ပဌမနှိပ်ခြင်း ၁၉၅၅ ခု၊ မေလ။ ဒသမနှိပ်ခြင်း ၁၉၆၃ ခု၊ ဒီဇင်ဘာလ။
ကြိယာဝိသေသနပုဒ်စု
ကြောင့်
မိုးကြောင့် စပါးပျက်၏။
မိုးကြီးသောကြောင့် စပါးပျက်၏။
သဖြင့်
မိုးကြီးသဖြင့် စပါးပျက်၏။
သည်နှင့်
မိုးကြီးသည်နှင့် စပါးပျက်၏။
၍
ကျွန်တော်သည် ဆင်းရဲသားဖြစ်၍ တဲစုတ်၌ နေပါသည်။
ရကား
ကျောင်းသားသည် အဖြေကို မသိရကား ဆရာ့အား မေး၏။
ပြီးသော်
ကျွန်တော်သည် ထမင်းစားပြီးသော် ကစားသည်။
သောအခါ
ကျောင်းပိတ်သောအခါ ကျွန်တော်တို့သည် ရွာသို့ ပြန်ကြမည်။
ရာ
ကျွန်တော်သည် ကျောင်းသို့သွားရာ ဆရာနှင့်တွေ့သည်။
စဉ်
ကျွန်တော် စာဖတ်နေစဉ် မောင်မောင်ရောက်လာသည်။
သည်အခိုက်
မိုးရွာသည်အခိုက် ကျွန်တော်ထွက်လာသည်။
တိုင်း
သူလာတိုင်း ကျွန်တော်မရှိ။
သည်အတွင်း
ကျွန်တော်စာဖတ်နေသည်အတွင်း မောင်မောင်ရောက်လာသည်။
မ-မီ မ-ခင်
ဆရာ မလာမီ ကျွန်တော်ပြန်ခဲ့သည်။
ဆရာမလာခင် ကျွန်တော်ပြန်ခဲ့သည်။
မ-မခြင်း
ဆရာ မလာမခြင်း ကျွန်တော်မသွားဘူး။
ကျွန်တော်သည် ဤအိမ်သို့ ရောက်ကတည်းက မအိပ်နိုင်ပါ။
၍
မောင်ဘသည် ကျောင်းသို့သွား၍ စာဖတ်သည်။
လျှင်-ခြင်း
မိုးရွာလျှင်ရွာခြင်း ကွန်တော်ပြန်လာသည်။
သည်အတိုင်း
ဆရာမှာလိုက်သည့်အတိုင်း ပြောပါ။
သည့်နည်းတူ
ဆရာလုပ်သည့်နည်းတူ တပည့် လုပ်ရာသည်။
သ့ြ့သို့
ကျွန်တော်သည် အသက်ကို ချစ်သကဲ့သို့ မိခင်ကို ချစ်ပါ။
သည်အလျောက်
ဤသူသည် ဘုန်းကံကြီးသည်။
သည်အလိုက်
ဦးဘသည် ဆရာဖြစ်သည်ပလိုက် တပည့်တို့ကို ဆုံးမသည်။
သည်အရ
ကျွန်ုပ် အမိန့်ပေးသည်အရ သင်တို့ပြုကြလော့။
သည်နှင့် လျော်ညီစွာ
ဆရာသွန်သင်သည်နှင့် လျော်ညီစွာ ကျွန်တော် ဆောင်ရွက်ပါမည်။
သလောက်
ကျွန်တော်သည် စွမ်းအားရှိသလောက် ဆောင်ရွက်ပါမည်။
သည်သာမက
သူသည် အိမ်သို့လာသည်သာမက အခန်းထဲသို့ ဝင်သည်။
သည့်အပြင် (သည့်ပြင်)
သူသည် ထမင်းစားသည့်အပြင် (သည့်ပြင်) နွားနို့ကိုလည်း သောက်သည်။
လျက်
မောင်မောင်သည် အပြေးကောင်းလျက် အနိုင်မရ။
လျက်နှင့်
သင့်ကို ငါခေါ်လျက်နှင့် သင်မလာ။
သေည်လည်း
သင်ခေါ်သော်လည်း ငါမလာ။
မ ဘဲလျက်
မောင်မောင်သည် မဆဲဘဲလျက် အရိုက်ခံရသည်။
လျှင်
လသာလျှင် ငါလာမည်။
မူ
သင်ပေးမူ ငါယူမည်။
က
ဆရာသင်က တပည့်တတ်၏။
မှ
မိဘကောင်းမှ သားသမီးကောင်း၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment