သံဝေ ရမှု၊ ရှေးကပြုသည်
ရတု ဘိုးထိုက်၊ ဧကပိုဒ်ကို
လိုက်ရွေ့ဖြေပေ၊ ဉာဏ်ကဝေတို့
ဖြစ်လေ ရှေးက၊ ကောသလ၏
သုပိန္နဇာတ်၊ အတ္ထုပ္ပါတ်နှင့်
သတ္တဝါ ကြမ္မာ၊ သင်္ခါရတရား
နွားလားရှေ့ဆောင်၊ ပမာမျှောင်၍
မင်းခေါင်ကိုသာ၊ ပြစ်ရှာဘန်ဘန်
ဆိုပြန်ဘိသည်၊ ထိထိပါးပါး
စကားဘောက်လဲ၊ ကိုယ်ကိုလွှဲလည်း
မလွဲစသာ၊ ဤအရာမှာ
ပမာထင်ထင်၊ ကဗျာတင်မူ
ပေါက်ပင်ကိုင်းညိတ်၊ ဗျိုင်းနိမိတ်သို့
ဖိုလ်ဟိတ်စပ်ခါ၊ ဟတ်ရွေ့ရှာမူ
သတ္တဝါဘူဇဂ၊ ချင့်မူလကို
သိရသောနှယ်၊ မလွယ်ဖွယ်တည့်
နွယ်မာလောညွန့်၊ ဆင်ခြေကွန့်လည်း
မလွန့်စသာ၊ အကြောင်းမှာကား
ငယ်စွာနုမျစ်၊ ကျလိုမျစ်သို့
မြေးမြစ်အလား၊ မင်းနှစ်ပါးတို့
တိုင်းကားနှင်းထပ်၊ ကိုယ်ကိုအပ်၍
ပညတ်စေကြောင်း၊ မှူးမတ်ပေါင်းအား
ဆိုးကောင်းအရေး၊ လွှဲအပ်ပေးလျက်
တရွေး တရတီ၊ တဗီဇနာ
တမြူလွာမျှ၊
ရသာအထူး၊ ဂုဏ်ကျေးဇူးသည်
မှူးမတ်ထံမှ၊ မခံရရှင့်
သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍
ကုန်းဘောင်နေမီး၊ မထိန်ညီးက
တိုင်းကြီးပြည်ကြီး၊ အချည်းနှီးတည့်
ထီးသုဉ်း နန်းသုဉ်း၊
မြို့သုဉ်းသုည၊ သုဉ်းလုံးဝဖြင့်
သုညရလဒ်၊ သုညခေတ်ဝယ်
ဖြစ်လာရလေ၊ တို့တတွေသည်
သေသော်မှတည့် သြော်…ကောင်း၏။ ။ (ဆီးဘန်နီဆရာတော်ကြီး)
(မူကွဲများလည်းရှိသေး၏။)
ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment