Skip to main content

ဒေသိယသုံး စာလုံးတွေ

ကွန်မင့်တခု = မွန်ပြည်နယ်ကလူတွေက မကတတ်ဖူးလို့မပြောကြဘူးဗျ။ ကမတတ်ဖူး လို့ပြောကြတာတွေ့ဘူးပါတယ်။ စကားအသုံးမတူတာထင်ပါတယ်။

ဒေသိယ ခေါ် ဒေသတခုမှာသာ သီးသန့်သုံးတဲ့စာလုံးတွေက သူ့ဒေသနဲ့သူ သင့်မှန်ပါတယ်။ ယောသူယောသားတွေကလည်း သူ့အသုံးစကားတွေရှိတယ်။ ရခိုင်မှာလည်း ရှိတယ်။ 

မြန်မာစာထဲမှာ မွန်စာလုံးတွေ အများကြီးပါနေတယ်။ 

လူတစုလောက်သာ သိနိုင်တာမျိုးကိုတော့ အများသုံးတဲ့နေရာမှာ အဆင်မပြေတတ်ပါ။ 

ဥပမာ -

‘ဦး’ ဆိုတာ မီဇိုးတွေက ‘ဒေါ်’။ ‘ဦးစန်းပွီး’ = ‘ဒေါ်စန်းပွီး’။ ‘ပူး’ ဆိုတော့ ‘ဦး’။ ‘ပူးအောင်’ = ‘ဦးအောင်’။

ဖေ့စ်ဘွတ်ဘာသာစကားတွေထဲမှာ အတော်အဆီအငေါ်မတည့်တာတွေ များတယ်။ 

'ညမ' တဲ့။ ညအချိန်မှာ အလုပ်ထွက်လုပ်ရသူလား။

'ပါပီ' ဆိုတာ ခွေးကလေး။

‘ကျမ’ ကို ‘ကျယ်မ’ တဲ့ အတော်အာကျယ်တဲ့ အမျိုးသမီး။ ‘ငါးစိမ်းသည်လား’ လို့ မတွေးဘဲ မနေနိုင်။

‘ပေးမစားဘူး’ ဆိုရင် ‘မိဘသဘောမတူလို့လား’ လို့ မတွေးဘဲ မနေနိုင်။

အသုံးလှတဲ့စကားလုံးလေးတွေကို တတိုင်းတပြည်လုံးက ယူသုံးတာလည်း ရှိတယ်။ ဥပမာ 'ကျေးဇူးကမ္ဘာ'။ 

ဒေါက်တာတင့်ဆွေ

Comments