Skip to main content

ဥ သတ်ပုံ


၁။ ဆရာ ကျောင်းဆရာမပါ နောက်တခုသိချင်တာက ကျွန်မတို့ငယ်တုန်းက ဖားသည်ဥများကိုအုချပါသည်လို့သင်ရပြီး အခုသင်ရိုးစာအုပ်မှာကိုကဥဥလို့ဖြစ်နေတာကိုသိချင်လို့ပါ ဆရာမတွေတောင် လိုက်မမှီတော့တဲ့ခေတ် ဖြစ်နေသလားလို့ပါ အားချိန်ရှိမှဖြေပေးပါဆရာ

၂။ ဥသည်နဲ့ အုသည်မှာ အုသည်က အမှန်ပါလားဆရာ။

သတ်ပုံကျမ်းတွေမှာ အု မပါ။ ဥ သာပါတယ်။

၃။ မင်္ဂလာပါဆရာရှင် ဥ ဦ ဦး ဖတ်တဲ့အခါမှာ

ဥ အက္ခရာ အု

ဦ အက္ခရာ အူ

ဦး အက္ခရာ အူး အသံရှည်ဖတ်ရပါတယ်။ သို့မဟုတ်

ဥ အက္ခရာ အု

ဦ အက္ခရာ အု လုံးကြီးတင်ဆံခတ် အူ

ဦး အက္ခရာ အု လုံးကြီးတင်ဆံခတ်အူဝစ္စနှစ်လုံးပေါက်အူးဆိုပြီးဖတ်နေကြတာတွေ့ရပါတယ်ရှင်။ ဘယ်လိုဖတ်တာ အမှန်ဆိုတာရှင်းပြပေးစေချင်ပါတယ်ရှင်။

မြန်မာစာမှာ အက္ခရာအမည်ရတာ ၏၊ ၌၊ ၍ သုံးခုရှိတယ်လို့ဆိုပါတယ်။

ဣ၊ ဤ၊ ဧ၊ ၏၊ ၌၊ ၍၊ ဥ၊ ဦ၊ ဦး၊ သြ၊ သြော်တို့ကိုလည်း အက္ခရာတွေလို့ ပြောဆိုပါသေးယ်။

အဲတာ ကျွန်တော်သိသလောက်သာဖြစ်ပါတယ်။

၄။ ဥအု နဲ့ ဥဥ၊ ဥဥလို့ရေးတာက မှန်တယ်လို့ထင်တယ်။ ဆရာက ဗဟုသုတပိုများပါတယ်။

ကျွန်တော်လည်းမကြာခဏ မှားရေး လွဲရိုက်တတ်ပါတယ်။ ဆောရီး။ အုလို့ သတ်ပုံစာအုပ်တွေမှာ မတွေ့သေးပါ။ ဥဥလို့သာ ရေးရမလား မသိပါ။ ဥအုသည်လို့တော့ ရေးမိတယ်။ လူအမည်မှာတော့ မအု၊ အုအုလို့ရှိတယ်။

ကဝိဓဇသတ်ပုံကျမ်းမှာ အု မပါ။ ဥတလုံး တကောက်ကြွက်။

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) မှာ

အု = မြန်မာ သရ ၂၂ လုံးတို့တွင် အပါအဝင်ဖြစ်သော ၇ လုံးမြောက် သရ။

ဥ = မြန်မာသရ ၂၂ လုံးတွင် ပါဝင်သော သရတမျိုး။ အက္ခရာအုဟု ခေါ်သည်။ ဥ ကို နာမ်အဖြစ်သာ ဖေါ်ပြထားသည်။ ကြိယာအနေဖြင့် ဖေါ်ပြတာ မတွေ့ရပါ။

အု ကိုလည်း နာမ်အဖြစ်သာ ဖေါ်ပြထားတယ်။

ငှက်ဥ

ကြက်ဥ

မျိုးဥ

လိင်ဥ

သစ်ဥ

အက်ဥပဒေ

ဥရူတိုင် (အိမ်)

ဥကင်ဖွင့်

ဥကင်တော်ဖွင့်

ဥက္ကဌ

ဥချိုးငှက်

ဥတလုံး တကောင်ကြွက်

ဥတ္တရာယဉ်

ဥတုဇရုပ်

ဥတုရာသီ

ဥတဲ = တံခါး

ဥဒည်းတောင်

ဥဒဟို

ဥဒါန်း =ဥဒါန =ဝမ်းသာလှ၍ ကျူးရင့် မြွက်ဆိုသောစကား

ဥဒါန်းကျူး

ဥဒါန်းမကျေ

ဥဒါန်းမကြေ

ဥဒါဟရုဏ်

ဥဒါဟို = ထုတ်ချင်းခတ် = အဆက်မပြတ်

ဥပစာနည်း

ဥပဇ္ဈဥသျှစ်သီး

ဥပဇ္ဈာယ်ဆရာ

ဥပဒ်ဘေး

ဥပဓိရုပ်

ဥပပတ်နတ်

ဥပပါတ်

ဥပမာ ဥပမည်း

ဥပရာဇ်မင်း

ဥပါဒါန်

ဥပါဒိဏ်

ဥပါဒ်

ဥပါဒ်ဌီဘင်

ဥပါပျံ (ဥပ္ပာတ်ပျံ)

ဥပါဘီလူး

ဥပါယ်တံမျဉ်

ဥပါယ်တမျည်

ဥပါသကာ

ဥပုသ်သီတင်း

ဥပစ္ဆေဒကကံ

ဥပဒေ

ဥပဒေသ

ဥပမေယျဒဥပမယ်ဒဥပမည်

ဥကြက် = နိမိတ်ထူး

ဥသြငှက်

ဥဗျိုင်း

ဥဘုတ်ငှက်

ဥဘတောဗျည်း

ဥမင်လိုဏ်ခေါင်း

ဥမွန်းပင်

ဥယျာဉ်

ဥသဘနွား

ဥသျှစ်ပင်

ဥတေနမင်း

ဥဒေါင်းငှက်

ဥပေက္ခာ

ဥယျောဇဉ်စကား

ဥသျှောင်ကျင်

ဥဿဘယားကျောက်

ဥဿာပဲခူး

ဥနှဲပင်

ဝှေးဥ

မျိုးဥ

လိင်ဥ

ဝှေးဥ

သစ်ဥ

အက်ဥပဒေ

ဣ၊ ဤ၊ ဧ၊ ၏၊ ၌၊ ၍၊ ဥ၊ ဦ၊ ဦး၊ သြ၊ သြော်တို့ကိုလည်း အက္ခရာတွေလို့ ပြောဆိုပါသေးယ်။

ဥ - ဥက္ကဌ - ဥက္ကဋ္ဌ

ဥ အက္ခရာ အု

ဥကင်တော်ဖွင့်

ဥကင်ဖွင့်

ဥကြက် = နိမိတ်ထူး

ဥက္ကဋ္ဌ

ဥက္ကဌ = မြန်မာစာလုံး

ဥချိုးငှက်

ဥတလုံး တကောင်ကြွက်

ဥတုဇရုပ်

ဥတုရာသီ

ဥတေနမင်း

ဥတဲ = တံခါး

ဥတ္တရာယဉ်

ဥဒည်းတောင်

ဥဒဟို

ဥဒါန်း =ဥဒါန =ဝမ်းသာလှ၍ ကျူးရင့် မြွက်ဆိုသောစကား

ဥဒါန်းကျူး

ဥဒါန်းမကျေ

ဥဒါန်းမကြေ

ဥဒါဟရုဏ်

ဥဒါဟို = ထုတ်ချင်းခတ် = အဆက်မပြတ်

ဥဒေါင်းငှက်

ဥနှဲပင်

ဥပစာနည်း

ဥပစ္ဆေဒကကံ

ဥပဇ္ဈဥသျှစ်သီး

ဥပဇ္ဈာယ်ဆရာ

ဥပဒေ

ဥပဒေသ

ဥပဒ်ဘေး

ဥပဓိရုပ်

ဥပပတ်နတ်

ဥပပါတ်

ဥပမာ ဥပမည်း

ဥပမေယျဒဥပမယ်ဒဥပမည်

ဥပရာဇ်မင်း

ဥပါဒါန်

ဥပါဒိဏ်

ဥပါဒ်

ဥပါဒ်ဌီဘင်

ဥပါပျံ (ဥပ္ပာတ်ပျံ)

ဥပါဘီလူး

ဥပါယ်တံမျဉ်

ဥပါယ်တမျည်

ဥပါသကာ

ဥပုသ်သီတင်း

ဥပေက္ခာ

ဥဗျိုင်း

ဥဘတောဗျည်း

ဥဘုတ်ငှက်

ဥမင်လိုဏ်ခေါင်း

ဥမွန်းပင်

ဥယျာဉ်

ဥယျောဇဉ်စကား

ဥရူတိုင် (အိမ်)

ဥသဘနွား

ဥဿဘယားကျောက်

ဥသျှစ်ပင်

ဥသျှောင်ကျင်

ဥသြငှက်

ဥဿာပဲခူး

သခင်ဘသောင်းရဲ့ ပန်းသာမစာဥကို ပန်းသာမစာအုနဲ့ ပန်းသည်မစာဥလို့ ရေးကြတာတွေက မှားတယ်။

ပါဠိစာလုံးဖြစ်တယ်။ တက်ခြင်း။ အတက်ပြုခြင်း။ ပြဓာန်းခြင်း။ ကင်းခြင်း။ ဖြစ်သင့်ခြင်း။ သဘောရခြင်း။ စွမ်းနိုင်ခြင်း။ 

ပါဠိစာလုံးဖြစ်တယ်။ လွန်မြတ်သည်။ ထူးမြတ်သည်။ လွန်ကဲသည်။

ဥတလုံး တကောက်ကြွက် (ကဝိဓဇသတ်ပုံကျမ်း)

ကဝိဓဇသတ်ပုံကျမ်းမှာ အု မပါ။ ဥတလုံး တကောက်ကြွက်။

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) မှာ

အု = မြန်မာ သရ ၂၂ လုံးတို့တွင် အပါအဝင်ဖြစ်သော ၇ လုံးမြောက် သရ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...