်ကလည်း ၂၆ နှစ်ကြာတော့ မလွှဲသာမရှောင်သာ ဖြောင့်ဖြောင့်တန်းတန်း မလုပ်ချင်သူများတယ်။

ပညာကို တန်ဖိုးမထားတဲ့အကျင့်ကို အာဏာစသိမ်းကတည်းက မွေးထုတ်ထားခဲ့တာ အခုဆိုရင် မျိုးဆက် ၃ ဆက်လို့ တွက်ယူလို့ရပြီ။ ဆရာ့ ဆရာတွေရဲ့ ဆရာတွေ။ ပညာနည်းတော့ တွေးခေါ်စဉ်းစားတာညံ့တယ်။ ဆင်ခြင်တုံတရား ပါးတယ်။ အလွန်ကိုအခြေခံကျတာကို တွေးမယူတတ်သူတွေများကြောင်း ကျန်းမာရေးမေးခွန်းတွေကနေ သိရတယ်။

လောကီနယ်ပယ်ကလူဖြစ်ကြလို့ အတ္တ၊ လောဘ၊ မာန၊ စတာတွေအပြည့်ရှိကြတယ်။ ရှိနေပေမဲ့ ထိန်းကြရတယ်။ ထိန်းနိုင်သူဆိုတာ အနည်းအများသာ ကွာခြားတယ်။

နိုင်ငံရေးထဲမှာ အပြနဲ့ အပြောအဟောကောင်းသူမျိုးကို အဟုတ်ထင်ကြတာများတယ်။ ခြောက်လှန့်တတ်သူကိုလည်း ကြောက်တတ်ကြတယ်။ အဆွယ်ကောင်းတာနောက် ပါသူကများတယ်။

လူတကိုယ် တမဲစနစ်မှာ အဖေနဲ့သား၊ ဆရာနဲ့ တပည့်၊ အတူတူသဘောထားလေ့ရှိကြတယ်။ ပညာမလို၊ သဘာမလို။ ငါဆို ငါပဲ။

ကနေ့ကာလ အနိုင်ရပါတီဟာ ဖဆပလ နဲ့ မတူပါ။ ပြည်ခိုင်ဖြိုးကတော့ မဆလ-တစညနဲ့ မခြားပါ။

မြန်မာပြည်ကနိုင်ငံရေးပါတီတိုင်းလိုလိုမှာ ထိပ်ဆုံးခေါင်းဆောင်နောက်သာ လိုက်ရတယ်။ စည်းရုံးရေးသဘောနဲ့ ရွေးကောက်ပွဲသဘောအရတော့ မှန်တယ်။ ပါတီတွင်းဒီမိုကရေစီလို့ ကြားကောင်းအောင်ပြောတာ မဆလလည်းပါခဲ့တာပဲ။

ရာဇပလ္လင်ဖင်ကပ်သူသာ မင်းဖြစ်တယ်။ နန်းတော်ထဲ ရောက်ရေးဟာလည်း ကံဇာတာလိုတယ်။ ပါမောက္ခလိုတတ်တိုင်း ထီမပေါက်ပါ။ ၂ ကျပ်ဖိုးနဲ့လည်း သိန်းဆုပေါက်နိုင်တယ်။ 

လူတချို့မှာ တဘက်နားပေါက်ဆိုတာလည်း အမှန်တကယ်ရှိတယ်။ တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေက အဲလိုသာဖြစ်နေရင် အဝေးသမား အနားကပ်မရ။ အရင်ပြောထားသူစကား အမိန့်ဖြစ်တယ်။

လူထုဆိုတာ ပုတ်ကြီးလိုပဲ။ စပါးလုံး၊ ကောက်ရိုး၊ အမှုန်တွေရောနေတယ်။ ဆန်ကောင်းလည်းပါတယ်။ တခါချက် တနပ်စာသူ ခပ်ယူရပါတယ်။

နေရာ အရေးမကြီးပါလို့ ပြောရခြင်းဟာ ကိုယ့်ကိုယ်ကို အားပေးရာကျပါတယ်။

အနစ်နာခံတယ်ဆိုတဲ့ နာမဝိသေနနဲ့ထိုက်သူ အလွန်များပါတယ်။ နေရာက ရှားတယ်။ အနစ်နာခံသူတိုင်းကို နေရာမပေးလို့ မပေးသူကို အပြစ်မတင်သင့်။ ကိုယ်ကမှ နေရာရအောင် မလုပ်တတ်တာ။

အမှုတော်ထမ်း ကမ်းနားသစ်ပင်။ နိုင်ငံရေးတာဝန် ဗေဒါပင်။

ကဗျာတွေ စာတွေမှာ တင့်စားထားပေမဲ့ ဗေဒါဆိုတာ တပင်တည်း တပွင့်တည့်တော့ မဟုတ်ပါ။

ဆက်ရေးစရာ အခန်းသစ်ကတော့ စခန်းသစ်။ 

ဒေါက်တာတင့်ဆွေ

၂၇-၉-၂၀၂၁

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ