Skip to main content

မြန်မာ့ရိုးရာ စကားထာများ

– နေ့ချွတ် ည၀တ်။
တံခါး မင်းတုပ်။
– မစိမ်းပေါ် ကိုဖြူတက်၊ မစိမ်း သွေးတွေထွက်။
ကွမ်းယာ။
– သူ့ကိုရိုက်တော့ ချာချာလည်၊ ကြိုးကိုဆွဲပြီး ငိုရှာတယ်။
ကြေးစည်။
– ကန်ထဲမှာရေ၊ ရေထဲမှာမြွေ၊ မြွေခေါင်းမှာရွှေ
မီးခွက်။
– အညာကဆင်ဖြူ၊ အမွှေးထူ။
ကြက်သွန်ဖြူ။
– ဖူးခနဲထောင်၊ ဖောင်ခနဲလဲ၊ ရဲရဲနဲ့ တွဲလွဲဆွဲ။
ငှက်ပြောဖူး။
– သူ့အပင်နွဲ့နှောင်း မတက်ကောင်း၊ စားကောင်းပါရဲ့ ဖူးတံနဲ့။
ပြောင်းဖူး။
– ပဝါခြုံ လုံပါပေ့၊ ဆံမြိတ်ချ လှပါပေ့၊ ကျောက်တန်းစီ ညီပါပေ့။
ပြောင်းဖူး။
- တံတိုင်းသုံးထပ် ကာရံပတ် ဘယ်နတ်ရေကန်နည်း = အုန်းသီး
– အသီးပေါ် အပင်ပေါက်၊ ခြေထောက်တချောင်းထောက်။
နာနတ်သီး။
– ခြုံကြားထဲက မင်းကုသ၊ ခေါင်းပေါင်းစနှင့်ထ။
– နာနတ်သီး။
– တနှစ်တခါ ပေါ်လို့လာ၊ ရာဇာမင်းလောင်း ထီးဖြူဆောင်း။
မှို။
– ဆုပ်လျှင် စူး၊ နမ်းလျှင် မူး၊ စားလျှင် ရူး။
ပဒိုင်းသီး။
– တို့နွားတကောင် ဘို့တထောင်။
ကြက်ဟင်းခါးသီး။
– တို့နွားတကောင် ဘို့တထောင် ခြေရာလည်းပျောက် ရေလဲနောက်။
ကြက်ဟင်းခါးသီး နှင့် ဆန်ဆေးရေ (ကြက်ဟင်းခါးသီးချက်လျှင် ဆန်ဆေးရေနှင့်ဆေးပါက အခါးသက်သာသည်ဟု ဆိုကြသည်။)
– သူ့ပင်စည်က မြွေပွေးပြောက်၊ သူ့အသီးက ပြည်တောင်းလောက်။
သင်္ဘောသီး။
– နွားမတရာ ရေဆင်းလာ၊ ခြေရာလည်းပျောက် ရေလည်းနောက်။
ဆန်ဆေးသည်။
– ဖတ်လတ် ဖတ်လတ် ၂ ဖတ်လတ်၊ တွဲလွဲ တွဲလွဲ ၂ တွဲလွဲ၊
ဒေါက်လောက် ဒေါက်လောက် ၄ ဒေါက်လောက်။
– ၂ ဖတ်လတ် 
နားရွက် ၂ခု၊
၂တွဲလွဲ 
နှာမောင်းနှင့်အမြီး။
- ၄ ဒေါက်လောက် = ခြေ ၄ ချောင်း။
ဆင်
– ပန်းဇော်တကို၊ နေ့ညမဆို၊ ဆင်စေလိုသည်၊ ဗဟိုရင့်ကျူး၊ နာရီမှူး။
– ကြက်ဖ (ဗဟိုစည်နှင့် နာရီပမာ အချိန်မှန်မှန် တွန်ကျူးတတ်သည်။)
– ဆယ့်ခြောက်ပြည်ထောင် ပိုင်စိုး၊ မင်းမျိုးငဲ့ရာဇာ ရှေးကုသိုလ် ကံမကောင်းတာကြောင့် ခေါင်း ခြေ လက် မပါ။
တင်းတောင်း (၁၆ ပြည်ဆံ့)
– သဒ္ဒါလည်း မတတ်၊ ပရမတ်လည်းမကျေ
- လူရှေ့မှာလည်းနေ၊ မှန်လျှင် မှန်စေ၊ မမှန်လျှင် လျှာထုတ်ပြသည်။
ချိန်ခွင်
– ခြေရှစ်ချောင်း၊ ခေါင်းဘယ်ညာ၊ အမြီး ခါးလယ်မှာ။
ချိန်ခွင်
– ခြေရှစ်ချောင်း၊ ခေါင်းဘယ်ညာ၊ အမြီး ခါးလယ်မှာ။
ချိန်ခွင်
– ရေလယ်ကောင်သောင်ထွန်း၊ နတ်သမီးနေတဲ့ကျွန်း
ကျောက်ပျဉ်
– ချောင်ငယ်ကောက်ကောက်၊ ရေလယ်နောက်နောက်။
– ကျောက်ပျဉ်။
– နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်သော်လည်- တပေါက်တည်း။
အပ်
– ငုပ်ချည်ပေါ်ချည်၊ သူ့ဖင်ကို ကြိုးနဲ့ချည်။
အပ် နှင့် ချည်။
– နတ်သမီး တံတွေးပေါက် ကြက် မကောက်နိုင်။
နေပြောက်
– နွားနို့ တပန်းကန် တပြည်လုံးလျှံ။
လ နှင့် လရောင်
– နတ်သမီးအိမ်တိုင် သူခိုးမတက်နိုင်။
ငှက်ပျောပင်
– နတ်သမီးသောက်ရေကန် တံတိုင်း သုံးထပ်ရံ။
အုန်းသီး။
– မဖွပ်ဘဲဖြူ၊ မခပ်ဘဲ ပြည့်။
အုန်းသီး
– မဖွပ်ဘဲဖြူသည့် နတ်ပုဆိုး၊ မခပ်ဘဲပြည့်သည့် နတ်ရေအိုး။
အုန်းသီး
– ဒိုက်ခုတ်တော့ အုတ်ပေါ်၊ အုတ်ခုတ်တော့ ကြွေပေါ်၊ ကြွေခုတ်တော့ ရေပေါ်၊ ဘာသီးလဲနော်။
– အုန်းသီး
- သွားတော့ ခွေခွေ၊ နေတော့ စင်းစင်း။
ခေါင်းခု။
– လေးထောင့်စပ်စပ်၊ သူ့မျက်နှာ ငါ့မှာကပ်။
မှန်
– အပင် နွဲ့နှောင်း၊ အသီးဖောင်းဖောင်း မစားကောင်း။
ဆံပင်နှင့် သန်းဥ။
– ငါ့နွားနက်နက် ချုံပေါ်တက်၊ ချက်ချက်သံမျှ မကြားရ
ဆံပင်နှင့်သန်း
– သူ့အပင်က တရုံကြီး၊ သူ့အသီးက တလုံးတည်း။
ဆံပင်နှင့် ဆံထုံး
– နှစ်ယောက်တတွဲ၊ နေ့မှာခွဲ၊ ညဘက်ကျလျှင် ပြန်ပေါင်းချင်။
တံခါးရွက်။
1. ကျိုးကျိုးကျည် မြည်လို့လာ၊ အိမ်ရောက်ခါမှ မေးထောက်ကာ။ (လှည်း)
2. ကျောက်စရစ်ခဲ စောင်ဖြူခြုံ = (ကျောက်စရစ်ခဲက မာ၊ စောင်ဖြူခြုံက လုံ) = မာလုံ = မုံလာ။
3. ကြည့်လေဝေးလေ၊ ဝေးလေကြည့်လေ။ (မျက်စိနှင့် နား)
4. ခုတ်လို့မပြတ် သတ်လို့မသေ။ (ရေ)
5. ခေါင်းကြီးလို့ လည်သိမ်၊ ဖင်ပိန်တဲ့ ယောက်ျား၊ မိုးပေါ်ပျံကာသွား၊ သိကြားလား နတ်လား။ (ပုစဉ်း)
6. ငမဲဖင် ငနီလျက်။ (အိုးနှင့် မီး)
7. ငယ်ခါ တဘက်ဝတ်၊ ကြီးခါ တဘက်ချွတ် = ထန်းပင်
8. ငယ်စဉ်က ရင်ခွင်ပိုက်၊ ကြီးစေလိုလို့ တုတ်နဲ့ရိုက်၊ မာစေလိုလို့ မီးနဲ့မြှိုက် = ရေအိုး
9. ငယ်စဉ်က ရင်ခွင်ပိုက်၊ ကြီးစေလိုလို့ တုတ်နဲ့ရိုက်၊ မာစေလိုလို့ မီးနဲ့မြှိုက်။ (အိုး)
10. ငါ့နွားတကောင် ဘို့တထောင် = ကြက်ဟင်းခါးသီး
11. စည်ကြီးတီး မျက်နှာမည်းကြီးငို သေသူရှင် ပုန်းသူပေါ်။ (မိုးဦကျကာလတွင် မိုးကြိုးပစ်၊ မိုးရွာ၊ မြက်ပေါက်၊ ဖားအော်)
12. စပယ်ဖူးစ ဆီးယောင်းမ = (စပယ်ဖူးက ငုံ၊ ဆီးယောင်းမက မွှေ) = ငုံမွှေ = ငွေမှုံ။
13. တံတိုင်းသုံးထပ် ကာရံပတ် ဘယ်နတ်ရေကန်တည်း = အုန်းသီး
14. တက်လေးစင်းနှင့် အပြင်းလှော်၊ မယ်တော်ရှင်မ ပေါင်းထဲက။ (လိပ်)
15. တဆယ့်ခြောက်ပြည် စိုးစံသည်၊ မင်းမျိုး မဟုတ်ပါ၊ ရှေးကုသိုလ်ကံမကောင်း၍ ခေါင်းခြေလက်မပါ = ၁၆ ပြည်ဝင် တင်းတောင်း။
16. တနှစ် တခါ ပေါ်လို့လာ၊ ငါသာမင်းလောင်း ထီးဖြူဆောင်း = မှို
17. နတ်သမီး တံတွေးပေါက် ကြက်မကောက်နိုင် = ထရံပေါက်မှ ကျရောက်သည့် နေပြောက်
18. နတ်သမီး တံတွေးပေါက် ကြက်မကောက်နိုင်။ (ထရံပေါက်မှကျရောက်လာသော နေပြောက် အကွက်)
19. နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်တော့လဲ တပေါက်တည်း။ (အပ်)
20. နတ်သမီးအိမ်တိုင် ပိုးမဖေါက်နိုင်၊ ဖောက်ပြန်သော်လည်း တပေါက်တည်း = အဝတ်ချုပ်အပ်
21. နွားနို့တမြူ၊ ပြည်လုံးဖြူ။ (လ)
22. မတီးဘဲမြည်။ (မိုးခြိမ်းသံ)
23. ရေပတ်လည်ဆောင် အလယ်ခေါင် သောင်ထွန်း မိန်းမလှကျွန်း = ကျောက်ပျဉ်။ (မှတ်ချက် - ပဥ္စမတန်း မြန်မာဖတ်စာထဲမှာ ရေလယ်ကောင် သောင်ထွန်း။ နတ်သမီးနေတဲ့ကျွန်းလို့ ရိုက်နှိပ်ထားပါတယ်။ ရေလယ်ခေါင်နဲ့ ရေလယ်ကောင် သတ်ပုံမတူတာ သတိပြုမိပါတယ်။ နတ်သမီးနဲ့ မိန်းမလှကတော့ အကြောင်းမဟုတ်ပါ။)
24. သံသာငှက်ကြီး ရင်ပတ်တီး၊ အမြီးခါးလယ်မှာ။ (လယ်ကွင်း)
25. သွားတော့ ကွေ့ကောက်၊ မြင့်ရာက နိမ့်ရာရောက်။ (မြစ်ချောင်း)
26. သွားတော့ ခွေခွေ၊ နေတော့ စင်းစင်း = ခေါင်းခုအဝတ်
27. သွားတော့ခွေခွေ နေတော့စင်းစင်း။ (ခေါင်းခု)
28. သားကရိုက်တော့ အမေငို၊ ဝမ်းဗိုက်တလုံး ခေါင်းတလုံး။ (မောင်း)
29. သူ့အပင်က တရုံကြီး၊ သူ့အသီးက တလုံးသီး။ (ဆံပင်နှင့် ဆံထုံး)
30. အစာကို နှစ်ယောက်ကမြင်၊ ငါးယောက်က ယူ၊ သုံးဆယ်က ဝါး၊ ကောင်းစားတော့ တယောက်တည်း။ (မျက်စိ၊ လက်ချောင်း၊ သွားနှင့် လျှာ)
31. အမြင်နီး ခရီးဝေး။ (တောင်)
32. အိမ်ရှိပေမယ့် လူမရှိ၊ လူရှိပေမယ့် အသံမကြားရ။ (သင်္ချ ိုင်း)
စကားထာ စကားပုံ စကားဝှက် စကားလိမ်
ဆရာ ခွေးလျှားသီး ဘိုင်စကယ်ကို စကားထာဆိုပြီး ကျွန်တော် တင်လိုက်မိတယ် တယောက်က စကားလိမ်လို့ ပြောပါတယ်။ နောက်တယောက်က စကားဝှက်လို့ ပြောပါတယ်။ ဘယ်ဟာကအမှန်လဲ မခွဲခြားတတ်တော့ဘူး။
စကားထာက တမျိုး။ စကားဝှက်က တမျိုး။ စကားပုံက တမျိုး။ ဘန်းစကားက တမျိုး။
ခွေးလှေးယားသီးက ယား၊ ဘိုင်စကယ်က စီး၊ ယားစီ = ရည်စားဆိုတာ စကားထားဝှက်တာ။
စကားထာနမူနာတွေ -
တနှစ်တခါ ပေါ်လို့လာ၊ ငါသာမင်းလောင်း ထီးဖြူဆောင်း = မှို
သွားတော့ ခွေခွေ၊ နေတော့ စင်းစင်း = ခေါင်းခုအဝတ်
စကားဝှက်ဆိုတာ လုံခြုံရေးအရ ဖတ်တဲ့သူတွေ မသိအောင်ရေးနည်းကိုခေါ်တယ်။ နည်းတွေအမျိုးမျိုး ထွင်သုံးကြရတယ်။ ဥပမာ စခန်း (၁) ကလူကို စာကလေး၊ (၂) ကလူကို စပယ်လို့ အစကတည်းက သတ်မှတ်ပေးထားတာမျိုး။
စကားပုံဥပမာတွေ -
အကျိုးဆော့ အကန်းမော့။ အချစ်ကြီးတော့ အမျက်ကြီး။
ဘန်းစကားဥပမာတွေ -
ကလီကမာလုပ်သည်။ ကလိန်စေ့ငြမ်းဆင်သည်။
မှန်စာ ခေါ် ကြေးမုံစာဆိုတာလည်းရှိတယ်။ 
ဘီးကြိုက် = ဗိုက်ကြီး။ (ကန်တော့)
ဖေ့စ်ဘွတ်မှာ ကင်ဆာပျောက်တယ်၊ ဘာပျောက်တယ်၊ ကိုဗစ်ကာကွယ်တယ်ဆိုတဲ့ တခါမှမကြားဘူးတဲ့ အသီးအစေ့တွေကို ဆေးနည်း ပေးကြတာက စကားလိမ်။ မုသား။ အမှား။ တချို့က လိမ်ချင်တယ်။ တချို့က အလိမ်ခံချင်တယ်။ အခုခေတ်ကတော့ သတ်ပုံလိမ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ