Skip to main content

ဆိတ်ကွယ်ရာ

'ဆိတ်ကွယ်ရာ' ကို 'စိတ်ကွယ်ရာ' လို့ လာငြင်းနေသူတွေ မနည်းပါ။
ကိုးကွယ်ရာဘာသာမတူသူတွေအတွက်ကတော့ စာလုံးပေါင်းသတ်ပုံ သက်သေအဖြစ်သာ မှတ်ယူကြပါရန်။
အရဟံဂုဏ်တော်ထဲက ဆိတ်ကွယ်ရာ
ကွန်မင့်တခုရတယ်။ အရင်ကလည်း အလားတူထင်မှတ်ပြီး မေးကြတယ်။ ၁၄-၆-၂၀၁၇ နေ့က တ
ကြိမ်ရေးထားခဲ့ပါတယ်။
(စ) အဲ့လိုဆိုတော့ကာ ဆိတ်တခုယုတ်ကိုးဆယ်လို့ ပြောင်းရွတ်ရမှာလား စိတ်ဆိုတဲ့သဘောတရားက အတွင်းစိတ်ကိုဆိုလိုတာနော် မြက်ပင်စားတဲ့ဆိတ်ကိုပြောနေတာမဟုတ် အဘိဓမ္မာ စိတ်ပါ လူတွေရဲ့စိတ် သတ္တဝါတွေရဲ့စိတ် အဓိကစိတ်ဆိုတဲ့အရာဟာ ထိန်းချုပ်ရခက်ခဲ့တယ် လူမရှိသူမရှိအရပ်ဆိုရင် ပိုပြီးအပြစ်လုပ်ဖို့လွယ်တယ် မြတ်စွာဘုရားရှင်သည် အရဟံဂုဏ်တော်နဲ့အညီ စိတ်၏ကွယ်ရာမှာလဲ အကုသိုလ်ကိလေသာကင်းတော်မူတယ် ဆိုလိုရင်းအဓိပ္ပါယ်ကြည့်ပြီးရေးရတယ်။ (ဆုံး)
အရဟံ ဂုဏ်တော်
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရား။
အရဟံဂုဏ်တော် (၅) ချက်
၁။ အာရကတ္တာ - ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ - လူသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၃။ နတ္ထိ ရဟော ဧတဿာတိ - ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။
၄။ အရီနံ ဟတတ္တာပိ - ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၅။ အရာနံ ဟတတ္တာပိ - သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
ရဟော = ဆိတ်ကွယ်ရာအရပ်။ ဆိတ်ကွယ်ရာ၌။ မျက်ကွယ်၌။
စိတ်ကွယ်ရာဆိုတာ မရှိပါ။ မျက်ကွယ်ရာသာ ရှိတယ်။ စစ်သင်တန်းမှာ ကျည်ကွယ် မျက်ကွယ်လို့ရှိတယ်။ ပိန်းပိတ်အောင်မှောင်နေတဲ့အထဲမှာ ကိုယ်ပြုမူတာကို သူများတွေကမမြင်ဘူးလို့ ထင်မှတ်တတ်ကြတယ်။ အမှောင်ထဲမှာ မြင်နိုင်တဲ့သတ္တဝါတွေရှိတယ်။ နံရံတိုင်းမှာ မျက်လုံးတွေရှိတယ်။ နားတွေရှိတယ်။ နိုက်ဗစ်ရှင်ဂေါ်ဂယ်ဆိုတာ အမှောင်ထဲမှာ မြင်ရတဲ့ကိရိယာ။ 
ဆိတ်ကွယ်ရာ
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
၁။ လူသူကင်းလွတ်သောနေရာ။ အရဟောပက္ခဿစ၊ ဆိတ်ကွယ်ရာအရပ်၌ နေခြင်းကို အလိုမရှိသော ရဟန်းအားလည်းကောင်း။
၂။ သူတပါးတို့ မမြင်နိုင် မကြားနိုင်သော နေရာ။ ကျွန်ုပ် အမှန်အတိုင်းလျှောက်ပါမည်။ ဆိတ်ကွယ်ရာကိုသာ ပေးတော်မူပါ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ