Skip to main content

Mango tree သာမညဖလ

ရာဇဂြိုဟ်မြို့အနားက ဆရာဇီဝကလှူဒါန်းထားတဲ့ သရက်ဥယျာဉ်မှာ မြတ်စွာဘုရားဟာ အဇာတသတ်မင်းကို သာမညဖလ သုတ္တန်ဒေသနာတော်ကို ဟောကြားတော်မူခဲ့ပါတယ်။

- ၄ လ တကြိမ် ဗပာိုသွေးဘဏ်ကိုလှူပါတယ်။ ကုသိုလ်ယူခြင်းတမျိုး အများအကျိုး ဆောင်ရွက်ခြင်းလို့ ခံယူထားလို့ ပိတိဖြစ်ရပါတယ်။ လှူဒါန်းနိုင်အောင် ကျန်းမာလို့လည်း ဘုရားကိုကျေးဇူးတင်သလို ဝမ်းသာတယ်။ ကြုံတုန်း ဆရာ့ကိုဝင်ကြွားတာ။ (သူက ကျွန်တော့် တပည့်သူနာပြုဆရာမ ခရစ်ယန်ဘာသာဝင် ဖြစ်ပါတယ်။)

ဆရာ မြို့သာမှာ တိုက်နယ်ဆရာဝန်လုပ်ခဲ့တုံးကပေါ့။ ကိုယ်ခွဲပေးမယ့်လူနာကို ကိုယ့်သွေးဖေါက်လှူ သွင်းပေးရင်းနဲ့ ခွဲပေးခဲ့တာ အနည်းဆုံး ၃-၄ ယောက်ရှိမယ်။

- ဒီလိုကြားရတော့ လေးစားအားကျရပါတယ်ဆရာရေ။ ဇီဝကထက်မလျော့တဲ့ ကုသိုလ်ကံအကျိုးပေးကို မလွဲမသွေခံယူရဦးမှာပါပဲလို့ ယုံကြည်ပါတယ်။

ကနေ့နေ့လယ်စာစားနေရင်း တွေးနေတာတခုနဲ့ (ကွန်မင့်) နဲ့က တိုက်ဆိုင်နေတယ်။ တနေ့ကလည်း ဆုကြီးပန်လို့ ရေးတာလည်းဖတ်ရတယ်။ ကျွန်တော်က တတ်နိုင်တာတွေကို တတ်နိုင်သလောက်လုပ်ပါတယ်။ အခမဲ့ဆေးကုပေးတာ၊ မေးတာကိုဖြေတာ စသဖြင့်။ များပြားကြီးမားလှတယ်မဟုတ်ပါ။ ဆုကြီးပန်ဆိုတာမျိုး တခါမှစိတ်ကူးထဲမရှိပါ။

ဇီဝကလိုတော့ဖြစ်ချင်မိတယ်။ ဘုရားကိုဆေးကုပေးနိုင်တဲ့ ဇီဝကမျိုးမဟုတ်ပါ။ ကိုယ့်လူနာရဲ့ရောဂါဝေဒနာဟာ မပျောက်ကင်းနိုင်မှန်းသိတဲ့အခါမျိုးမှာ ဖြစ်ပေါ်လာတဲ့ဆန္ဒသာဖြစ်ပါတယ်။ ကုသပေးရသူတိုင်းရဲ့ ရောဂါဝေဒနာတွေကို ပျောက်ကင်းအောင်ကုသနိုင်စွမ်းရှိတဲ့ သမားတော်မျိုးသာဖြစ်ချင်တာပါ။ ပါရမီတွေ မရေမတွက်ဖြည့်ရမှာလည်းသိပါတယ်။ ကောင်းတာတခုခုလုပ်ပြီး ဘာဖြစ်ရပါလို၏လို့ ဆုတောင်းတဲ့အလေ့ကတော့ မရှိသလောက်ပါ။

- ပုလဲမြို့၊ ပါရမီရပ်က ဆရာ့အိမ်ဝင်း အနောက်တောင်ထောင့်မှာရှိတဲ့ သရက်ပင်ဗျ။

ဟုတ်။ ကျေးဇူး။

အမိမြန်မာပြည်မှာ ဇီဝကတွေ များစွာပေါ်ပေါက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ