Skip to main content

A Subject ဘာသာရပ်တခု

- ဆရာ ဗမာစကားကနေ မွေးစားထားတဲ့စကားတွေ စာအုပ်တအုပ်လောက်ထုတ်ဝေပါလား။ ဥပမာ အင်္ဂလိပ်စကား ပြင်သစ်စကား ပါဠိ သက္ကထ္ထတွေမှ -

- ကျွန်တော်က အဲလောက်ထိ မတတ်ပါ။

- အချိန်ပေးလုပ်ပေးစေချင်ပါသည်။

ကျွန်တော် ဆိုရှယ်မီဒီယာမှာ ဘာသာရပ် ၃ ခု ရေးပါတယ်။ နိုင်ငံရေး၊ ဆေးပညာနဲ့ သုတစာ။ သုတထဲမှာ မြန်မာစာနဲ့ သမိုင်း စတာလေးတွေပါတယ်။ မြန်မာစာထဲမှာ တဝမ်းပူစသတ်အကြောင်းကို လူသိများမယ် ထင်တယ်။ အဲဒါက အထင်သာဖြစ်ပါတယ်။ တ နဲ့ တစ် မဟုတ်တာက ပိုများတယ်။

ကျွန်တော် နယူးဒေလီမှာနေစဉ်က ၂ဝ၁ဝ၊ အောက်တိုဘာလထုတ် မြန်မာသစ် ရသစုံမဂ္ဂဇင်း၊ စာမျက်နှာ ၉၉ မှာ သာရဝေါစိုးကြည်ရေးသားတဲ့ အမျိုးသားပညာဝန်ဦးဖိုးကျားဆောင်းပါးမှာ ကျောင်းနာမည်ဟာ တိုင်တစ်ရာလို့ ဖတ်ရတော့ မျက်လုံးပြူးပါတယ်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၇၊ စာမျက်နှာ ၂၉၂-၂၉၃ မှာ မြန်မာစာပေလောက၌ ထင်ရှားသော ပုဂ္ဂိုလ်တဦး ဖြစ်သည်။ ပုသိမ်မြို့ တိုင်တရာ (စကောကရင်) ကျောင်းတွင် ဆက်လက် ပညာသင်ကြားလို့ပါတယ်။ 

၁၂-၁၂-၂ဝ၁၂ က အမြို့မြို့ အနယ်နယ်မှာ သံဃာတော်တွေက ထပ်ပြီးဆန္ဒပြကြတဲ့အခါ သမတရဲ့ လက်ပန်းတောင်း ကြေးနီမိုင်းအရေးအခင်းပြန်ကြားစာဆိုတာကို ဆရာတော်ကြီးတွေထံ လိုက်လံ ဆက်ကပ်ပါသတဲ့။ စာထဲမှာ ထိမ်းသိမ်းလို့ စာရိုက်ထားတယ်။ ထိန်းသိမ်းသာဖြစ်ရပါမယ်။ 

၁-၅-၂ဝ၁၄ နေ့ ဆေးရုံတခုက အပြာရောင် ဆိုင်းဘုတ်လေးတခု တွေ့လာတယ်။ အာထွာရာစောင်းစခန်းတဲ့။ အာလ်ထွာဆောင်းလို့ဖြစ်သင့်တာပါ။ အာထွာဆောင်းဆိုလဲရတာပါ။ 

၃-၅-၂ဝ၁၄ နေ့မှာ မော်ဒယ်မိန်းကလေးတယောက်ရင်ဘတ်ကိုလက်ဝါးနဲ့ဖိပြီး ပါးစပ်လေးဟနေတဲ့ ပုံအောက်မှာ ရှင်ထဲကို ထိသွားတာဘဲဟယ်ဆိုပြီးရေးထာ တွေ့ရပြန်ပါတယ်။

အဲလို အမှားတွေတွေ့ရာကနေ သတ်ပုံအကြောင်း ထောက်ပြဖြစ်လာတာ။ တတ်လို့၊ ဆရာလုပ်ချင်လို့၊ သင်ပြပေးချင်လို့ မဟုတ်ပါ။ အခုဆို ၁၂-၁၃ နှစ်ရှိပြီ။ စာလုံးပေါင်းသတ်ပုံ၊ အသံထွက်တွေ နမူနာ ထောင်ဂဏန်းရှိပြီ။ အမှားနမူနာလည်း သောင်းဂဏန်းရှိလောက်ပြီ။ ကြာလေ သိလေ။ အမှားတွေကို သိလေ။

စာရေးတာ အမှားဆုံးနေရာတွေက -

၁။ ကင်ဆာနေရာ၊

၂။ ရသနေရာနဲ့

၃။ မြန်မာစာနေရတွေမှာ ဖြစ်ပါတယ်။

တလောက ကျွန်တော်ပြောလိုတာကို အစီအစဉ်လုပ်ပေးမယ်လို့ ရုပ်သံအစီအစဉ် တခုက သဘောတူတယ်။ အစီအစဉ်မှာသုံးဘို့ ကျွန်တော့ ပတ်စပို့အရွယ် ဓါတ်ပုံရိုက်ပေးဘို့လည်း ကင်မရာကောင်းတဲ့သူကို ပြောထားပြီးပြီ။ 

အခုထိ မလုပ်ဖြစ်ပါ။ ကျွန်တော့ထက် တတ်သိသူတွေကသာ လုပ်သင့်တယ်လို့ ယူဆတယ်။ ကိုယ်တိုင်သာ လုပ်ရကောင်းမလားလည်း စဉ်းစားနေတယ်။ ဆောက်ဖြစ်မှ ကျောင်းဒကာ။ အုတ်ခဲနဲ့ သဲ စုနေဆဲ။ 

အစီအစဉ် မလုပ်ဖြစ်သေးလေ အမှားတွေ ပိုတွေ့လာလေ။ မှန်အောင် ပြင်လာတာတွေလည်း တခုစ နှစ်ခုစ တွေ့ပါတယ်။ ကွန်ဂရက်ကျူလေးရှင်း။

ဒိထက် လူပိုမအိုခင် ဓါတ်ပုံကို အရင်ရိုက်ထားရမလား မသိ။ အဲဒါက လွယ်တာကိုး။

ဒီစာတင်ပြတာ တနှစ်တိတိကြာပြီ။ ရုပ်သံအစီအစဉ် မလုပ်ဖြစ်လောက်ပါ။ လူကလည်း ပိုအိုလာပြီ။ မြင်ရကြည့်ရသူတွေကို အားနာရမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ