Skip to main content

Umorok Red ဆင်ဖြူတော်ရောဂါများ


ရွှေလံဘိုငရုတ်ကို တချို့အရပ်မှာ ဆင်အော်လို့ ခေါ်သတဲ့။ ခေတ်အရတော့ ဆင်ဖြူတော်ခေါ်မှ လူရာ (စစ်ရာ) ဝင်သတဲ့။ ဆင်ဖြူတော် ဘွဲ့ရတွေက တိုးတိုးလာတယ်။
အရင်က ဘာမှန်းမသိရင် ဓာတ်တဲ့။ ကြီးရင် ဆင်တဲ့။ ဆန်းရင် ဘင်္ဂလားတဲ့။ ဘင်္ဂလားသရက်။ ပြည်ပလာလာရင် သင်္ဘောတဲ့။ သင်္ဘောဆီးဖြူ။ အင်္ဂလိပ်နဲ့ ပြင်သစ်ကို မျက်နှာဖြူတဲ့။ ပေါ်တူကီနဲ့ အီတလီကို ကုလားဖြူတဲ့။
စစ်အစိုးရ ဒုတိယမျိုးဆက်တက်တော့ အရင်အသုံးတွေက ခေတ်နောက်ကျသွားပြီ။ 
• တိုင်းကို (တိုင်းဒေသကြီး) တဲ့။ 
• အကြီးဆုံးကို (ချုပ်မှူးကြီး) တဲ့။ 
ပိုပြီးခေတ်မီအောင် ဆင်ဖြူတော်လို့ ပြောင်းသုံးရပါမယ်။
ဆင်ဖြူတော်ရောဂါများ
• Shingles ဆင်ဖြူတော်ရေယုံ။
• Acne vulgaris ဆင်ဖြူတော်ဝက်ခြံ။
• Chikungunya ခြင်ကတဆင့်ကူးစက်တဲ့ ဗိုင်းရပ်စ်ရောဂါတမျိုး၊ ဆင်ဖြူတော် တုပ်ကွေး။
• မပြောကောင်း မဆိုကောင်း နောက်ထပ် ကိုဗစ်မျိုးဆက်သစ်လာရင် ဆင်ဖြူတော်ကိုဗစ်။
• အဆိုးဆုံးကင်ဆာကို ကင်ဆာဘုရင်တဲ့ အမည်ပေးမကောင်းပါ။ ဆင်ဖြူတော်ကင်ဆာ။
• ခေတ်အမီဆုံးကတော့ ဆင်ဖြူတော်ပိုက်ဆံတဲ့။
• ဆင်ဖြူတော်အန် ငှက်ပျောသီး။
• ထပ်တိုးက ဆင်ဖြူတော်အော် ငရုတ်သီး။
Umorok ရွှေလံဘို ငရုတ်သီး
၁။ ကျမတို့မွန်ပြည်နယ်မှာကငရုပ်ရှက်သီးခေါ်ပါတယ်
၂။ မွန်ပြည်နယ်မှာကုလားအော်လို့ခေါ်ကြတယ်။မီးကင်ပြီးငါးပိဖုတ်လေးနဲ့ထောင်းစားရင်အရမ်းမွှေးတယ်။
ကွန်မင့်မှာ မွန်အခေါ် ပြောကြတာ ၂ မျိုးဖြစ်နေတယ်။ ဒီမှာ မွန်တွေရှိတယ်။ မေးကြည့်ဦးမယ်။ ၃-၄ မျိုးဖြစ်မလားတော့ မသိ။
မဏိပူတွေနဲ့ နာဂတွေက ဥမရုတ် လို့ ခေါ်တယ်။ မြန်မာပြည်မှာ ရွှေလံဗိုလ်လို့လည်း ရေးကြတယ်။
Red Umorok-Heirloom (Ghost)
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ