Skip to main content

Garlic ဥတလုံး ကြက်သွန်ဖြူ

မိတ်ဆွေတယောက်က ကြက်သွန်ဖြူ အမွာကြီးသုံးမွာကို နေ့ခင်း တနေ့တကြိမ် ထမင်းစားတဲ့အခါ ရောစားဖို့ မှာပါတယ်ခင်ဗျ ကြက်သွန်ဖြူက ယောက်ျားလေးတေ (တွေ) အတွက်ကောင်းသလို သွေးလည်ပတ်မူလည်း ကောင်းပြီး သွေးခဲများကို ကြေနိုင်စေတဲ့လို့ ညွန်ပါတယ်ခင်ဗျ အစာကြေ လေကောင်းတယ်လို့ ညွန်ပါတယ်ခင်ဗျ အဒါနဲ့ ပက်သက်ပြီး ကျနော် သိချင်တာက ဘေးထွက်ဆိုးကျိုးနဲ့ ကောင်းကျိုး ပြီးတော့ စားသင့်မစားသင့် စားသင့်တဲ့အခါ ပမာဏ ပြီးတော့ အာနိသင်ပါ အဒါလေးကို ဖြေကြားပေးစေလိုပါတယ်။ 

လူတိုင်း နှစ်ပေါင်းများစွာ စားသောက်လာတဲ့အစားအစာတွေဟာ လူတွေနဲ့ သင့်တယ်လို့ ယေဘုယျ ပြောနိုင်တယ်။

Warfarin ခေါ် သွေးကျဲဆေးသောက်နေရသူတွေ vitamin K ဗီတာမင်ကေကို ပြောင်းလဲစေနိုင်လို့ အစိမ်းရင့်ရောင် အရွက်ဖါးဖါး ရှောင်ပါ။

Heart-Healthy DVT Diet နှလုံးရောဂါအတွက် ကောင်းစေနိုင်တဲ့ အစားအသောက်တွေ

1. Turmeric နနွင်း၊

2. Ginger ဂျင်း၊

3. Cayenne peppers ငရုတ်သီးစိမ်းတောင့်၊

4. Vitamin E ဗီတာမင်အီး၊

5. Garlic ကြက်သွန်ဖြူ၊

6. Cassia cinnamon သစ်ကြံပိုး၊

7. Ginkgo biloba

8. Grape seed extract စပျစ်စေ့၊

9. Dong quai

10. Feverfew

ကင်ဆာ နဲ့ အစားအစာ ဆက်စပ်တယ်လို့ ပြောသူတွေ မနည်းပါ။ အတိအကျတော့ ဆရာဝန်တွေကမပြောနိုင်ပါ။ ကင်ဆာကို ဖြစ်စေတဲ့ အကြောင်းတရားကိုလဲ အသေအခြာမသိရဘဲ (သီအိုရီ) ကသာ များနေသလို အတူတူပါဘဲ။

Flavonoids များတဲ့ အစာတွေထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်နီကလေး၊ ကြက်သွန်မြိတ်တွေ ပါတယ်။ ဒါတွေထဲမှာ ဗီတာမင် (စီ)၊ (ဆယ်လ်နီယမ်) နဲ့ (ဆာလ်ဖါ) ဓါတ်ပေါင်းတွေလဲ ပါတာမို့ အားလုံးပေါင်းကနေ ကင်ဆာဖြစ်မှာကို တားဆီးနိုင်တယ်လို့ အာဟာရ သုတေသနက ယူဆတယ်။

ကိုလာဂျင် ဘသာဝအတိုင်းထုတ်လုပ်ပေးတဲ့အစားအသောက်များ

၁။ ကြက်သွန်ဖြူ၊

၂။ ပဲပုတ်နဲ့ ပဲပုတ်လုပ်အစားအသောက်များ၊

၃။ ခရမ်းချဉ်သီး၊

၄။ အစိမ်းရင့်အသီးအရွက်များ၊

၅။ အိုမီဂါသရီးကြွယ်ဝတဲ့အစာများ၊ ကျူနာငါး၊ ဆောလ်မွန်ငါး နဲ့ မက်ရဲလ်ငါး

၆။ အနီရောင်အသီးများနဲ့ ဟင်းသီးဟင်းရွက်များ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ စားရင် Brushing and flossing ပါးစပ်ဆေး၊ သွားတိုက်တာတောင်မှ ခဏတာအနံ့ ဖုံးပေးတာလောက်သာတတ်နိုင်တယ်။ သွားတုတပ်တာနေရာမကျရင်၊ ရိစ် ခေါ် မှိုရောဂါရရင်၊ သွားပိုးစားရင်လည်း အနံ့မကောင်းတာ ဖြစ်စေနိုင်တယ်။ ပါးစပ်ခြောက်နေတာဖြစ်လို့လဲ ဖြစ်နိုင်သေးတယ်။

သွေးတိုးနဲ့ အစားအစာ

အစားမတော်တလုပ်ဆိုတာ ဒီနေရာမှာလဲမှန်တယ်။ DASH နည်းကို အမေရိကန်ဆရာဝန်တွေက ညွှန်းတယ်။ ဆန်-ဂျုံ-ပြောင်း-ပြောင်းဖူး-ဘာလီ-ရိုင်းစပါး-အုတ်စပါးစတဲ့ အနှံတွေကို ဖွေးဖြူသွားတဲ့အထိ မဖွပ်သေးဘဲစားသုံးတာ ပိုကောင်းတယ်။ ကြက်သား၊ ငါးနဲ့ အစေ့အဆံတွေကို အစားခိုင်းပြီး၊ အဆီ၊ အမဲသား-ဝက်သား-ဆိတ်သား၊ အချိုတွေနဲ့ သကြားပါသောက်စရာတွေကို လျှော့စေတယ်။ လူအများစားသုံးကြတဲ့ ကြံကထုတ်တဲ့ Sucrose သကြားမျိုးက သွေးတိုးစေတယ်။ ဖိုင်ဘာခေါ်တဲ့ အမျှဉ်ပါတဲ့အစာတွေကို ညွှန်းတယ်။ ဆားစားရင် သွေးတိုးများတယ်။ ဆားဆိုတာ ဆိုဒီယမ်ဖြစ်တယ်။ ဆားစားများတဲ့ လူမျိုးတွေမှာ သွေးတိုးပိုဖြစ်တယ်။ NIH ကနေသတ်မှတ်ပေးထားတဲ့ တနေ့တာ စားရမဲ့ ဆားပမာဏဟာ 2,400 mg ထက် မပိုသင့်ပါတဲ့။ အိမ်သုံးဆားမှာ ဆိုဒီယမ် ၄ဝ% ပါတယ်။ အကြမ်းဖျင်း ပါးစပ်ထဲဝင်သမျှ အစာ-အရည်တွေထဲမှာ တနေ့ကို ဆား လက်ဖက်ရည်ဇွန်း တဇွန်းစာသာ ပါပါစေ။ တနေ့ကို ဆား 1,500 mg သာ စားသူတွေမှာ အကျိုးရှိတာတွေ့ရတယ်။ အစာအာဟာရနည်းနဲ့ ကုသလို့ သွေးတိုးမဖြစ်၊ သွေးတိုးရှိနေရင်လဲ သက်သာတယ်။ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်၊ မုံလာပွင့်စိမ်း၊ မုံလာဥနီ၊ နနွင်း၊ စမုန်နက်၊ တောရုံး၊ ငရုတ်ကောင်း၊ ပင်စိမ်း၊ ဝယ်စားတဲ့အစာတွေထဲမှာ ဆားဘယ်လောက် ပါတယ်ဆိုတာ သတိထား ဆင်ခြင်-ရှောင်ကြဉ်ပါ၊ အသင့်ဝယ်ရတဲ့အစားအစာ၊ သွားရည်စာတွေရှောင်ပါ။ ချက်-ပြုတ်-ကြော်-လှာ်ပြီးသာ အစားထဲ ဆား ထပ်မထည့်ပါနဲ့။ အိန္ဒိယား၊ မီဇိုးနဲ့ ချင်းလူမျိုးတွေ ဆားပန်းကန် တည်တဲ့အလေ့ ရှိကြတယ်။ ဆိုးစေနိုင်တယ်။ ဗမာကြိုက် ငါးပိ-ငံပြာရည်-ငါးခြောက်-ပုဇွန်ခြောက်၊ တရုတ်လက်စွဲ ပဲငံပြာရည်၊ ဘာဘီကျူးဆော့စ် လျှော့ပါ။ အချဉ်တည်ထားတာ မစားပါနဲ့၊ ဆားသုံး-အခြောက်လှမ်းအစာ မတည့်ပါ။ ဟင်းချိုမှုံ့၊ အသားမှုံ့တွေမှာ MSG မှာ ဆိုဒီယမ်ပါလို့ မသင့်ပါ။

ကြက်သွန်ဖြူကိုမေးလို့ ကောင်းတာတွေရေးပါတယ်။ အဲတာတခုတည်းသာ ကောင်းတာ မဟုတ်ပါလို့တော့ သတိထားစေချင်တယ်။ လူတိုင်း နှစ်ပေါင်းများစွာ စားသောက်လာတဲ့အစားအစာတွေဟာ လူတွေနဲ့ သင့်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ