Skip to main content

ပင်လုံစိတ်ဓာတ်မှသည် စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆီသို့


ဒီ အရေးပါတဲ့စာအုပ်ကို ခွန်မာရ်ကိုဘန်းက ရေးသားပြုစုပါတယ်။ အဲဒီရက်တွေမှာ ကျွန်တော်လည်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ သူနေထိုင်ရာနေအိမ်မှာ တည်းခိုနေစဉ်က ဖြစ်ပါတယ်။ 

စာအုပ်ပါ ဗမာ နဲ့ မြန်မာ စာမျက်နှာ ၂ ခုကို တင်ပြပါတယ်။ အကြောင်းအရာဟာ နိုင်ငံရေးအရ အရေးပါသလို စာအုပ်ထဲက မြန်မာစာကလည်း မြန်မာစာအတွက် သက်သေခံအထောက်အထားတခုလည်း ဖြစ်ပါတယ်။ 

- မြန်မာစာ စာလုံးပေါင်းသတ်ပုံတွေလည်း မှန်တယ်။

- စာအုပ်ကို ရေးသားပြုစုသူက တိုင်းရင်းသားလူမျိုးတမျိုး ဖြစ်ပါတယ်။ ကယန်းလူမျိုး။

- အကြောင်းအရာ အချက်အလက်တွေကလည်း စာရေးသူတဦးတည်းရဲ့ သဘောထား မဟုတ်ပါ။ 

- တိုင်းရင်းသားလူမျိုးစု တခုတည်းရဲ့သဘောထားလည်း မဟုတ်ပါ။ 

- နိုင်ငံရေးအဖွဲ့စည်းတခုတည်းရဲ့ သဘောထားလည်း မဟုတ်ပါ။

ခွန်မာရ်ကိုဘန်းဟာ NCGUB အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် အစအဆုံး တာဝန်ယူခဲ့သူဖြစ်ပါတယ်။ နအဖ ကနေစီစဉ်တဲ့ အမျိုးသားညီလာခံ အစပိုင်းမှာလည်း သဘာပတိတဦး ဖြစ်ပါသေးတယ်။ အမျိုးသားညီလာခံကနေ စွန့်ခွါပြီး မာနယ်ပလောကို ရောက်လာသူ ဖြစ်ပါတယ်။ 

အဲဒီကာလမှာ KNU ဗိုလ်ချုပ်မြ၊ KIA ဘရန်ဆိုင်း၊ NMSP နိုင်ရွှေကျင်၊ KNPP ဗိုလ်ချုပ်အောင်သန်းလေး အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေ သက်ရှိထင်ရှား ရှိကြပါသေးတယ်။ NDF, CRDB, ABSDF, NLD/LA, NCGUB စတဲ့ အဖွဲ့အစည်းပေါင်းများစွာလည်း မာနယ်ပလောမှာ အခြေစိုက်ကြပါတယ်။ နောက်ပိုင်းမှာ DAB နဲ့ NCUB တပ်ပေါင်းစုတွေလည်း ရှိလာတယ်။

- သမိုင်းအမှန်မသိရင် အလိမ်အညာခံရတတ်တယ်။ 

- သမိုင်းမှန်ကို အခြေမခံသူတွေနဲ့လည်း တိုင်းပြည်တည်ဆောက်လို့မရနိုင်။ ပြုပြင်လို့ မရသင့်။

- လက်နက်အားကိုးနဲ့လည်း မရသင့်ပါ။ 

- နိုင်ငံရေးအင်အားနဲ့ ပြည်သူလူထုအင်အား လိုအပ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ