Yogi ယောဂီ
1. a person who practices Yoga ယောဂအလေ့အကျင်ကို လိုက်စားသူ။
2. an adherent of Yoga philosophy ယောဂ ဖီလော်ဆော်ဖီကို စွဲမြဲသူ။
ယောဂီဆိုသောစကားသည် ယောဂဟူသော ဆန်းစ်ကရစ် ခေါ် သင်္သကရိုက်ဘာသာမှ ဆင်းသက်လာသည့် စကားဖြစ်သည်။ အစုအရုံး၊ အပေါင်း အသင်း၊ အဖွဲ့အစည်းဟူသော အဓိပ္ပာယ်ရှိသည်။ ယောဂီပညာသည် ဟိန္ဒူဘာသာဝင်၊ တောရပ်မှီသော ရသေ့ကဲ့သို့ လောကီအာရုံ ကာမဂုဏ်အများကို ချိုးနှိမ်ပယ်ဖြတ်၍ သမထလုပ်ငန်းကို ကြိုးပမ်းကျင့်ကြံခြင်းဖြင့် မိမိတို့၏ စိတ်နှလုံးဖြူစင်သန့်ရှင်းကာ၊ သိဝအမည်ရှိ မိမိတို့ ဘုရားရှင်နှင့် တွေ့ဆုံပေါင်းမိနိုင်မည်ဟု အယူရှိကြသည်။ အိန္ဒိယနိုင်ငံတွင် ထိုပညာကို လေ့လာ လိုက်စားသူများအား ယောဂီဟု ခေါ်ကြသည်။
မြန်မာပြည်တွင်မူ ယခင်က ဘာသာရေးလိုက်နာ ကြင့်ကြံသူများကိုသာ ခေါ်ဆိုကြသည်။ ယခုအခါ ယောဂ ကိုယ်လက်လေ့ကျင့်ခန်းလုပ်သူတွေကိုမူ ယောဂလေ့ကျင့်သူများလို့ခေါ်ကြပြီး၊ ယောဂီဟု မခေါ်ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment