Skip to main content

Crore ကုဋေ

(၁)

ကုဋေ = ဆယ်သန်း။ ဇောတိကသူဌေး(သူဋ္ဌေး)၌ တနေ့လျှင် ဥစ္စာဘဏ္ဍာ တို့သည် ကုဋေကုဋေတက်သည်။ (ယုဒသန် မြမ္မာ-အင်္ဂလိတ် အဘိဓာန်)

(၂)

ဂဏန်းရေတွက်ပုံမှာ ခု၊ ဆယ်၊ ရာ၊ ထောင်၊ သိန်း၊ သန်း၊ ကုဋေ လို့ရှိတယ်။ ကုဋေအသုံးကို မြန်မာပြည်မှာ စာပေတွေထဲမှာသာ သုံးလေ့ရှိပါတယ်။ ယူအက်စ်အေကလည်း သန်းနဲ့ ဘီလီယန်ကိုသုံးတယ်။ အိန္ဒိယမှာတော့ ကုဋေစာလုံး အသုံးများတယ်။

(၃)

ရှေးသရောအခါ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား သူဋ္ဌေး(သူဌေး)အားလျှင်၊ သားတယောက်ဖြစ်၊ ချစ်၍တစေ အိမ်မှာနေ၍၊ စာပေမကျ မိဘစုတေ့၊ ခန္ဓာရွေ့သော်၊ အရှေ့အနောက် တောင်မြောက်ဘယ်မှာ မသိပါငြား၊ သူဋ္ဌေးသားသည် သိုထားမတတ် အရပ်ရပ်၌၊ နှံအပ်ဥစ္စာ ရှိသည့်ငှာကို၊ များစွာကျွန်ပေါင်း မကောင်းခိုးသူ ယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်း၍၊ ထောင်းထောင်းကြေလျက် ခွက်လက်ဆွဲကာ တောင်းစားပါလည်း၊ နင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာသေသည်၊ ကောင်သေဠင်းတ ကျ၏တည်း။     ။ (ဆားတုံ ဆရာတော်)

(၄)

တောကျောင်းပျော်မြန်း၊ ဤရဟန်းကို

ဝတ်ပန်းပုဆိုး၊ လှူသည်ကျိုးကြောင့်

ထက်မိုးဘုံမှာ၊ ဝတိံသာဝယ်

စံကာတဆက်၊ နတ်ကသက်မှ

အရိဋ္ဌတွင်၊ ဓနများစွာ

ဥစ္စာရွှေငွေ၊ ကုဋေရှစ်ဆယ်

ကြွယ်လတ်တုံပြီး၊ သူဌေးကြီး၏

သမီးဖြစ်ခါ၊ လမျက်နှာတွင်

သောကြာဥဠု၊ ယှဉ်ပြိုင်စုသို့

စက္ခုသောတ၊ ဃာနဇီဝါ

ကေသာခြေဆုံး၊ တကိုယ်လုံး၌

ရွှေတုံးပွတ်သစ်၊ ဇမ္ဗူရာဇ်သို့

ညစ်ကျေးဟူက၊ မြူ မလိမ်းကျံ

ကျူမီးလျှံလည်း၊ နှိုင်းကြံမမျှ (ဥမ္မာဒန္တီပျို့ - မဟာမင်းလှမင်းခေါင်ကျော်)

ဒေါက်တာတင့်ဆွေ

Comments