Skip to main content

တယ်

ဆရာ မြန်မာစာမှာ ဝါကျအဆုံးကို တယ် နဲ့ မဆုံးပါဘူး။ တယ် ဆိုတာ စကားမှာပဲသုံးတာ။ စာမှာ တယ် နဲ့မသုံးဘူး လို့ လိုင်းပေါ်မှာ အငြင်းအခုန်ဖြစ်နေတာတွေ့ရလို့ ဗဟုသုတရအောင် ပြန်ဖြေပေးစေလိုပါတယ်။

အစဉ်အလာစာရေးသားနည်းအရ ဝါကျအဆုံးမှာ သည်၊ ၏ နဲ့ အဆုံးသတ်တာများတယ်။ တကား၊ သတည်း၊ လတ္တံ့၊ ပါကြောင်း၊ ပါစေ၊ ပါသည်၊ ပေသည်၊ မည်၊ လေပြီစတာတွေလည်း အဆုံးမှာရေးကြတယ်။

ဟိုအရင်က စာကို စာရေးသလိုသာ ရေးခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ စကားပြောသလိုစာရေးနည်း ဖြစ်လာတယ်။ ဖြစ်စမှာ ဆွေးနွေးငြင်းခုန်ခဲ့ကြတယ်။ အဲဒီကာလကို မီလိုက်တယ်။ စိတ်ဝင်စားစရာကောင်းတယ်။ နောက်တော့ စကားပြောသလို စာရေးနည်းကို တွင်ကျယ်လာတယ်။

စကားပြောသလိုစာရေးနည်းမှာ ပိုကောင်းလာတွေရှိသလို သတ်ပုံပျက်လာတာတွေလည်းရှိတယ်။ ကြာလာတော့ အများလက်ခံတဲ့ စကားစာလုံးတွေပါ သတ်ပုံကျမ်းတချို့မှာ ထည့်သွင်းလာတယ်။ တယ် စာလုံးက တခုဖြစ်ပါတယ်။ အများကြီးရှိတယ်။ မနေ့ကတင်လိုက်တဲ့ ရယ် နဲ့ ရီ။

တယ်လို့ရေးတာကို အများလက်ခံလာရာကနေ ဒယ် လို့ရေးတာတွေ့လာတယ်။ မှားတယ်။ တရ် လို့လည်း တွေ့လာတယ်။ မှားတယ်။

တယ်

ကယ်တော်ပါလား

ခါတယ်

ချိုးတယ်

ချိုတယ်လူးနွား

တင့်တယ်သည်

တင့်တယ်လျောက်ပတ်

တယ်တိန်ညင်

တယ်ကြက်

တယ်လီဖုန်း

တယ်ကောင်းပါလား

ထမင်းအိုးတယ်

ပန်းပဲမောင်တင့်တယ်

တ​လိမ်​နှစ်​လိမ်သီချင်းမှာ တယ် ၂၆ လုံးပါတယ်။

တ​လိမ်​နှစ်​လိမ်​ ​ပွေလိမ်​ရှုပ်​တယ်​ လူညာကြီး​ပေါ့ကွယ်​

ပျိုပျိုခင်​ကို ချစ်​ပါပဲနဲ့ ကိုကိုချွဲ​တော့တယ်​

ချစ်​တာကို​လေ​ ပြောပြစမ်​းချင်​တယ် ​ခင်​့ယုံကွယ်​ ကျိန်​စာ​မောင်​ပြုပါမယ်​

ကြိုက်​တာကို​လေ​ ပြောပြစမ်​းချင်​တယ်​ ခင်​့ယုံကွယ်​ ကျိန်​စာ​မောင်​ပြုပါ့မယ်​

ချစ်​လို ့ရယ်​ သက်​ဆုံးပေါင်​းဖို ့ရွယ်​ ​မောင်ရဲ့ အသည်​းနှလုံးကို ခွဲပြချင်​တယ်​

အို လှသူဇာနွယ်​​ ချောလဲ​ ချော​ပေတယ်​ ချစ်​ချင်ဖွယ်​ ကိုကို​ရှောင်ရှား မရတယ်​

တ​လိမ်​နှစ်​လိမ်​ ပွေလိမ်​ရှုပ်​တယ်​ လူညာကြီး​ပေါ့ကွယ်​

ပျိုပျိုခင်​ကို ချစ်​ပါပဲနဲ့ ကိုကို ချွဲ​တော့တယ်​

လိမ်​တယ်​ညာတယ်​ လူညာကြီးရယ်​ ယုံ​အောင်​ဖြီးတတ်​တယ်​

​မောင်​ရယ်​​နောင်ကွယ်​ ပစ်​လို့သွားရင်​ ပျိုပျိုခက်​​တော့မယ်​

ချစ်​မယ်​ကြိုက်​မယ်​သက်​လယ်​ အတည်​​ပြောတာပါကွယ်​

ခက်​တယ်​ သက်​လယ်​ မျက်​ချယ်​ ဘယ်​သူများ ကြားက ဖျက်​တယ်

ပြောပါ ခင်လေးရယ်​ ခင်​မင်​တာ​တွေကွယ်​

မေတ္တာရစ်​ပတ်​ကာရယ်​ သစ္စာခက်​လတ်​ အသွယ်​သွယ်​

ကြင်​နာတာ​တွေကွယ် ​မေတ္တာရစ်​ပတ်​ ကာရယ်​

​သစ္စာခက်​လတ်​ အသွယ်​သွယ်​ ​ပြောပြခဲ့လို ယုံယုံကြည်​ကြည်​

ခ​ျစ်​​စေချင်​တယ်​ ခ​ျစ်​​စေချင်​တယ်​ ​မောင်​့ကိုချစ်​ရင်​​ ပြောပါလားကွယ်​

တ​လိမ်​နှစ်​လိမ်​ ​ပွေလိမ်​ရှုပ်​တယ်​ လူညာကြီး​ပေါ့ကွယ်​

ပျိုပျိုခင်​ကို ချစ်​ပါပဲနဲ့ ကိုကို ချွဲ​တော့တယ်​

လိမ်​တယ်​ညာတယ်​ လူညာကြီးရယ်​ ယုံ​အောင်​ဖြီးတတ်​တယ်​

​မောင်​ရယ်​​နောင်​ကွယ်​ ပစ်​လို့သွားရင်​ ပျိုပျိုခက်​​တော့မယ်​

မယုံနိုင်​ပါ​မောင်​ရယ်​ ခင်​့ကို​ပြော​တော့ကြင်​မယ်

​နောက်​ကွယ်​ကျ​တော့ ရှင်​လယ်

ခင်​ရယ်​ ယုံပါကွယ်​

တ​လိမ်​နှစ်​လိမ်​​ ပွေလိမ်​ရှုပ်​တယ်​ လူညာကြီး​ပေါ့ကွယ်​

ပျိုပျိုခင်​ကို ချစ်​ပါပဲနဲ့ ယုံအောင် ချွဲ​တော့တယ်​

လိမ်​တယ်​ညာတယ်​ လူညာကြီးရယ်​ ယုံ​အောင်​ဖြီးတတ်​တယ်​

​မောင်​ရယ်​​နောင်​ကွယ်​ ပစ်​လို့သွားရင်​ ပျိုပျိုခက်​​တော့မယ်​

မယုံနိုင်​ပါ​မောင်​ရယ်​ ခင်​့ကို​ပြော​တော့ကြင်​မယ်

နောက်​ကွယ်​ကျ​တော့ ရှင်​လယ်

ခင်​ရယ်​ ယုံပါကွယ်​

မယုံနိုင်​ပါ​မောင်​ရယ်​

ခင်​့ကို​ပြော​တော့ကြင်​မယ်

​နောက်​ကွယ်​ကျ​တော့ ရှင်​လယ်

ခင်​ရယ်​ ယုံပါကွယ်။   ။

တလိမ်နှစ်လိမ်ကို မှန်အောင်ရေးတဲ့သီချင်းလင့် မတွေ့တော့ပါ။ မြန်မာစာ ခေတ်ပျက်တည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ