Skip to main content

အလယ်တန်း မြန်မာသဒ္ဒါ

(ဦးဖေမောင်တင် စီရင်ရေးသားသည်)

ပဌမနှိပ်ခြင်း ၁၉၅၅ ခု၊ မေလ။ ဒသမနှိပ်ခြင်း ၁၉၆၃ ခု၊ ဒီဇင်ဘာလ။

ကြိယာဝိသေသနပုဒ်စု

ကြောင့်

မိုးကြောင့် စပါးပျက်၏။

မိုးကြီးသောကြောင့် စပါးပျက်၏။

သဖြင့်

မိုးကြီးသဖြင့် စပါးပျက်၏။

သည်နှင့်

မိုးကြီးသည်နှင့် စပါးပျက်၏။

ကျွန်တော်သည် ဆင်းရဲသားဖြစ်၍ တဲစုတ်၌ နေပါသည်။

ရကား

ကျောင်းသားသည် အဖြေကို မသိရကား ဆရာ့အား မေး၏။

ပြီးသော်

ကျွန်တော်သည် ထမင်းစားပြီးသော် ကစားသည်။

သောအခါ

ကျောင်းပိတ်သောအခါ ကျွန်တော်တို့သည် ရွာသို့ ပြန်ကြမည်။

ရာ

ကျွန်တော်သည် ကျောင်းသို့သွားရာ ဆရာနှင့်တွေ့သည်။

စဉ်

ကျွန်တော် စာဖတ်နေစဉ် မောင်မောင်ရောက်လာသည်။

သည်အခိုက်

မိုးရွာသည်အခိုက် ကျွန်တော်ထွက်လာသည်။

တိုင်း

သူလာတိုင်း ကျွန်တော်မရှိ။

သည်အတွင်း

ကျွန်တော်စာဖတ်နေသည်အတွင်း မောင်မောင်ရောက်လာသည်။

မ-မီ မ-ခင်

ဆရာ မလာမီ ကျွန်တော်ပြန်ခဲ့သည်။

ဆရာမလာခင် ကျွန်တော်ပြန်ခဲ့သည်။

မ-မခြင်း

ဆရာ မလာမခြင်း ကျွန်တော်မသွားဘူး။

ကျွန်တော်သည် ဤအိမ်သို့ ရောက်ကတည်းက မအိပ်နိုင်ပါ။

မောင်ဘသည် ကျောင်းသို့သွား၍ စာဖတ်သည်။

လျှင်-ခြင်း

မိုးရွာလျှင်ရွာခြင်း ကွန်တော်ပြန်လာသည်။

သည်အတိုင်း

ဆရာမှာလိုက်သည့်အတိုင်း ပြောပါ။

သည့်နည်းတူ

ဆရာလုပ်သည့်နည်းတူ တပည့် လုပ်ရာသည်။

သ့ြ့သို့

ကျွန်တော်သည် အသက်ကို ချစ်သကဲ့သို့ မိခင်ကို ချစ်ပါ။

သည်အလျောက်

ဤသူသည် ဘုန်းကံကြီးသည်။

သည်အလိုက်

ဦးဘသည် ဆရာဖြစ်သည်ပလိုက် တပည့်တို့ကို ဆုံးမသည်။

သည်အရ

ကျွန်ုပ် အမိန့်ပေးသည်အရ သင်တို့ပြုကြလော့။

သည်နှင့် လျော်ညီစွာ

ဆရာသွန်သင်သည်နှင့် လျော်ညီစွာ ကျွန်တော် ဆောင်ရွက်ပါမည်။

သလောက်

ကျွန်တော်သည် စွမ်းအားရှိသလောက် ဆောင်ရွက်ပါမည်။

သည်သာမက

သူသည် အိမ်သို့လာသည်သာမက အခန်းထဲသို့ ဝင်သည်။

သည့်အပြင် (သည့်ပြင်)

သူသည် ထမင်းစားသည့်အပြင် (သည့်ပြင်) နွားနို့ကိုလည်း သောက်သည်။

လျက်

မောင်မောင်သည် အပြေးကောင်းလျက် အနိုင်မရ။

လျက်နှင့်

သင့်ကို ငါခေါ်လျက်နှင့် သင်မလာ။

သေည်လည်း

သင်ခေါ်သော်လည်း ငါမလာ။

မ ဘဲလျက်

မောင်မောင်သည် မဆဲဘဲလျက် အရိုက်ခံရသည်။

လျှင်

လသာလျှင် ငါလာမည်။

မူ

သင်ပေးမူ ငါယူမည်။

က

ဆရာသင်က တပည့်တတ်၏။

မှ

မိဘကောင်းမှ သားသမီးကောင်း၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ