Skip to main content

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (သို့မဟုတ်) တချိန်က စင်ပြိုင်အစိုးရ မှတ်တမ်းများ

ကောက်နုတ်ချက်
၂၃-၇-၁၉၉၇။ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် NCGUB ၏ ဝန်ကြီးအဖွဲ့ စုံညီအစည်း အဝေးကျင်းပသည်။
၁၂-၇-၁၉၉၈။ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် NCGUB ၏ဝန်ကြီးအဖွဲ့ စုံညီအစည်း အဝေးကျင်းပသည်။
၁-၉-၁၉၉၈။ NLD က ဦးစီးခေါ်ယူမည့် ပြည်သူ့လွှတ်တော်အား ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ထောက် ခံကြောင်း ကြေညာချက် ထုတ်ပြန်သည်။
၃၀-၉-၁၉၉၈။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီအား ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက “လုပ်ပိုင်ခွင့် လွှဲအပ်စာ” အား ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လက်မှတ်ရေး ထိုးထုတ်ပြန်သည်။
၄-၄-၁၉၉၉။ ကြားဖြတ်အစိုးရတခုအတွက် လိုအပ်မည့် ဥပဒေများ ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည်။
၂၁-၇-၁၉၉၉။ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် NCGUB ဝန်ကြီးအဖွဲ့ဝင်များ၏ အစည်းအဝေး ကျင်းပသည်။ 
၂၃-၇-၁၉၉၉။ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်တွင် NCGUB ၏ ဝန် ကြီးအဖွဲ့ စုံညီအစည်းအဝေးကျင်းပသည်။
၉-၈-၂၀၀၀။ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်တွင် NCGUB ၏ မဟာ ဗျူဟာဆိုင်ရာ ဆွေးနွေးပွဲပြုလုပ် သည်။
၂-၁၀-၂၀၀၀။ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ ညီလာခံနှင့် NCGUB အား ပြင်ဆင်ဖွဲ့စည်းသည့် အစည်းအဝေးတို့ကို ကျင်းပသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၏ ဝန်ကြီးအဖွဲ့သစ် ပြန်လည်ရွေးချယ် တင်မြှောက် ဖွဲ့စည်းခြင်း
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအား ၁၉၉၀ပြည့်နှစ်၊ မေလ ၂၇ ရက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲ၌ ရွေးချယ်တင်မြှောက် ခံထားရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် DAB, NDF တို့ ၏ ထောက်ခံမှုဖြင့် မာနယ်ပလော၌ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရအား မာနယ်ပလော၌ ဖွဲ့စည်းခဲ့ပြီးနောက် လွတ်မြောက်နယ်မြေ၌ ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ပထမအကြိမ်ညီလာခံကြီးကို ဆွီဒင်နိုင်ငံ ဘုမ္မားစဗစ် (Bommersvik) ၌ ၁၉၉၅ခု၊ ဇူလိုင်လ ၁၆ ရက်မှ ၂၃ရက်အထိ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ပထမအကြိမ် ညီလာခံကို ကျင်းပရခြင်းမှာ ၁၉၉၅ခုနှစ်၊ဇူလိုင်လ ၁၀ ရက်နေ့တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာ ပြီးနောက် ပြောင်း လဲနေသော နိုင်ငံရေး အခြေအနေ အရပ်ရပ်ကို ဆွေးနွေး သုံးသပ် ကြရန်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုး သားညွန့်ပေါင်း အစိုးရကို ပြင်ဆင် အားဖြည့်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ဦးဆောင်ကြိုးပမ်းနေမှုအား ထိရောက်စွာ အားဖြည့်ပံ့ပိုးသွားနိုင်စေရန် အတွက်ဖြစ်သည်။
လွတ်မြောက်နယ်မြေနှင့် ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ပထမအကြိမ်ညီလာခံကို ဆွီဒင်နိုင်ငံ ဘုမ္မားစဗစ်တွင် ကျင်းပနိုင်ရေးအတွက် စတော့ဟုမ်းအခြေစိုက် အိုလော့ ပမ်းအပြည်ပြည် ဆိုင်ရာဌာန (Olaf Palm International Centre) နှင့် နော်ဝေး-ဘာမားကောင်စီ (Norwegian Burma Council) တို့ကအိမ်ရှင်အဖြစ် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ဘုမ္မားစဗစ်သည် ဆွီဒင်နိုင်ငံဆိုရှယ် ဒီမိုကရက်ပါတီ၏ လူငယ်သင်တန်း ကျောင်းနေရာဖြစ်သည်။ တောင် အာဖရိက လူဖြူ – လူမည်းပြဿနာ၊ အစ္စရေး- ပါလက်စတိုင်း ပြဿနာများကို အောင်မြင်စွာ ဆွေးနွေး အဖြေရှာနိုင်ခဲ့သည့် ဘူမိနက်သန်မှန်သော နေရာလည်းဖြစ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ညီလာခံသို့ တက်ရောက်ခဲ့ကြသည့် လွတ်မြောက်နယ်မြေနှင့် ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ လေ့လာသူများမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်။
တက်ရောက်သူများ –
၁။ ဦးဘိုလှတင့် ၂။ ဦးဘိုသောင်း။ ၃။ ဦးလှဦး ၄။ ခွန်မားကိုဘန်း ၅။ ဦးမောင်မောင်အေး ၆။ ဦးမောင်မောင်လတ် ၇။ ဒေါက်တာစန်းအောင် ၈။ ဒေါက်တာစိန်ဝင်း ၉။ ဦတယ်ဒီဘူးရီ ၁၀။ ဦးသိန်းဦး ၁၁။ ဒေါက်တာတင့်ဆွေ ၁၂။ ဦးထွန်းဦး ၁၃။ ဒေါက်တာဇလှယ်ထန်း။
မတက်ရောက်နိုင်သူများ –
၁။ ဦးဒင်နီရယ်အောင် ၂။ ဦးသာနိုး ၃။ ဦးသန်းစိန် ၄။ ဦးလျန်အုပ်
လေ့လာသူများ-
၁။ ဦးဝင်းခက် ၂။ ဦးတင်အောင် ၃။ ဦးနိုင်အောင် ၄။ ဦးလျန်မုန်း ၅။ ဦးမောင်မောင် ၆။ ဦးနွယ်အောင် ၇။ ဦးညွန့်အောင် ၈။ ဦးအောင်မြင့်ထွန်း ၉။ ဦးသောင်းထွန်း ၁၀။ ဦးဟန်ညောင်ရွှေ
ညီလာခံတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရက ကိုင်စွဲသွားရမည့် ဖွဲ့စည်းပုံစည်းမျဉ်း တရပ်ကို ဆွေးနွေး အတည်ပြုခဲ့ကြပြီး ရောက်ရှိနေသော နိုင်ငံရေး အခြေအနေ အရပ်ရပ် အပေါ်ဆွေးနွေးကာ ရှေ့လုပ်ငန်းစဉ်များကို တညီတညွတ်တည်း ချမှတ်နိုင်ခဲ့ကြသည်။
စစ်မှန်သည့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲဖြစ်မြောက်စေရန် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုကို ဤညီလာခံက ထောက်ခံလိုက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ဖြစ် သည့် မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အထောက်အကူဖြစ်စေမည့် လုပ်ငန်းစဉ်များကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးက အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တို့ကိုလည်း ဤညီလာခံက တိုက်တွန်းခဲ့သည်။
ဘုမ္မားစဗစ်၌ ကျင်းပသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၏ ညီလာခံတွင်မှ ၁၉၉၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၌ မာနယ်ပလောတွင် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံအမျိုး သားညွန့်ပေါင်း အစိုးရ၏ ဝန်ကြီးအဖွဲ့ဝင်များအားလုံး ၁၉၉၅ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် တရားဝင် နုတ်ထွက်ပေးခဲ့ကြသည်။ ထို့နောက် ၎င်းညီလာခံတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၏ ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ စိန်ဝင်းအား လျှို့ဝှက်မဲဖြင့် ကန့်ကွက်သူမရှိ တညီတညွတ်တည်း ပြန်လည်ရွေး ချယ်တင်မြှောက်ခဲ့ကြပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ၏ ဝန်ကြီးအဖွဲ့သစ်ကိုလည်း ပြန်လည် ဖွဲ့စည်းခဲ့သည်။
ဘုမ္မားစဗစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သော အစိုးရသစ်သည်လည်း ယခင်ဝန် ကြီးအဖွဲ့ဟောင်း၏ ရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုကို ပါတီစုံ ဒီကရေစီစနစ်ဖြင့် တည်ဆောက်သွားရန် ဟူသည့် အချက်ကို ထပ်မံအတည်ပြုခဲ့ကြသည်။
ဆွီဒင်နိုင်ငံ ဘုမ္မားစဗစ်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ညီလာခံက တညီတညွတ်တည်း ပြန်လည်ရွေးချယ် ဖွဲ့စည်းခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ၏ ဝန်ကြီးအဖွဲ့သစ် စာရင်းမှာ –
၁။ ဒေါက်တာစိန်ဝင်း၊ ဝန်ကြီးချုပ်၊ PND ၊ နိုင်ငံခြားရေးဝန်ကြီး၊ 
၂။ ဦးဘိုလှတင့်၊ ဘဏ္ဍာရေးဝန်ကြီး၊ NLD ၊ 
၃။ ခွန်တယ်ဒီဘူးရီ၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး (ထိုင်းနိုင်ငံ)၊ NLD ၊
၄။ ဦးမောင်မောင်အေး၊ ပြန်ကြားရေးဝန်ကြီး၊ NLD ၊
၅။ ခွန်မားကိုဘန်း၊ ဖက်ဒရယ်ရေးရာဝန်ကြီး၊ NLD ၊
၆။ ဦးသိန်းဦး၊ တရားရေးဝန်ကြီး၊ NLD ၊
၇။ ဒေါက်တာစန်းအောင်၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး၊ တသီးပုဂ္ဂလ၊ 
၈။ ဒေါက်တာတင့်ဆွေ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး (အိန္ဒ်ိယနိုင်ငံ) NLD ၊ 
၉။ ဒေါက်တာဇလှယ်ထန်း၊ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးဝန်ကြီး၊ CNLD ၊
၁၀။ ဦးသာနိုး၊ အလုပ်သမားဝန်ကြီး၊ ALD တို့ဖြစ်ကြပါသည်။
မာနယ်ပလော၌ ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့် ပေါင်းအစိုးရက ချမှတ်ခဲ့သည့် နိုင်ငံရေး ဦးတည်ချက် (၃)ရပ်ဖြစ်သည် –
၁။ စစ်အာဏာရှင်အုပ်စု (နဝတ)အမြန် ချုပ်ငြိမ်းရေး၊
၂။ စစ်မှန်သော အမျိုးသားညီလာခံကြီးတရပ် ခေါ်ယူရေး၊
၃။စစ်မှန်သော ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းရေးတို့ကို အစိုးရအဖွဲ့သစ် အနေဖြင့်လည်း ဆက်လက် ကိုင်စွဲကာ ၎င်းဦးတည်ချက်များ အကောင်အထည် ပေါ်လာရေးအတွက် မဆုတ်မနစ်ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ပေသည်။
(ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း ၁၀ နှစ်မြောက် အထိမ်းအမှတ်မှ ပြန်လည်ဖော်ပြသည်။)
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ