Skip to main content

Long Story Short နိုင်ငံရေးဇာတ်လမ်းရှည် သံခိပ်

ရေးထာတာ ၃ နှစ်ရှိပြီ။

ဆရာ ကျနော်သိချင်တာလေး မေးပါရစေ ခင်ဗျာ။ တချို့အတုအရောင်(အယောင်) နိုင်ငံရေးသမားတွေ မြန်မာပြည်မှာ အများကြီး ရှိနေကြတယ် သူတို့ကျတော့ နိုင်ငံရေးနယ်ပါယ်မှာ နေရာတွေ အသီးသီး ရနေကြပြီး တချိုု့အစစ်အမှန်တွေ လူမသိသူမသိ လှုပ်ရှားခဲ့သူတွေကျတော့ မြန်မာပြည် နားတောင်ကပ်ခွင့် ဝင်ခွင့်မရကြတာ ဘာကြောင့်ပါလဲဆရာ။ အထက ၂ မုံရွာ ကျောင်းသားဟောင်း တယောက်ပါ။

ဟုတ်။ ရေးရရင် ရှည်မယ်။ အဆင်သင့်တဲ့အခါ ရေးပါမယ်။ နိုင်ငံရေးဆိုတာ သည်လိုပဲလို့ပြောရင် တာဝန်မကင်းရာကျမယ်။ လူ့အသိုင်းအဝန်း ခေါ် ကွန်မြူနတီတခုရဲ့ အရည်အသွေး အတွေးအမြင် ယဉ်ကျေးမှုနဲ့ နောက်ခံသမိုင်းတွေအရ မျက်မှောက်ကာလ နိုင်ငံရေးကိုပုံဖေါ်ကြပါတယ်။

မြန်မာနိုင်ငံမှာ သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့ စတယ်။ ကိုလိုနီဖြစ်ရတယ်။ လွတ်လပ်ရေးရတယ်။ ၁၉၄၈ ကနေ ၁၉၆၂ အထိ ၁၄ နှစ်ကာ ပါလီမာန်ဒီမိုကရေစီခေတ်လို့ခေါ်ကြတယ်။ အာဏာသိမ်းနဲ့ မဆလ ခေတ် ၂၆ နှစ်ကြာတယ်။ နောက်စစ်တပ် အာဏာပြန်တာ ၂၂ နှစ်နဲ့ ကနေ့အထိ။

အဲတော့ အုပ်ချုပ်ခံသူတွေဟာ ဘုရင်နဲ့ အာဏာရှင်စနစ်နဲ့ ကြီးပြင်းလာသူတွေသာဖြစ်ကြတယ်။ ဆယ်စုနှစ်တွေ ကြာမြင့်ခဲ့လို့ အထက်ကဆို အလိုလိုလိုက်နာချင်ကြတဲ့အကျင့်ပါနေကြတယ်။

ဘုရင့်နားမှာ ဘောင်းတော်ငြိမ့် စိတ်တော်သိသူတွေနဲ့ ကပ်ဖါးရပ်ဖါးတွေရှိသလို အစိုးရအဆက်ဆက်မှာလည်း လူကြီးအထာ နောကျေသူတွေနဲ့ စားပေါက်ရလမ်းကျွမ်းကျင်သူတွေလည်း များတယ်။ သူတို့ဟာ မြင်ဆရာတွေ ဖြစ်လာကြတယ်။

လူအများစုဟာ စီးပွါးရေး မချောင်လည်ကြပါ။ ပါတီဝင်မှ စားသာတဲ့နမူနာ ရှိထားတယ်။ မှောင်ခိုလုပ်မှ မိသားစု တမင်းကျွေးနိုင်တဲ့ခေတ်ကလည်း ၂၆ နှစ်ကြာတော့ မလွှဲသာမရှောင်သာ ဖြောင့်ဖြောင့်တန်းတန်း မလုပ်ချင်သူများတယ်။

ပညာကို တန်ဖိုးမထားတဲ့အကျင့်ကို အာဏာစသိမ်းကတည်းက မွေးထုတ်ထားခဲ့တာ အခုဆိုရင် မျိုးဆက် ၃ ဆက်လို့ တွက်ယူလို့ရပြီ။ ဆရာ့ ဆရာတွေရဲ့ ဆရာတွေ။ ပညာနည်းတော့ တွေးခေါ်စဉ်းစားတာညံ့တယ်။ ဆင်ခြင်တုံတရား ပါးတယ်။ အလွန်ကိုအခြေခံကျတာကို တွေးမယူတတ်သူတွေများကြောင်း ကျန်းမာရေးမေးခွန်းတွေကနေ သိရတယ်။

လောကီနယ်ပယ်ကလူဖြစ်ကြလို့ အတ္တ၊ လောဘ၊ မာန၊ စတာတွေအပြည့်ရှိကြတယ်။ ရှိနေပေမဲ့ ထိန်းကြရတယ်။ ထိန်းနိုင်သူဆိုတာ အနည်းအများသာ ကွာခြားတယ်။

နိုင်ငံရေးထဲမှာ အပြနဲ့ အပြောအဟောကောင်းသူမျိုးကို အဟုတ်ထင်ကြတာများတယ်။ ခြောက်လှန့်တတ်သူကိုလည်း ကြောက်တတ်ကြတယ်။ အဆွယ်ကောင်းတာနောက် ပါသူကများတယ်။

လူတကိုယ် တမဲစနစ်မှာ အဖေနဲ့သား၊ ဆရာနဲ့ တပည့်၊ အတူတူသဘောထားလေ့ရှိကြတယ်။ ပညာမလို၊ သဘာမလို။ ငါဆို ငါပဲ။

ကနေ့ကာလ အနိုင်ရပါတီဟာ ဖဆပလ နဲ့ မတူပါ။ ပြည်ခိုင်ဖြိုးကတော့ မဆလ-တစညနဲ့ မခြားပါ။

မြန်မာပြည်ကနိုင်ငံရေးပါတီတိုင်းလိုလိုမှာ ထိပ်ဆုံးခေါင်းဆောင်နောက်သာ လိုက်ရတယ်။ စည်းရုံးရေးသဘောနဲ့ ရွေးကောက်ပွဲသဘောအရတော့ မှန်တယ်။ ပါတီတွင်းဒီမိုကရေစီလို့ ကြားကောင်းအောင်ပြောတာ မဆလလည်းပါခဲ့တာပဲ။

ရာဇပလ္လင်ဖင်ကပ်သူသာ မင်းဖြစ်တယ်။ နန်းတော်ထဲ ရောက်ရေးဟာလည်း ကံဇာတာလိုတယ်။ ပါမောက္ခလိုတတ်တိုင်း ထီမပေါက်ပါ။ ၂ ကျပ်ဖိုးနဲ့လည်း သိန်းဆုပေါက်နိုင်တယ်။ 

လူတချို့မှာ တဘက်နားပေါက်ဆိုတာလည်း အမှန်တကယ်ရှိတယ်။ တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေက အဲလိုသာဖြစ်နေရင် အဝေးသမား အနားကပ်မရ။ အရင်ပြောထားသူစကား အမိန့်ဖြစ်တယ်။

လူထုဆိုတာ ပုတ်ကြီးလိုပဲ။ စပါးလုံး၊ ကောက်ရိုး၊ အမှုန်တွေရောနေတယ်။ ဆန်ကောင်းလည်းပါတယ်။ တခါချက် တနပ်စာသူ ခပ်ယူရပါတယ်။

နေရာ အရေးမကြီးပါလို့ ပြောရခြင်းဟာ ကိုယ့်ကိုယ်ကို အားပေးရာကျပါတယ်။

အနစ်နာခံတယ်ဆိုတဲ့ နာမဝိသေနနဲ့ထိုက်သူ အလွန်များပါတယ်။ နေရာက ရှားတယ်။ အနစ်နာခံသူတိုင်းကို နေရာမပေးလို့ မပေးသူကို အပြစ်မတင်သင့်။ ကိုယ်ကမှ နေရာရအောင် မလုပ်တတ်တာ။

အမှုတော်ထမ်း ကမ်းနားသစ်ပင်။ နိုင်ငံရေးတာဝန် ဗေဒါပင်။

ကဗျာတွေ စာတွေမှာ တင့်စားထားပေမဲ့ ဗေဒါဆိုတာ တပင်တည်း တပွင့်တည့်တော့ မဟုတ်ပါ။

ဆက်ရေးစရာ အခန်းသစ်ကတော့ စခန်းသစ်။ 

ဒေါက်တာတင့်ဆွေ

၂၇-၉-၂၀၂၁

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ