စားပြီးတာနဲ့ ထိုင်ပါသည်။
မေးတာတွေ အတော်လာလို့ တခုပြီးတခု ဖြေရသည်။
တင်ပြီးသားထဲက စာလုံးကျတာ လွဲတာတွေလည်း ၄ နေရာမှာ လိုက်ရှာပြင်ရသည်။
နေပူထဲမဟုတ်။ မိုးထဲရေထဲလည်း မဟုတ်။ အထမ်းအပိုးလည်း မပါ။ ၂ နာရီဆက်တိုက်လုပ်ရတော့ နည်းနည်းမောသွားပြီ။
ဂါဇာ၊ လိုင်ဇာ၊ ပဲခူးသတင်းတွေတော့ သိပါသည်။
အရေးပါတဲ့ မေးတာတွေကိုဖြေရတာ ဖြေရသူပါ အားရှိသည်။
တယောက်ကို ဘလော့ရသည်။ မြန်မာစာ စာတွေကြောင့် ဘလော့ရသူတွေ ခုတလောမှာ ပေါပါသည်။
ဘလော့စာရင်းတိုးသော်လည်း ပေ့ချ်မှာလည်း 77K likes နဲ့ 113K followers က မလျော့ပါ။
လောကသဘာဝအရ အနုတ်သဘောနဲ့ အပြုသဘော တွဲလာလေ့ရှိတာ လူတိုင်းမှာ။
အခုစာတိုလေး ရေးခြင်းသည် အနားယူခြင်းသဘောဖြစ်ပါသည်။ ခဏနေ နှစ်လည်စာတွေလာတော့မည်။ မအိပ်ချင်သေးရင်တော့ တင်သင့်တာ တင်ဦးမည်။
တီဗွီနဲ့ ဝဘ်ဆိုက်တွေက သတင်းတွေနည်းနည်းပါးပါး လေ့လာရပါဦးမည်။ ဖေ့စ်ဘွတ်ကသတင်းတွေကိုတော့ အားမကိုးပါ။
ဒေါက်တာတင့်ဆွေ
.png)
ဒေါက်တာတင့်ဆွေ ကျန်းမာအောင်နေနိုင်ပါစေ။ ဝမ်းသာအောင်နေနိုင်ပါစေ။
ReplyDelete