- ၄ လ တကြိမ် ဗပာိုသွေးဘဏ်ကိုလှူပါတယ်။ ကုသိုလ်ယူခြင်းတမျိုး အများအကျိုး ဆောင်ရွက်ခြင်းလို့ ခံယူထားလို့ ပိတိဖြစ်ရပါတယ်။ လှူဒါန်းနိုင်အောင် ကျန်းမာလို့လည်း ဘုရားကိုကျေးဇူးတင်သလို ဝမ်းသာတယ်။ ကြုံတုန်း ဆရာ့ကိုဝင်ကြွားတာ။ (သူက ကျွန်တော့် တပည့်သူနာပြုဆရာမ ခရစ်ယန်ဘာသာဝင် ဖြစ်ပါတယ်။)
ဆရာ မြို့သာမှာ တိုက်နယ်ဆရာဝန်လုပ်ခဲ့တုံးကပေါ့။ ကိုယ်ခွဲပေးမယ့်လူနာကို ကိုယ့်သွေးဖေါက်လှူ သွင်းပေးရင်းနဲ့ ခွဲပေးခဲ့တာ အနည်းဆုံး ၃-၄ ယောက်ရှိမယ်။
- ဒီလိုကြားရတော့ လေးစားအားကျရပါတယ်ဆရာရေ။ ဇီဝကထက်မလျော့တဲ့ ကုသိုလ်ကံအကျိုးပေးကို မလွဲမသွေခံယူရဦးမှာပါပဲလို့ ယုံကြည်ပါတယ်။
ကနေ့နေ့လယ်စာစားနေရင်း တွေးနေတာတခုနဲ့ (ကွန်မင့်) နဲ့က တိုက်ဆိုင်နေတယ်။ တနေ့ကလည်း ဆုကြီးပန်လို့ ရေးတာလည်းဖတ်ရတယ်။ ကျွန်တော်က တတ်နိုင်တာတွေကို တတ်နိုင်သလောက်လုပ်ပါတယ်။ အခမဲ့ဆေးကုပေးတာ၊ မေးတာကိုဖြေတာ စသဖြင့်။ များပြားကြီးမားလှတယ်မဟုတ်ပါ။ ဆုကြီးပန်ဆိုတာမျိုး တခါမှစိတ်ကူးထဲမရှိပါ။
ဇီဝကလိုတော့ဖြစ်ချင်မိတယ်။ ဘုရားကိုဆေးကုပေးနိုင်တဲ့ ဇီဝကမျိုးမဟုတ်ပါ။ ကိုယ့်လူနာရဲ့ရောဂါဝေဒနာဟာ မပျောက်ကင်းနိုင်မှန်းသိတဲ့အခါမျိုးမှာ ဖြစ်ပေါ်လာတဲ့ဆန္ဒသာဖြစ်ပါတယ်။ ကုသပေးရသူတိုင်းရဲ့ ရောဂါဝေဒနာတွေကို ပျောက်ကင်းအောင်ကုသနိုင်စွမ်းရှိတဲ့ သမားတော်မျိုးသာဖြစ်ချင်တာပါ။ ပါရမီတွေ မရေမတွက်ဖြည့်ရမှာလည်းသိပါတယ်။ ကောင်းတာတခုခုလုပ်ပြီး ဘာဖြစ်ရပါလို၏လို့ ဆုတောင်းတဲ့အလေ့ကတော့ မရှိသလောက်ပါ။
- ပုလဲမြို့၊ ပါရမီရပ်က ဆရာ့အိမ်ဝင်း အနောက်တောင်ထောင့်မှာရှိတဲ့ သရက်ပင်ဗျ။
ဟုတ်။ ကျေးဇူး။
အမိမြန်မာပြည်မှာ ဇီဝကတွေ များစွာပေါ်ပေါက်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment