Skip to main content

ပင်လုံစိတ်ဓာတ်မှသည် စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆီသို့


ဒီ အရေးပါတဲ့စာအုပ်ကို ခွန်မာရ်ကိုဘန်းက ရေးသားပြုစုပါတယ်။ အဲဒီရက်တွေမှာ ကျွန်တော်လည်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ သူနေထိုင်ရာနေအိမ်မှာ တည်းခိုနေစဉ်က ဖြစ်ပါတယ်။ 

စာအုပ်ပါ ဗမာ နဲ့ မြန်မာ စာမျက်နှာ ၂ ခုကို တင်ပြပါတယ်။ အကြောင်းအရာဟာ နိုင်ငံရေးအရ အရေးပါသလို စာအုပ်ထဲက မြန်မာစာကလည်း မြန်မာစာအတွက် သက်သေခံအထောက်အထားတခုလည်း ဖြစ်ပါတယ်။ 

- မြန်မာစာ စာလုံးပေါင်းသတ်ပုံတွေလည်း မှန်တယ်။

- စာအုပ်ကို ရေးသားပြုစုသူက တိုင်းရင်းသားလူမျိုးတမျိုး ဖြစ်ပါတယ်။ ကယန်းလူမျိုး။

- အကြောင်းအရာ အချက်အလက်တွေကလည်း စာရေးသူတဦးတည်းရဲ့ သဘောထား မဟုတ်ပါ။ 

- တိုင်းရင်းသားလူမျိုးစု တခုတည်းရဲ့သဘောထားလည်း မဟုတ်ပါ။ 

- နိုင်ငံရေးအဖွဲ့စည်းတခုတည်းရဲ့ သဘောထားလည်း မဟုတ်ပါ။

ခွန်မာရ်ကိုဘန်းဟာ NCGUB အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် အစအဆုံး တာဝန်ယူခဲ့သူဖြစ်ပါတယ်။ နအဖ ကနေစီစဉ်တဲ့ အမျိုးသားညီလာခံ အစပိုင်းမှာလည်း သဘာပတိတဦး ဖြစ်ပါသေးတယ်။ အမျိုးသားညီလာခံကနေ စွန့်ခွါပြီး မာနယ်ပလောကို ရောက်လာသူ ဖြစ်ပါတယ်။ 

အဲဒီကာလမှာ KNU ဗိုလ်ချုပ်မြ၊ KIA ဘရန်ဆိုင်း၊ NMSP နိုင်ရွှေကျင်၊ KNPP ဗိုလ်ချုပ်အောင်သန်းလေး အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေ သက်ရှိထင်ရှား ရှိကြပါသေးတယ်။ NDF, CRDB, ABSDF, NLD/LA, NCGUB စတဲ့ အဖွဲ့အစည်းပေါင်းများစွာလည်း မာနယ်ပလောမှာ အခြေစိုက်ကြပါတယ်။ နောက်ပိုင်းမှာ DAB နဲ့ NCUB တပ်ပေါင်းစုတွေလည်း ရှိလာတယ်။

- သမိုင်းအမှန်မသိရင် အလိမ်အညာခံရတတ်တယ်။ 

- သမိုင်းမှန်ကို အခြေမခံသူတွေနဲ့လည်း တိုင်းပြည်တည်ဆောက်လို့မရနိုင်။ ပြုပြင်လို့ မရသင့်။

- လက်နက်အားကိုးနဲ့လည်း မရသင့်ပါ။ 

- နိုင်ငံရေးအင်အားနဲ့ ပြည်သူလူထုအင်အား လိုအပ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ