Skip to main content

Block လိုက Block နိုင်ပါသည်

ကွန်မင့်တခု = ဘလော့သည် မြန်မာစာမဟုတ်ပါ။ မြန်မာလို ဘလော့ဟု ရေးခြင်းအားဖြင့် Blog,Vlog,Block.. စသဖြင့် အမြင်မှားနိုင်ပါသည်။ ဆရာအနေဖြင့် မြန်မာဆန်ဆန် "ပိတ်ပင်တားဆီးပါမည်" ဟု သုံးမှသာ မှန်ပါလိမ့်မည်။

အဲဒီကွန်မင့်ကို သဘောကျနေသူက ၁၀ ယောက်ရှိပြီ။

ပိတ်ပင်တားဆီးပါမည်ဆိုရင် ကျွန်တော်က လမ်းပေါ်မှာ ကားယားကြီးလုပ်နေသလိုဖြစ်ပါတယ်။

ခေတ်သုံးစကားလုံးတွေ -

ဖေ့စ်ဘွတ်၊ ရှယ်၊ ပို့စ်၊ ကွန်မင့်၊ အင်တာနက်၊ ဝိုင်ဖိုင်၊ ကွန်ပြူတာ၊ အိုင်ဖုန်း၊ တက်ဘလက်၊ ဂိမ်း စသည်။ တချို့က အန်တဲ့၊ အက်တဲ့။ 

အိမ်သုံးစကားလုံးတွေ -

ရေဒီယို၊ တီဗွီ၊ ကား၊ ပန်ကာ၊ အေစီ၊ ဆိုဖာ စသည်။

ကျန်းမာရေးသုံးစကားလုံးတွေ -

ကိုဗစ်၊ အာထွာဆောင်း၊ ကင်ဆာ၊ ခီမိုသာရာပီ၊ စကန် စသည်။

စားစရာတွေ -

အာလူး၊ စမူဆာ၊ စထောဘယ်ရီ၊ ပူရီ၊ ကော်ဖီ စသည်။

အဲဒီစာလုံးတွေကို ဘိုလို ရေးရမှာလား။ ခေတ်ကလည်း ကင်ဆာမေးခွန်းတွေမှာ အင်္ဂလိပ်စာလုံးတွေ ဖောခြင်းသောခြင်း ရေးနေကြတာ။ တခါတခါဆရာဝန်တောင် လိုက်မမီ။ 

ဘန်ကောက်၊ ဒေလီ၊ စင်္ကာပူ၊ အမေရိကန်၊ အင်္ဂလန်၊ အာဖရိက၊ သြစတေးလျ၊ ဂျာမဏီ တွေကို ဘိုလိုရေးစေချင်တာလား။

အင်္ဂလိပ်ဆိုတဲ့စာလုံးကိုပါ အေဘီစီ နဲ့ ရေးချင်ပါသလား။

ကား = ဘီး သုံး၊ လေး၊ ဆယ်ဘီးပါသည့် စက်တပ်ထားသော လှည်းထက် မြန်သည့် ခေတ်မီယာဉ်တမျိုး။

မြန်မာလိုရေးလိုက်၊ အင်္ဂလိပ်စာလုံးလေးတွေထည့်ရေးလိုက်၊ ကပြားရေးလိုက် ရေးနေသူကို Block လိုက Block နိုင်ပါသည်။

Adopted Words မွေးစားစာလုံးများ https://burmese-spelling.blogspot.com/2023/01/adopted-words.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ