တို့အသံတွေက လှော်တက်သံနဲ့နော့
ကြာလေကြာလေ တောအုပ်ကမ်းစပ်နဲ့ ဝေးပြီပေါ့
တို့တတွေ စိန့်အန်ရဲ့ခွဲခွါခြင်း သီချင်းဆိုကြလော့
လှော်လေ ငါ့ညီတွေ လှော်လေ ရေးစီးမြန်လာပေါ့
လျင်မြန်ခြင်း နီးလာတော့ နေ့အလင်းနဲ့ ဝေးပြီပေါ့
တို့ရွက်တွေ ဘာလို့ဖွင့်ရမှာလည်းပေါ့
အပြာရောင်လှိုင်း အသက်ရှူသံမှ မရှိသေးတော့
ဒါပေမယ့် ကမ်းကနေ လေသာဝှေ့ရင်တော့
တို့လှော်ခပ်နေတာကို ချိုမြိန်စွာ နားမှာပေါ့
လေလာ လေပြေလာ လေလာ ရေစီးမြန်လို့လာပေါ့
လျင်မြန်ခြင်းနီးလာတော့ နေ့အလင်းနဲ့ ဝေးပြီပေါ့
အော်တာဝါလှိုင်းအလာ၊ လမင်းဟာ တုန်ခါနေပေါ့
သူတက်လာတော့ တို့ကို ပေါလောမျောနေတာ မြင်မှာပေါ့
အစိမ်းရောင်သူတော်စင်ကျွန်းမှာ တို့ဆုတောင်းကြမှာပေါ့
အို ကျွန်ုပ်တို့အား အေးမြတဲ့ကောင်းကင်နဲ့ ချိုမွှေးတဲ့လေအေး ပေးသနားပါလော့
လှော်လေ ငါ့ညီတွေ လှော်လေ ရေးစီးမြန်လာပေါ့
လျင်မြန်ခြင်းနီးလာတော့ နေ့အလင်းနဲ့ ဝေးပြီပေါ့။ ။
Dr. Norman Bethune ဒေါက်တာနော်မန်ဗက်သွန်း http://doctortintswe.blogspot.com/2015/05/dr-norman-bethune.html
A Canadian Boat Song ကနေဒါ လှေလှော်သီချင်း http://doctortintswe.blogspot.com/2015/12/a-canadian-boat-song.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment